Credit:ထွဋ်ခေါင်
#Unicode Version# ဖြင့်ဖတ်ပါ ။
“အူး အူး ဝူး အူ ဝူး ဆွဲဆွဲငင်ငင်ထိုးအူးလိုက်သော ခွေးအူး သံတို့ကား တိတ်ဆိတ်ညိမ်သက်နေ သောညအား လူပ်နိုးလိုက်သလိုပင် “
မနွယ်တစ်ယောက်အအိပ်ဆတ် သူပြီပြီ ခွေးဟောင်သံနှင့်အတူဖြတ်ခနဲ နိူးလာသည် ” ခွေးတွေဘာလို့များဒီ လောက် ဟောင်နေရသလဲတွေးမိလိုက် ပြီးကျောချမ်းသွားသည်။ ထိုနောက် ဘေဘီစောင်းကြည့်မိလိုက်သည်။ ဘေးခုတင် တစ်လုံးတွင်သူမအား ည အိပ်ညနေ လာစောင့်ပေးသော “မနုနု ကြည်နှင့်တူဖြစ်သူသန်းထိုက်မှာတခေါ ခေါဟောက်သံပေး၍ အိပ်မောကြလျှက် တွေ့လိုက်ရသည်။
“ဒီတူဝရီးနှစ်ယောက် အရေးအ ကြောင်းဆိုတော်တော် အားကိုးရမှာဘဲ ဟုတွေးလိုက်မိပြီ မနွယ်ပြုံးလိုက်မိသည်။ “မနွယ်ရောက်ရှိ့နေတာက မန္တ လေးမြို့မြောက်ဘက်ရှိ ဆေးရုံကြီးတစ်ရုံ၌ဖြစ်ပေသည်။ မနွယ်တစ်ယောက်ဝမ်းဗိုက်ထဲ သွေးလုံး လိုလို အလုံးတွေ့ရ၍ လာရောက်ခွဲ စိတ်ကုသခြင်းပင်ဖြစ်တော့သည်။”
အချိန်ကားညနာရီပြန် ၂ ချက် ခွေးအူသံကြောင့်လန့်နိူးသွားသော မနွယ်မှာ ပြန်အိပ်မရတော့ မျက်စိ ကြောင်နေမိသည်။ ထိုညသည်ဆေးရုံ စတတ်သည် ပထမဆုံးညလဲဖြစ်ပေ သည်။ မနွယ်နေသောအခန်းမှာ (B5) ဖြစ်ပြီး အခန်းကျယ်ဝန်းချင်း နှင့်အတူ ရေချိုးခန်းနှင့်အိမ်သာ တွဲလျှက်ပါရှိ့ ခြင်းကြောင့် မနွယ်သဘောကြမိသည်။
“မနွယ်တစ်ယောက်ပြန်အိပ်မရ သည်နှင့် မေတ္တာသုတ်နှင့်ပဌာန်းဒေသနာကို ခပ်တိုးတိုးရွတ်ဆိုနေလိုက် သည်။ ထိုနောက်အပေါ့အပါးသွား လိုသဖြင့်လှဲနေရာမှထကာ ရေအိမ်ရှိ့ ရာသို့လျှောက်လာလေသည်။ ရေအိမ် ထဲဝင်နေစဉ် တွင်တစ်ဖတ်ရေးချိုးခန်း အတွင်းမှ ရေလောင်းသံနှင့်အတူငို ညည်းသံများကြားလိုက်ရ၍ အထိတ် တလန့်ထွက်လာကာ တစ်ဖတ်ရေချိုး ခန်းကို အကဲခတ်ကြည့်လိုက်သည်။”
ရေချိုးခန်းတံခါးမှဟနေ၍အ တွင်းသို့အတိုင်းသားမြင်နေရသည် မည်သူမှရှိ့မနေချေ။ သိုသော်လဲရေ ချိုးခနါးအတွင်းမှ တပ်ဆင်ထားသော မီးလုံးမှာ မှိတ်ချည်ပွင့်ချည်ပွင့်နေ၍ မီးမှိန်သွားသည်နှင့်ရေချိုးခန်းအတွင်း မှ လူရိပ်သဏ္ဌန်ကို ရိပ်ခနဲတွေ့လိုက် ရသောအခါ”
ဟဲ့ မိနွယ်အပေါ့အပါးသွား ချင်ရင်နိုးလိုက်ရော့ပေါ့။ မနွယ်ခုတင် ရှိ့ရာပြန်လာချိန်တွင် မနုနုကြည်တစ်ယောက် တစ်ရေး နိုးလာ၍ပြောလိုက် ချင်းပင်ဖြစ်သည်။ မနုနုကိုနိုးရမာအားနာလို့ပါ…ပြီးတော့နွယ်ကမကြောက် တတ်ဘူးလေ ” မနုနုရဲ့ ဟုတ်ပါပြီ မိနွယ်ရယ် ကဲ ပြန်အိပ်တော့ မနက် ခွဲစိတ်ရမှာ မဟုတ်လား…အားမွေးထား ပေါ့။ ကဲ ကဲပြန်အိပ်ချေ။
“မနွယ်မှာတွေ့ကြုံပုံအား” မနုနု ကိုပြန်ပြောပြချင်သော်လည်း ကြောက် နေမည်စိုးသောကြောင့် ရေငုံနူတ်ပိတ် နေလိုက် လေသည်။ သိပ်မကြာမီ မနုနု ထံမှ ဟောက်သံကြားလိုက်ရ၍ ပြန် လည်အိပ်ပျော်သွားပြီ ဖြစ်သည်။ ” မနွယ်မှာ အိပ်မရ သဖြင့်မေတ္တာ ပို့အမျှဝေရင်း မဟာသမရသုတ်တော် ကိုခပ်တိုးတိုးရွတ်စေနေမိသည်။ မနက်ခွဲစိတ်ကုသရမှာ ဖြစ်တာ ကြောင့် လဲ စိုးရိမ်နေမိသည်။
ထိုသို့ရွတ်ဆိုရင်း အိပ်ပျော်သွားသည့်တခဏ  “ရေးချိုးခန်းအတွင်းမှ လူရိပ်သ ဏ္ဌန်တစ်ခုရိပ်ခနဲထွတ်လာသည်ကို မြင်လိုက်သည်တခဏ ရုတ်တရက် လန့်ပြီးထထိုင်မိချိန်ဝယ် ထိုသူမှာ မနွယ်ရှေ့မှောက်ပင်ရောက်ရှိ့နေလေ တော့သည်”
ထိုသူမှာမနွယ်ရှေ့၌တွေတွေ လေးရပ်ပြီး းညှိုးငယ်စွာကြည့်နေလေ သည်။ ထိုသူမှာလူလတ်ပိုင်း အရွယ် ခန့်ရှိ့ပြီး ပုဆိုးအညိုကွက်နှင့်အဝတ် တော့မပါပေ။ မနွယ်ရုတ်တရက်လန် ဖျပ်သွားသည်။ မင်း မင်း ဘယ်သူ လဲဟုမေးလိုက်ရာ ” ထိုသူက ညှိုးငယ်စွာကြည့်ပြီး စကားဆိုသည်။ ကျတော်ဒီဆေးရုံးမှာ မကျွတ်မလွှတ်ဖြစ်နေတာ နှစ်နဲ့ချီနေ ပြီ အမရယ် ကျတော်ဒီဘဝက လွှတ် ချင်ပြီ။ ဒါကြောင့်မို့ ကျတော်ရှိ့ ကြောင်းအရိပ်အယောင်ပြရတာပါ ဟု ဆိုလေသည်။
“မနွယ်လဲ ထိုသူစကားကြောင် စိတ်မကောင်းဖြစ်သွားမိသည်။ အမ ကိုကူညီစေချင်လို့လားဟုမေးလိုက်ရာ ဘယ့်နဲ့ ပြောပါလိမ့် အမရယ် ခုလို မကျွတ်မလွှတ်ရောက်နေတဲ့သူတွေ ဟာ ကူညီပေးမဲ့သူကို ရှာနေရတယ်။ သူပေးတဲ့ အကူအညီ ကောင်းရင် ကောင်းတဲ့အလျှောက် ချမ်းမြေ့ကြည် လင်တဲ့ဘဝကို ရောက်ရတာပါ။ ကျွန်တော် ဘဝက တစ်ဘက်က ကူညီမှ ငြိမ်ချမ်းနိုင်တဲ့ ဘဝပါ အမရယ် ဟုဆို ကာဖြတ်ခနဲပျောက်သွားလေသည်။
“ထိုစဉ်မနွယ်တစ်ယောက် အိပ် ရာမှ လန့်နိူးလာသည်။ ဟင် ငါအိမ် မက်မက်နေတာပါလား ဟင်းးမနွယ် သက်ပြင်းချ လိုက်မိသည်။ “အိမ်မက်ကထူးခြားသည်အိမ် မက်ဟုဆိုရမည်လား မသိပေ။ သို့ သော်လည်း ညက အမှန်တကယ်ကို တွေ့ကြုံခဲ့သည့် မနွယ်တစ်ယောက် ဖြစ်စဉ်ကို ဆက်စပ်စဉ်းစားနေမိလေ သည်။
” ဒီနေ့မနွယ် ခွဲစိတ်ကုသမူ့ခံ ယူသောနေ့ဖြစ်ပေသည်။ ခွဲစိတ်မှု့ရလဒ်မှာ အလွန်ကောင်းပါ၏။ ကျတော်ကိုယ်တိုင်လဲ အမ သက်နွယ်စိုး မိသားစုနှင့် ထပ်တူ ဝမ်းသာမိ ပါသည်။ ( စာရေးသူ – ထွဋ်ခေါင် ) “ခွဲစိတ်ကုသမှု့ခံယူပြီ ည မနွယ်တစ် ယောက်အိပ်ပျော်နေစဉ် ထိုသူရောက်လာပြန် သည်။ မင်း မင်း ရောက်လာပြန်ပြီလားဟု မေးလိုက်ရာ အမက ကျတော်ကိုအဖြေမပေး သေးဘူးလေ။ ကူညီမယ် မကူညီနိုင်ဘူးဆို တာသိချင်တယ်။ အမခွဲစိတ်မူ့အောင်မြင်လို့ ကျတော်ဝမ်းသာပါတယ်။ အမလဲသိပ်မကြာခင် ပြန်ရတော့မှာလေဟု ဆိုလေသည်။
“မနွယ်တစ်ယောက်ထိုသူ့ကိုကြည့် ပြီးအတော်သနားဂရုဏသက်သွားခြင်းနှင့်အ တူကူညီလိုစိတ် တားမရအောင် ဖြစ်ပေါ်ခဲ့သည်။ ထိုကြောင့် စိတ်ချနေ …အမမင်းကိုကူညီမယ် ဟုပြောလိုက်လျှင် ကျေးဇူးတင်လိုက်တာ အမရယ် ဟုဆိုကာ ပျောက်သွားတော့သည်။
“အမနုနုကို နွယ်ပြောစရာရှိ့တယ် ဘာ များလဲနွယ်ပြောလေ ဟုဆိုရာ မနွယ်ကသူအိမ် မက်အကြောင်းနှင့် တွေ့ကြုံခဲ့ ပုံကို ပြောပြလိုက် သော် အခါ” အင်း…မကျွတ်မလွှတ်သေးသူတွေဟာ သူတို့ကျွတိဖို့လွှတ်ဖို့အတွက် သူတိုကိုကူညီ မယ့်ပေတအလှူရှင်တွေကို မျှော်နေကြသလို သာဓုခေါ်ခွင့်ကိုစောင့်နေကြတာလည်း အမှန် ဘဲကွယ့် ဒါဟာပေးသင့်တဲ့အကူအညီဘဲ အမကူညီပါမယ်ဟု ဆိုရာ မနွယ်တစ်ယောက် အလွန်ဝမ်းသာသွားသည်။
နောင်တစ်နေ့တွင်ဆေးရုံအုပ်၏ခွင့် ပြုချက်အရ မနုနုကိုယ်တိုင် ဘုန်းကြီးပင့်ဖိတ် ပြီး သင်္ကန်းကပ် အလှူဒါနပြုလုပ်၍ အမတို့ ဒါနအမှု့ပြုပါမည်။ ပုပြုသမျှ ကုသလအတွက် တရားနာ သာဓုခေါ်ဖို့ ဖိတ်ခေါ်ပါသည်။ “ဒီနေဆေးရုံဆင်း ရမည့်နေ့ပင်ဖြစ် တော့သည်။
မနွယ်တစ်ယောက်ပြန်ခါနီးအ ချိန်တွင် နေခဲ့တော့မောင်လေးရေ မင်းလဲ သာဓုခေါ်ခွင့်ရမယ်ထင်တယ်။ ငါ့မောင်တစ် ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ် ဟု နူတ်ဆက်ပြန်ခဲ့လေတော့သည်။ မနွယ်အတွေးမမှားပါ ထိုညကသူ ရောက်လာခဲ့သည်။ ကိုယ်ရောင်ကိုယ်ဝါ တောက်နေ၍ မျက်နှာသည်ပြုံးချိုနေ၏။ ကျေးဇူးပါဘဲ အမရယ် အမပေး တဲ့အလှူဒါနကြောင့် ကျတော် ကောင်မွန်ရာ ဘဝရောက်နေပါပြီ။ အမကိုလာနှုတ်ဆက် တာပါ ဟုပြောဆိုပြီး ပျောက်သွား လေတော့ သည်။ မနွယ်ကိုယ်တိုင်လဲ ကြည်နူးပျော်နေ မိတော့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:ထွဋ်ခေါင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top