ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခရိုင္ ကၽြန္းပင္ဆိပ္ေက်းရြာအုပ္စု သူေဌးကုန္းေက်းရြာေရွ႕ ေတာင္ငူ-မုပၸလင္ကားလမ္းမေပၚ၌ ဧၿပီးလ ၁၇ ရက္ေန႔ ညေန ၅ နာရီခြဲအခ်ိန္က လမ္းေဘးတြင္ ေခတၱရပ္တန႔္ေနေသာဆိုင္ကယ္အား ယာဥ္တစ္စီးမွ တိုက္မိသျဖင့္ ဆိုင္ကယ္ပါသူႏွစ္ဦးမွ တစ္ဦးေသဆုံးမွုျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ကၽြန္းပင္ဆိပ္ေက်းရြာအုပ္စု သူေဌးကုန္းေက်းရြာေရွ႕ ေတာင္ငူ-မုပၸလင္ကားလမ္းမ ေၾကာင္ျပာေက်းရြာလမ္းခြဲ တြင္ ေက်ာက္ႀကီးဘက္မွ မုန္းဘက္သို့ ဦးပြားထူး(၄၀)ႏွစ္ (ဘ)ဦးထြန္းရီ ကၽြန္းပင္ဆိပ္ေက်းရြာေနသူ ေမာင္းႏွင္ၿပီး ေနာက္တြင္

၎၏သားျဖစ္သူ ရွိုင္းဝဏၰေအာင္ (၁၃)ႏွစ္ လိုက္ပါလာေသာ HONDA WAVE 125i အျပာေရာင္ယာဥ္သည္ လမ္း၏ ယာဘက္ လမ္းပုခုံးေျမသားလမ္းေပၚတြင္ ရပ္တန႔္၍ အနီးရွိ ေဈးဆိုင္မွ သူတစ္ဦးအားေစာင့္ဆိုင္းေနစဥ္ ၎ဆိုင္ကယ္ႏွင့္ လားရာတူေနာက္မွ ျဖဴးၿမိဳ့နယ္ ၾကာအင္းေက်းရြာအုပ္စုေနသူ ဦးညီေဇာ္ (၄၁)ႏွစ္ (ဘ)ဦးေျပခင္ ေမာင္ႏွင္ၿပီး

ယာဥ္ေပၚတြင္ အမ်ိဳးသား(၂)ႏွစ္ဦး၊ အမ်ိဳးသမီး(၆)ဦး လိုက္ပါလာေသာ BGO-3Q—–နံပတ္ပါ BONGO-lll အမ်ိဳးအစား အျဖဴေရာင္ယာဥ္သည္ ဦးပြားထူး၏ ဆိုင္ကယ္အား ေနာက္မွ ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

ယာဥ္တိုက္မွုေၾကာင့္ ဆိုင္ကယ္တြင္သည့္ ရွိုင္းဝဏၰေအာင္ မွာ ဦးေခါင္းပိန္ခ်ိဳင့္ဒဏ္ရာျဖင့္ေသဆုံးခဲ့ၿပီး ဦးပြားထူးမွာ ယာတံေတာင္ပြန္းပဲ့ဒဏ္ရာ(ျပင္ပလူနာ/မစိုးရိမ္ရ) ဒဏ္ရာ ရရွိခဲ့သျဖင့္ ယာဥ္ေမာင္း ဦးညီေဇာ္အား မုန္းနယ္ေျမရဲစခန္းမွ အမွုဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာရှေ့ တောင်ငူ-မုပ္ပလင်ကားလမ်းမပေါ်၌ ဧပြီးလ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က လမ်းဘေးတွင် ခေတ္တရပ်တန့်နေသောဆိုင်ကယ်အား ယာဉ်တစ်စီးမှ တိုက်မိသဖြင့် ဆိုင်ကယ်ပါသူနှစ်ဦးမှ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာရှေ့ တောင်ငူ-မုပ္ပလင်ကားလမ်းမ ကြောင်ပြာကျေးရွာလမ်းခွဲ တွင် ကျောက်ကြီးဘက်မှ မုန်းဘက်သို့ ဦးပွားထူး(၄၀)နှစ် (ဘ)ဦးထွန်းရီ ကျွန်းပင်ဆိပ်ကျေးရွာနေသူ မောင်းနှင်ပြီး နောက်တွင်

၎င်း၏သားဖြစ်သူ ရှိုင်းဝဏ္ဏအောင် (၁၃)နှစ် လိုက်ပါလာသော HONDA WAVE 125i အပြာရောင်ယာဉ်သည် လမ်း၏ ယာဘက် လမ်းပုခုံးမြေသားလမ်းပေါ်တွင် ရပ်တန့်၍ အနီးရှိ ဈေးဆိုင်မှ သူတစ်ဦးအားစောင့်ဆိုင်းနေစဉ် ၎င်းဆိုင်ကယ်နှင့် လားရာတူနောက်မှ ဖြူးမြို့နယ် ကြာအင်းကျေးရွာအုပ်စုနေသူ ဦးညီဇော် (၄၁)နှစ် (ဘ)ဦးပြေခင် မောင်နှင်ပြီး

ယာဉ်ပေါ်တွင် အမျိုးသား(၂)နှစ်ဦး၊ အမျိုးသမီး(၆)ဦး လိုက်ပါလာသော BGO-3Q—–နံပတ်ပါ BONGO-lll အမျိုးအစား အဖြူရောင်ယာဉ်သည် ဦးပွားထူး၏ ဆိုင်ကယ်အား နောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်တွင်သည့် ရှိုင်းဝဏ္ဏအောင် မှာ ဦးခေါင်းပိန်ချိုင့်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ဦးပွားထူးမှာ ယာတံတောင်ပွန်းပဲ့ဒဏ်ရာ(ပြင်ပလူနာ/မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့သဖြင့် ယာဉ်မောင်း ဦးညီဇော်အား မုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top