


အာတာလွတ်ဥ ၂၀ကျပ်သား၊




Credit: ကျော်တင့်ဆွေ

#Unicode Version# ဖြင့်ဖတ်ပါ ။

ပန်းသေရောဂါကု အစားအစာ

အိန္ဒိယအာယုဗ္ဗေဒ ပရဆေးနှင့် ဆေးပစ္စည်းကျမ်းတွင် အာတာလွတ်ဥသည် ချိုဆိမ့်၍ ခန္ဓာကိုယ်ကို အေးမြစေသည်ဟု ဖော်ပြထားပေသည်။ အာတာလွတ်ဥ ပြုတ်ပြီးသားကို အခွံနွာ၍ နို့နှင့် မကြာခဏ စားသုံးပေးခြင်းဖြင့် လူကိုလည်း ဝဖြိုးစေသည်။ အားကိုလည်း ပြည့်ဝစေသည်။ ၂ပတ်ခန့် စားသုံးပေးခြင်းဖြင့် ပန်းသေရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။

အာတာလွတ်သည်အရိုးကျိုးရောဂါ၊ ဆီးအားနည်းသော ရောဂါ၊ လူပိန်ရောဂါ၊ အားကုန်အားနည်းရောဂါတို့ကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။

အာတာလွတ်ဥ ၂၀ကျပ်သား၊

နွားနို့အစိမ်း ၁၀ ကျပ်သား၊

အိမ်သုံးသကြား ၁၀ ကျပ်သား၊

သကာရည် ၁၀ကျပ်သား တို့ကို ရောစပ်၍ ကျိုပါ။ ထိုအထဲသို့ ပိတ်ချင်းသီးအတောင့် (ပရဆေးဆိုင်တွင် ဝယ်ယူရရှိစေနိုင်ပါသည်) ၁ကျပ်သားကို ရောစပ်ထည့်ပြီး နေ့စဉ် ဆေးတစ်ခွက်စာအဖြစ် လက်ဖက်ရည်ဇွန်း ၃ဇွန်းခန့်ကို စားသုံးပေးခြင်းဖြင့် ဝဖြိုးလာပါမည်။ ကာမအားကို ပြန်လည်ပြည့်ဖြိုးစေခြင်းဖြင့် အမျိုးသမီး လိုလားအပ်သော ရမ္မက်မီးကို ငြိမ်းစေနိုင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်တင့်ဆွေ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top