ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ရွိ ေက်ာက္စိမ္းလုပ္ကြက္တစ္ခုေပၚသို႔ ႏြံကန္ေပါက္က်လာမႈေၾကာင့္ ေသဆုံး သြားရသည့္သူမ်ား၏ မိသားစုဝင္မ်ားကို ကုမၸဏီမွ တစ္ဦးလွ်င္ က်ပ္သိန္း ၃၀၀ ႏူန္းျဖင့္ေလ်ာ္ေၾကးေပးမည္ဟု သိရေၾကာင္း ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးတင့္စိုးက မဇၥ်ိမသို႔ေျပာသည္။

 “ ေသဆုံးသြားတဲ့သူေတြထဲက ျမန္မာသူရကုမၸဏီ ၂၈ ေယာက္၊ နဂါးကိုးေကာင္ကုမၸဏီ ကေတာ့ ၂၆ ေယာက္ ျမန္မာသူရကုမၸဏီကေတာ့ အလုပ္သမား တစ္ေယာက္ကို သိန္း ၃၀၀ ႏူန္းနဲ႔မေန႔ကအထိ ၁၂ ေယာက္ ရွင္း သြားၿပီးေတာ့ ယူသြားၾကၿပီဗ်”  ဟု ၎ကဆိုသည္။

အလားတူ နဂါးကိုးေကာင္ကုမၸဏီဘက္မွလည္း ျမန္မာသူရကုမၸဏီနည္းတူ ေလ်ာ္ေၾကးေပးမည္ဟု သိရထား ေသာ္လည္း တရားဝင္ေျပာဆိုထားျခင္းမ်ိဳးေတာ့ မရွိေသးေၾကာင္း ဦးတင့္စိုးကဆိုသည္။

 ဧၿပီလ ၂၃ ရက္နံနက္အေစာပိုင္း ၁၂နာရီ မိနစ္ ၂၀ က အဆိုပါအလုပ္လုပ္ကိုင္ေနသည့္ လုပ္ကြက္က်င္းအေပၚ သို႔ နံေဘးတြင္ရွိေသာ ၅ ဧကခန႔္ အက်ယ္ရွိႏြံကန္ထဲမွ ေရမ်ားႏွင့္ ႐ႊံမ်ား ေရာေနာေနသည့္ႏြံအရည္မ်ားက က်ေရာက္ကာ ဖုံးလႊမ္းမိခဲ့ျခင္းဟုလည္း သိရသည္။

ယင္းႏွစ္ျမႇဳပ္ခဲ့သည့္ေန႔မွစတင္ကာ အေလာင္းမ်ားကိုျပန္လည္ဆယ္ယူေနၿပီး ေပ်ာက္ဆုံးေနသူ  ၅၄ဦးအနက္ ၆ ဦးကို ျပန္လည္ေတြ႕ထားေၾကာင္း ျပန္ေတြ႕သူမ်ားထဲတြင္ ၃ ဦးမွာ ေသဆုံးလ်က္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ ဧၿပီ ၂၄ ရက္တြင္ထုတ္ျပန္ခဲ့သည္။

“ တကယ္တန္းပြင့္ပြင့္လင္းလင္းေျပာရရင္ မလြယ္ဘူးဗ်။ ေနာက္ထပ္ဆယ္တဲ့သူေတြအတြက္ပါ။ အသက္ အႏၲရာယ္ျဖစ္ႏိုင္စရာအမ်ားႀကီးရွိတယ္ “ ဟု ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးတင့္စိုးက ေျပာသည္။

ထို႔အျပင္ ေ႐ႊနဂါးကိုးေကာင္ကုမၸဏီမွ အသက္ ၂၁ ႏွစ္အ႐ြယ္ ေအာင္မိုး အပါအဝင္ ၂ ဦးကို ေနာက္ေက်ာ၊ ဝဲလက္ ပြန္းပဲ့ဒဏ္ရာ၊ ျမန္မာသူရကုမၸဏီမွ အသက္ ၁၉ ႏွစ္အ႐ြယ္ ေအာင္ကိုဦးကို ယာေပါင္က်ိဳးဒဏ္ရာႏွင့္ ျပန္လည္ေတြ႕ရွိခဲ့ၿပီး ဖားကန႔္ျပည္သူ႔ေဆး႐ုံမွ တဆင့္ ျမစ္ႀကီးနားေဆ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း၊ ေသဆုံးသူ ႐ုပ္ အေလာင္း ၃ ေလာင္းကိုလည္း ဖားကန႔္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္းျပည္ထဲေရးမွထုတ္ျပန္ခဲ့သည္။

 ႏြံကန္ေပါက္က်မႈေၾကာင့္ ေပ်ာက္ဆုံးေနသူ ၅၄ ဦးအျပင္ ေျမသယ္ယာဥ္ ၁၅ စီး၊ ဘတ္ဟိုး ၁၉ စီး၊ ေက်ာက္ ေဖာက္စက္ ၅ စီး နစ္ျမႇဳပ္ေပ်ာက္ဆုံးေနျခင္းျဖစ္ၿပီး လက္ရွိတြင္ ေျမသယ္ယာဥ္ ၁ စီးကိုလည္း ျပန္လည္ေတြ႕ရွိ ထားေၾကာင္းလည္းသိရသည္။

 ေသဆုံးလ်က္ေတြ႕ရွိခဲ့သည့္ ဦးငြာန္ဇာကမ္ပါ အမ်ိဳးသား ၃ ဦးေသဆုံးမႈကိုလည္း  ဖားကန႔္ၿမိဳ႕မရဲစခန္းတြင္ ေသမႈ ေသခင္းအမွတ္စဥ္(၁ဝ/၂၀၁၉)ျဖင့္ ေရးဖြင့္စစ္ေဆးလ်က္ရွိေၾကာင္းျပည္ထဲေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုပေါ်သို့ နွံကန်ပေါက်ကျလာမှုကြောင့် သေဆုံး သွားရသည့်သူများ၏ မိသားစုဝင်များကို ကုမ္ပဏီမှ တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ နူန်းဖြင့်လျော်ကြေးပေးမည်ဟု သိရကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက မဇ္ဈိမသို့ပြောသည်။

 “ သေဆုံးသွားတဲ့သူတွေထဲက မြန်မာသူရကုမ္ပဏီ ၂၈ ယောက်၊ နဂါးကိုးကောင်ကုမ္ပဏီ ကတော့ ၂၆ ယောက် မြန်မာသူရကုမ္ပဏီကတော့ အလုပ်သမား တစ်ယောက်ကို သိန်း ၃၀၀ နူန်းနဲ့မနေ့ကအထိ ၁၂ ယောက် ရှင်း သွားပြီးတော့ ယူသွားကြပြီဗျ”  ဟု ၎င်းကဆိုသည်။

အလားတူ နဂါးကိုးကောင်ကုမ္ပဏီဘက်မှလည်း မြန်မာသူရကုမ္ပဏီနည်းတူ လျော်ကြေးပေးမည်ဟု သိရထား သော်လည်း တရားဝင်ပြောဆိုထားခြင်းမျိုးတော့ မရှိသေးကြောင်း ဦးတင့်စိုးကဆိုသည်။

 ဧပြီလ ၂၃ ရက်နံနက်အစောပိုင်း ၁၂နာရီ မိနစ် ၂၀ က အဆိုပါအလုပ်လုပ်ကိုင်နေသည့် လုပ်ကွက်ကျင်းအပေါ် သို့ နံဘေးတွင်ရှိသော ၅ ဧကခန့် အကျယ်ရှိနွံကန်ထဲမှ ရေများနှင့် ရွှံများ ရောနောနေသည့်နွံအရည်များက ကျရောက်ကာ ဖုံးလွှမ်းမိခဲ့ခြင်းဟုလည်း သိရသည်။

ယင်းနှစ်မြှုပ်ခဲ့သည့်နေ့မှစတင်ကာ အလောင်းများကိုပြန်လည်ဆယ်ယူနေပြီး ပျောက်ဆုံးနေသူ  ၅၄ဦးအနက် ၆ ဦးကို ပြန်လည်တွေ့ထားကြောင်း ပြန်တွေ့သူများထဲတွင် ၃ ဦးမှာ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီ ၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

“ တကယ်တန်းပွင့်ပွင့်လင်းလင်းပြောရရင် မလွယ်ဘူးဗျ။ နောက်ထပ်ဆယ်တဲ့သူတွေအတွက်ပါ။ အသက် အန္တရာယ်ဖြစ်နိုင်စရာအများကြီးရှိတယ် “ ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ပြောသည်။

ထို့အပြင် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ အသက် ၂၁ နှစ်အရွယ် အောင်မိုး အပါအဝင် ၂ ဦးကို နောက်ကျော၊ ဝဲလက် ပွန်းပဲ့ဒဏ်ရာ၊ မြန်မာသူရကုမ္ပဏီမှ အသက် ၁၉ နှစ်အရွယ် အောင်ကိုဦးကို ယာပေါင်ကျိုးဒဏ်ရာနှင့် ပြန်လည်တွေ့ရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံမှ တဆင့် မြစ်ကြီးနားဆေရုံသို့ ပို့ဆောင်ထားကြောင်း၊ သေဆုံးသူ ရုပ် အလောင်း ၃ လောင်းကိုလည်း ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းပြည်ထဲရေးမှထုတ်ပြန်ခဲ့သည်။

 နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးနေသူ ၅၄ ဦးအပြင် မြေသယ်ယာဉ် ၁၅ စီး၊ ဘတ်ဟိုး ၁၉ စီး၊ ကျောက် ဖောက်စက် ၅ စီး နစ်မြှုပ်ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်ရှိတွင် မြေသယ်ယာဉ် ၁ စီးကိုလည်း ပြန်လည်တွေ့ရှိ ထားကြောင်းလည်းသိရသည်။

 သေဆုံးလျက်တွေ့ရှိခဲ့သည့် ဦးငွာန်ဇာကမ်ပါ အမျိုးသား ၃ ဦးသေဆုံးမှုကိုလည်း  ဖားကန့်မြို့မရဲစခန်းတွင် သေမှု သေခင်းအမှတ်စဉ်(၁ဝ/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top