အမ်ိဳးသမီးေတြဟာ ေဒါက္ျမင့္ဖိနပ္ေတြကို စီးၿပီး ဖက္ရွင္က်ေအာင္ အနာခံတတ္ၾကပါတယ္။ ဒါေပမယ့္ စီးဖို႔ ထိုက္တန္ပါရဲ႕လား။ ေျခဖဝါးရဲ႕ ပံုစံကို ကန္႔သတ္တဲ့ ဖိနပ္ေတြ ဝတ္တိုင္းမွာ နာက်င္မႈကို ခံစားရႏိုင္တယ္လုိ႔ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ္။

စီးပြားေရးလုပ္ေနတဲ့အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ေဒါက္ျမင့္ဖိနပ္ေတြစီးျခင္းဟာ ပေရာ္ဖက္ရွင္နယ္က်က်ပံုစံျဖစ္ေစဖုိ႔ ေန႔စဥ္ လိုအပ္ခ်က္တစ္ခုလို ျဖစ္ေနပါတယ္။ ငယ္ရြယ္သူတစ္ေယာက္အေနနဲ႔ ဒါကုိ ျငင္းပယ္ႏိုင္ဖို႔ ခက္ခဲပါတယ္။

ဒါေပမယ့္ ျဖစ္ေစတဲ့ဆိုးက်ိဳးေတြဟာ သင့္ကို ဒီလိုေဒါက္ျမင့္ဖိနပ္ေတြစီးဖုိ႔ ေနာက္တစ္ႀကိမ္ ျပန္စဥ္းစားေစႏိုင္ၿပီး အျခားဖိနပ္ေျပာင္းစီးျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

၁။ ကိုယ္ခႏၶာအစိတ္အပိုင္းေတြကို ဆိုးရြားစြာ သက္ေရာက္ႏိုင္ပါတယ္။

ခါး – သူဟာ အေရွ႕ကို တြန္းထုတ္သလိုျဖစ္တာေၾကာင့္ တင္ပါးဆံုနဲ႔ ေက်ာရိုးမေတြကို ပံုစံပ်က္ေစႏိုင္ပါတယ္။

ဒူးေခါင္း – ဒူးေခါင္းမွာ ဖိိအားမ်ားစြာ သက္ေရာက္ႏိုင္ပါတယ္။

ေျခမ်က္စိ – ေဒါက္ျမင့္ဖိနပ္စီးျခင္းဟာ ဆင္ေျခေလွ်ာေပၚလမ္းေလွ်ာက္ရသလိုျဖစ္တာေၾကာင့္ ေျခမ်က္စိေပၚ ဖိအားသက္ေရာက္မႈမ်ားပါတယ္။ ေျခမ်က္စိပတ္ပတ္လည္က ႂကြက္သားေတြဟာ သင့္ကို မတ္တပ္ရပ္ႏိုင္ေစဖို႔၊ လမ္းေလွ်ာက္ႏိုင္ေစဖို႔ က်ံဳ႕ေပးရတာျဖစ္တာမို႔ ေနာက္ဆံုးမွာ တည္ၿငိမ္မႈမရွိေတာ့ပဲ အားနည္းႏိုင္ပါတယ္။

၂။ ေဒါက္ဖိနပ္စီးျခင္းရဲ႕ အျဖစ္မ်ားတဲ့ သက္ေရာက္မႈ ေလးခု

ေျခသလံုးႂကြက္သားတိုလာျခင္း – အခ်ိန္ၾကာလာတာနဲ႔အမွ် ေဒါက္ဖိနပ္စီးျခင္းဟာ ေျခသလံုးႂကြက္သားနဲ႔ ခါးႂကြက္သားေတြကို တိုလာေစၿပီး နာက်င္မႈနဲ႔ ႂကြက္သားက်ံဳ႕ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ေဒါက္ဖိနပ္ဟာ ျမင့္ၿပီး တင္းက်ပ္တာေၾကာင့္ အမ်ိဳးသမီးေတြဟာ Archilles tendon တိုျခင္းကိုလည္း ခံစားရႏိုင္ပါတယ္။

ႂကြက္သားပင္ပန္းႏြမ္းနယ္ျခင္း – ေဒါက္ဖိနပ္ျမင့္ေလေလ ေျခဖဝါးေျမႀကီးနဲ႔ ထိႏိုင္ဖုိ႔ ဒူးေကြးရေလေလပဲျဖစ္ပါတယ္။ ဒါဟာ ဒူးဆစ္ေပၚကို ဖိအားသက္ေရာက္မႈမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ကိုယ္အေလးခ်ိန္မ်ားတဲ့ အမ်ိဳးသမီးေတြမွာ ပိုဆိုးႏိုင္ပါတယ္။

ပံုစံေျပာင္းလဲျခင္း – ေဒါက္ျမင့္ဖိနပ္ေတြဟာ ပံုမွန္လမ္းေလွ်ာက္တဲ့ပံုစံကိုေျပာင္းလဲေစၿပီး Gait cycle ကို သက္ေရာက္မႈရွိပါတယ္။ ေျခခ်င္းဝတ္မွာ ေျပာင္းလဲျခင္းဟာ ေျခေထာက္အေပၚပိုင္းနဲ႔ ခါးက ႂကြက္သားေတြကို အားအင္ေလ်ာ့နည္းေစပါတယ္။

သူဟာ ဒူးအတြင္းနဲ႔ ပတ္ပတ္လည္က အရိုးေတြခံႏိုင္ရည္အားကိုလည္း သက္ေရာက္မႈရွိတာမို႔ ဒဏ္ရာရရွိမႈလြယ္ကူေစပါတယ္။

ခႏၶာေဗဒ ေျပာင္းလဲျခင္း – ေန႔စဥ္ေဒါက္ျမင့္ဖိနပ္ကို ႏွစ္ေပါင္းမ်ားစြာ စီးျခင္းဟာ သင့္ရဲ႕ ခႏၶာေဗဒကိုပါ ေျပာင္းလဲေစႏိုင္ပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးျခင္းဟာ ကိုယ္ခႏၶာရဲ႕ အေလးခ်ိန္ကို ေရွ႕ပိုင္းမွာ သက္ေရာက္ေစတာမို႔ ခါးနဲ႔ ဒူးေခါင္းေတြမွာ ဖိအားမ်ားေစႏိုင္ပါတယ္။

၃။ ေဒါက္ျမင့္ဖိနပ္စီးျခင္းနဲ႔ပတ္သက္တဲ့ အၾကံေပးခ်က္မ်ား

ေဒါက္ျမင့္ဖိနပ္ကို အခ်ိန္ၾကာျမင့္စြာ စီးျခင္းမွ ေရွာင္က်ဥ္သင့္ပါတယ္။ေျခေထာက္ဖိအားမ်ားစြာ မသက္ေရာက္မီ ေျခေထာက္ႂကြက္သားမ်ား ဆန္႔ျခင္းကို ျပဳလုပ္သင့္ပါတယ္။ ႏွစ္လက္မအရြယ္ထက္ ျမင့္တဲ့ ေဒါက္ေတြကို မစီးသင့္ပါဘူး။

ဖိနပ္ဝယ္တဲ့ အခါ ေန႔လည္ပိုင္းမွာ ဝယ္သင့္ပါတယ္။ ဒီအခ်ိန္မွာ ေျခေထာက္အရြယ္အစား အႀကီးဆံုးျဖစ္ပါတယ္။ေျခထိပ္စုေနတဲ့ ဖိနပ္ေတြကို မေရြးခ်ယ္သင့္ပါဘူး။ ေျခလဲျခင္းေလ်ာ့ နည္းေအာင္ သားေရျပားေအာက္ခံပါတဲ့ ဖိနပ္ေတြကို ေရြးခ်ယ္သင့္ပါတယ္။

ဖိနပ္ပံုစံ အေျမာက္အျမား ဝယ္ၿပီး ေန႔စဥ္ ဖိနပ္ေတြကိုလဲလွယ္ စီးသင့္ပါတယ္။ သင့္ရဲ႕ ဖက္ရွင္ကို ႏွစ္သက္စိတ္က မတ္တပ္ရပ္ႏိုင္စြမ္း၊ နာက်င္စြာ ေျခလွမ္းႏိုင္စြမ္းေတြကို မဖ်က္ဆီးေစသင့္ပါဘူး။ သင့္ေျခဖဝါးေတြဟာ ေထာက္ပံ့ေပးတဲ့ အေျခခံအရာေတြ ျဖစ္ပါတယ္။

တကယ္လို႔ ေျခေထာက္ေတြက အဆင္မေျပဘူးဆိုရင္ ဘယ္အရာကမွ အဆင္ေျပမွာ မဟုတ္ပါဘူးလို႔ Dr. Nevins က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ်တွေကို စီးပြီး ဖက်ရှင်ကျအောင် အနာခံတတ်ကြပါတယ်။ ဒါပေမယ့် စီးဖို့ ထိုက်တန်ပါရဲ့လား။ ခြေဖဝါးရဲ့ ပုံစံကို ကန့်သတ်တဲ့ ဖိနပ်တွေ ဝတ်တိုင်းမှာ နာကျင်မှုကို ခံစားရနိုင်တယ်လို့ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ်။

စီးပွားရေးလုပ်နေတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေစီးခြင်းဟာ ပရော်ဖက်ရှင်နယ်ကျကျပုံစံဖြစ်စေဖို့ နေ့စဉ် လိုအပ်ချက်တစ်ခုလို ဖြစ်နေပါတယ်။ ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ဒါကို ငြင်းပယ်နိုင်ဖို့ ခက်ခဲပါတယ်။

ဒါပေမယ့် ဖြစ်စေတဲ့ဆိုးကျိုးတွေဟာ သင့်ကို ဒီလိုဒေါက်မြင့်ဖိနပ်တွေစီးဖို့ နောက်တစ်ကြိမ် ပြန်စဉ်းစားစေနိုင်ပြီး အခြားဖိနပ်ပြောင်းစီးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

၁။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဆိုးရွားစွာ သက်ရောက်နိုင်ပါတယ်။

ခါး – သူဟာ အရှေ့ကို တွန်းထုတ်သလိုဖြစ်တာကြောင့် တင်ပါးဆုံနဲ့ ကျောရိုးမတွေကို ပုံစံပျက်စေနိုင်ပါတယ်။

ဒူးခေါင်း – ဒူးခေါင်းမှာ ဖိအားများစွာ သက်ရောက်နိုင်ပါတယ်။

ခြေမျက်စိ – ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ဆင်ခြေလျှောပေါ်လမ်းလျှောက်ရသလိုဖြစ်တာကြောင့် ခြေမျက်စိပေါ် ဖိအားသက်ရောက်မှုများပါတယ်။ ခြေမျက်စိပတ်ပတ်လည်က ကြွက်သားတွေဟာ သင့်ကို မတ်တပ်ရပ်နိုင်စေဖို့၊ လမ်းလျှောက်နိုင်စေဖို့ ကျုံ့ပေးရတာဖြစ်တာမို့ နောက်ဆုံးမှာ တည်ငြိမ်မှုမရှိတော့ပဲ အားနည်းနိုင်ပါတယ်။

၂။ ဒေါက်ဖိနပ်စီးခြင်းရဲ့ အဖြစ်များတဲ့ သက်ရောက်မှု လေးခု

ခြေသလုံးကြွက်သားတိုလာခြင်း – အချိန်ကြာလာတာနဲ့အမျှ ဒေါက်ဖိနပ်စီးခြင်းဟာ ခြေသလုံးကြွက်သားနဲ့ ခါးကြွက်သားတွေကို တိုလာစေပြီး နာကျင်မှုနဲ့ ကြွက်သားကျုံ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒေါက်ဖိနပ်ဟာ မြင့်ပြီး တင်းကျပ်တာကြောင့် အမျိုးသမီးတွေဟာ Archilles tendon တိုခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

ကြွက်သားပင်ပန်းနွမ်းနယ်ခြင်း – ဒေါက်ဖိနပ်မြင့်လေလေ ခြေဖဝါးမြေကြီးနဲ့ ထိနိုင်ဖို့ ဒူးကွေးရလေလေပဲဖြစ်ပါတယ်။ ဒါဟာ ဒူးဆစ်ပေါ်ကို ဖိအားသက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးနိုင်ပါတယ်။

ပုံစံပြောင်းလဲခြင်း – ဒေါက်မြင့်ဖိနပ်တွေဟာ ပုံမှန်လမ်းလျှောက်တဲ့ပုံစံကိုပြောင်းလဲစေပြီး Gait cycle ကို သက်ရောက်မှုရှိပါတယ်။ ခြေချင်းဝတ်မှာ ပြောင်းလဲခြင်းဟာ ခြေထောက်အပေါ်ပိုင်းနဲ့ ခါးက ကြွက်သားတွေကို အားအင်လျော့နည်းစေပါတယ်။

သူဟာ ဒူးအတွင်းနဲ့ ပတ်ပတ်လည်က အရိုးတွေခံနိုင်ရည်အားကိုလည်း သက်ရောက်မှုရှိတာမို့ ဒဏ်ရာရရှိမှုလွယ်ကူစေပါတယ်။

ခန္ဓာဗေဒ ပြောင်းလဲခြင်း – နေ့စဉ်ဒေါက်မြင့်ဖိနပ်ကို နှစ်ပေါင်းများစွာ စီးခြင်းဟာ သင့်ရဲ့ ခန္ဓာဗေဒကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ အလေးချိန်ကို ရှေ့ပိုင်းမှာ သက်ရောက်စေတာမို့ ခါးနဲ့ ဒူးခေါင်းတွေမှာ ဖိအားများစေနိုင်ပါတယ်။

၃။ ဒေါက်မြင့်ဖိနပ်စီးခြင်းနဲ့ပတ်သက်တဲ့ အကြံပေးချက်များ

ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာမြင့်စွာ စီးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ခြေထောက်ဖိအားများစွာ မသက်ရောက်မီ ခြေထောက်ကြွက်သားများ ဆန့်ခြင်းကို ပြုလုပ်သင့်ပါတယ်။ နှစ်လက်မအရွယ်ထက် မြင့်တဲ့ ဒေါက်တွေကို မစီးသင့်ပါဘူး။

ဖိနပ်ဝယ်တဲ့ အခါ နေ့လည်ပိုင်းမှာ ဝယ်သင့်ပါတယ်။ ဒီအချိန်မှာ ခြေထောက်အရွယ်အစား အကြီးဆုံးဖြစ်ပါတယ်။ခြေထိပ်စုနေတဲ့ ဖိနပ်တွေကို မရွေးချယ်သင့်ပါဘူး။ ခြေလဲခြင်းလျော့ နည်းအောင် သားရေပြားအောက်ခံပါတဲ့ ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။

ဖိနပ်ပုံစံ အမြောက်အမြား ဝယ်ပြီး နေ့စဉ် ဖိနပ်တွေကိုလဲလှယ် စီးသင့်ပါတယ်။ သင့်ရဲ့ ဖက်ရှင်ကို နှစ်သက်စိတ်က မတ်တပ်ရပ်နိုင်စွမ်း၊ နာကျင်စွာ ခြေလှမ်းနိုင်စွမ်းတွေကို မဖျက်ဆီးစေသင့်ပါဘူး။ သင့်ခြေဖဝါးတွေဟာ ထောက်ပံ့ပေးတဲ့ အခြေခံအရာတွေ ဖြစ်ပါတယ်။

တကယ်လို့ ခြေထောက်တွေက အဆင်မပြေဘူးဆိုရင် ဘယ်အရာကမှ အဆင်ပြေမှာ မဟုတ်ပါဘူးလို့ Dr. Nevins က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top