ကိုယ္ေပ်ာက္သေဘၤာလုိ႕ေျပာရတာကေတာ့ ဒီသေဘၤာပင္လယ္ထဲခုတ္ေမာင္းေနတဲ့အခ်ိန္မွာ အေဝးကလွမ္းၾကည့္ရင္ သေဘၤာကုိမျမင္တဲ့အတြက္ပါပဲ။
အရွည္ ၁၀၆ မီတာရွိျပီး အေလးခ်ိန္အားျဖင့္ေတာ့ တန္ ၄၂၀၀ ရွိကာ ယူရုိသန္း ၂၀၀ အကုန္အက်ခံျပီး ဒီသေဘၤာကုိတည္ေဆာက္ခဲ့တာပါ။

သေဘၤာမွာတပ္ဆင္ထားတဲ့မွန္ေတြေၾကာင့္ မီတာထက္ ပိုေဝးတဲ့ေနရာကေနၾကည့္မယ္ဆုိရင္ ဒီသေဘၤာကုိျမင္ႏုိင္မွာမဟုတ္ပါဘူး။
သို႕ေပမယ္လည္း သေဘၤာေတြကုိေစာင့္ၾကည့္ေနတဲ့ ေရဒါစနစ္မွာေတာ့ ေပၚေနမွာျဖစ္ျပီး သေဘၤာကိုမျမင္ပဲေျပးဝင္လာတဲ့ ေလွအေသးစားေတြကုိလည္း သေဘၤာေပၚကေရဒါမွတစ္ဆင့္ၾကည့္ရွဳအခ်က္ေပးႏုိင္ပါတယ္။

လူေတြနဲ႕ အလြန္ေဝးတဲ့ေနရာမွာ သီးသန္႕ေနခ်င္တဲ့ ဘီလ်ံနာေတြအတြက္ အထူးထုတ္လုပ္လုိက္တဲ့ ဒီဇုိင္းပါပဲ။
သေဘၤာေပၚမွာ ရဟတ္ယာဥ္ကြင္း ၊ Spa ၊ ရုပ္ရွင္ရံုအေသးစား တစ္ခုပါရွိတဲ့အျပင္ ဧည့္သည္ ၁၄ ေယာက္နဲ႕ သေဘၤာသား ၂၉ ေယာက္ လုိက္ပါစီးနင္းေအာင္စီစဥ္ေပးထားပါတယ္။
ပင္လယ္ျပင္ထဲလည္း စီးနင္းလုိက္ပါသူေတြ သက္ေတာင့္သက္သာရွိေအာင္ တစ္နာရီေရမိုင္ ၁၉ မိုင္နဲ႕သာခုတ္ေမာင္းမွာျဖစ္ပါတယ္။

ဒီသေဘၤာဒီဇိုင္းကုိေတာ့ တစ္ႏွစ္အခ်ိန္ယူေရးဆြဲခဲ့ၾကတာျဖစ္ျပီး တည္ေဆာက္ဖုိ႕အတြက္ သံုးႏွစ္ခြဲအခ်ိန္ၾကာျမင့္ခဲ့တယ္လုိ႕ ဒီဇုိင္းနာ Pieter Van Geest ကေျပာၾကားခဲ့ပါတယ္။
“အခ်ိန္အၾကာဆံုးအပိုင္းကေတာ့ အလင္းျပန္ေစဖုိ႕အတြက္ မွန္ေတြကုိဘယ္လိုတည္ေဆာက္ရမလဲဆုိတာပါပဲ။
ျပီးေတာ့ သေဘၤာရဲ႕ဒီဇုိင္းကလည္း တမူထူးျခားလြန္းမေနပဲ သာမန္သေဘၤာေတြနဲ႕ သိပ္မကြဲျပားတဲ့ ဒီဇိုင္းမ်ိဳးျဖစ္သင့္တယ္။

ရြက္သေဘၤာတည္ေဆာက္ မွာတစ္ခါမွအသံုးမျပဳခဲ့ဖူးတဲ့ ဂ်ာမန္မွန္ထုတ္လုပ္ေရးတစ္ခုမွ အေရာင္ေျပာင္းလဲႏုိင္တဲ့မွန္ေတြကို ဖန္တီးေပးခဲ့တာပါ။
ဒီမွန္ေတြဟာတကယ္အေရးပါတဲ့အရာေတြပါ ။ ဒီသေဘၤာနဲ႕ မီတာ ၅၀ အကြာကုိ သင္ေရာက္ေနရင္ေတာင္ သေဘၤာရွိမွန္းသိႏုိင္မွာမဟုတ္ပါဘူး ။
တကယ္လုိ႕သင္က သေဘၤာေပၚမွာရွိေနခဲ့ရင္ေတာင္ မွန္ေတြက သေဘၤာပတ္ဝန္းက်င္က ပံုရိပ္ေတြကိုျပေနမွာျဖစ္တဲ့အတြက္ ေလေပၚပ်ံေနသလုိခံစားရပါလိမ့္မယ္” လုိ႕ေျပာျပသြားပါတယ္။

တကယ္လုိ႕သာဒီသေဘၤာဟာ ယူရိုသန္း ၂၀၀ နဲ႕ေရာင္းခ်မယ္ဆုိရင္ေတာ့ ကမၻာ့ထိပ္တန္း ေစ်းအၾကီးဆံုး ရြက္သေဘၤာ ၁၀ စင္း စာရင္းထဲကုိေရာက္လာေတာ့မွာပါ။
ဒီစာရင္းရဲ႕နံပတ္ ၁ ေနရာမွာေတာ့ မေလးရွားမွ လူခ်မ္းသာတစ္ဦးျဖစ္တဲ့ Robert Knok ပိုင္ဆုိင္တဲ့ ယူရိုသန္း ၄ ေထာင္တန္ History Supreme သေဘၤာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်ပျောက်သင်္ဘောလို့ပြောရတာကတော့ ဒီသင်္ဘောပင်လယ်ထဲခုတ်မောင်းနေတဲ့အချိန်မှာ အဝေးကလှမ်းကြည့်ရင် သင်္ဘောကိုမမြင်တဲ့အတွက်ပါပဲ။
အရှည် ၁၀၆ မီတာရှိပြီး အလေးချိန်အားဖြင့်တော့ တန် ၄၂၀၀ ရှိကာ ယူရိုသန်း ၂၀၀ အကုန်အကျခံပြီး ဒီသင်္ဘောကိုတည်ဆောက်ခဲ့တာပါ။

သင်္ဘောမှာတပ်ဆင်ထားတဲ့မှန်တွေကြောင့် မီတာထက် ပိုဝေးတဲ့နေရာကနေကြည့်မယ်ဆိုရင် ဒီသင်္ဘောကိုမြင်နိုင်မှာမဟုတ်ပါဘူး။
သို့ပေမယ်လည်း သင်္ဘောတွေကိုစောင့်ကြည့်နေတဲ့ ရေဒါစနစ်မှာတော့ ပေါ်နေမှာဖြစ်ပြီး သင်္ဘောကိုမမြင်ပဲပြေးဝင်လာတဲ့ လှေအသေးစားတွေကိုလည်း သင်္ဘောပေါ်ကရေဒါမှတစ်ဆင့်ကြည့်ရှုအချက်ပေးနိုင်ပါတယ်။

လူတွေနဲ့ အလွန်ဝေးတဲ့နေရာမှာ သီးသန့်နေချင်တဲ့ ဘီလျံနာတွေအတွက် အထူးထုတ်လုပ်လိုက်တဲ့ ဒီဇိုင်းပါပဲ။
သင်္ဘောပေါ်မှာ ရဟတ်ယာဉ်ကွင်း ၊ Spa ၊ ရုပ်ရှင်ရုံအသေးစား တစ်ခုပါရှိတဲ့အပြင် ဧည့်သည် ၁၄ ယောက်နဲ့ သင်္ဘောသား ၂၉ ယောက် လိုက်ပါစီးနင်းအောင်စီစဉ်ပေးထားပါတယ်။
ပင်လယ်ပြင်ထဲလည်း စီးနင်းလိုက်ပါသူတွေ သက်တောင့်သက်သာရှိအောင် တစ်နာရီရေမိုင် ၁၉ မိုင်နဲ့သာခုတ်မောင်းမှာဖြစ်ပါတယ်။

ဒီသင်္ဘောဒီဇိုင်းကိုတော့ တစ်နှစ်အချိန်ယူရေးဆွဲခဲ့ကြတာဖြစ်ပြီး တည်ဆောက်ဖို့အတွက် သုံးနှစ်ခွဲအချိန်ကြာမြင့်ခဲ့တယ်လို့ ဒီဇိုင်းနာ Pieter Van Geest ကပြောကြားခဲ့ပါတယ်။
“အချိန်အကြာဆုံးအပိုင်းကတော့ အလင်းပြန်စေဖို့အတွက် မှန်တွေကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာပါပဲ။
ပြီးတော့ သင်္ဘောရဲ့ဒီဇိုင်းကလည်း တမူထူးခြားလွန်းမနေပဲ သာမန်သင်္ဘောတွေနဲ့ သိပ်မကွဲပြားတဲ့ ဒီဇိုင်းမျိုးဖြစ်သင့်တယ်။

ရွက်သင်္ဘောတည်ဆောက် မှာတစ်ခါမှအသုံးမပြုခဲ့ဖူးတဲ့ ဂျာမန်မှန်ထုတ်လုပ်ရေးတစ်ခုမှ အရောင်ပြောင်းလဲနိုင်တဲ့မှန်တွေကို ဖန်တီးပေးခဲ့တာပါ။
ဒီမှန်တွေဟာတကယ်အရေးပါတဲ့အရာတွေပါ ။ ဒီသင်္ဘောနဲ့ မီတာ ၅၀ အကွာကို သင်ရောက်နေရင်တောင် သင်္ဘောရှိမှန်းသိနိုင်မှာမဟုတ်ပါဘူး ။
တကယ်လို့သင်က သင်္ဘောပေါ်မှာရှိနေခဲ့ရင်တောင် မှန်တွေက သင်္ဘောပတ်ဝန်းကျင်က ပုံရိပ်တွေကိုပြနေမှာဖြစ်တဲ့အတွက် လေပေါ်ပျံနေသလိုခံစားရပါလိမ့်မယ်” လို့ပြောပြသွားပါတယ်။

တကယ်လို့သာဒီသင်္ဘောဟာ ယူရိုသန်း ၂၀၀ နဲ့ရောင်းချမယ်ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်း ဈေးအကြီးဆုံး ရွက်သင်္ဘော ၁၀ စင်း စာရင်းထဲကိုရောက်လာတော့မှာပါ။
ဒီစာရင်းရဲ့နံပတ် ၁ နေရာမှာတော့ မလေးရှားမှ လူချမ်းသာတစ်ဦးဖြစ်တဲ့ Robert Knok ပိုင်ဆိုင်တဲ့ ယူရိုသန်း ၄ ထောင်တန် History Supreme သင်္ဘောပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top