20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 “ပုိက္ဆံ မရွိဘူး ဆရာ” (ယေန႔ ျပည္သူ႔ေဆးရံုမ်ားတြင္ ေတြ႕ေနရသည့္ ျမင္ကြင္းတခုအေၾကာင္း)

ခင္ဗ်ားရဲ႕ ေရာဂါအတြက္ သံုးတဲ့ေဆးေတာ္ေတာ္မ်ားမ်ားကို အစိုးရက အခမဲ့ေပးထားတယ္။ အဲ…ဒါေပမယ့္ ေဆးတစ္မ်ိဳးကေတာ့ ဒီမွာ မ႐ွိဘူး။ အျပင္က ၀ယ္သံုးရလိမ့္မယ္….

အခု…ပိုက္ဆံမပါဘူး…ဆရာ

ဟာ…ျပႆနာဘဲ။ ဘယ္လိုလုပ္ရပါ့ ။

အင္း….ေဆးရံုကဆင္းတဲ့ လူနာေတြဆီက အလွဴခံထားတဲ့ ေငြေတြ ႐ွိတာဘဲ။ နည္းနည္း ဖဲ့ သံုးလိုက္မွ….။

——————-

ေနာက္ေန႔….

မေန႔က ေသြးစစ္ထားတဲ့ အေျဖေတြ မရေသးဘူးလား?။ သြားယူဦးေလ…

အေျဖေရြးဖို႔ ပိုက္ဆံမ႐ွိဘူး ဆရာ…။ ပိုက္ဆံလာေပးမယ့္သူကို ေစာင့္ေနတုန္း….

ေဩာ္…ဒုကၡ ၊ ဒုကၡ ။ အေျဖကလည္း အခုသိရမွ ျဖစ္မွာဆိုေတာ့ ေဆးရံုအုပ္ဆီ ေျပးၿပီး အခမဲ့ေဆာင္ရြက္ေပးဖို႔ လက္မွတ္ေလး ေျပးထိုးခိုင္း ဦးမွပါ…

ခဏၾကာေသာ္…

ခင္ဗ်ား…တီဗီဓါတ္မွန္ ႐ိုက္ရဦးမယ္။ ပိုက္ဆံက ေရာက္ၿပီလား..?

မေရာက္ေသးဘူး ဆရာ။ ပိုက္ဆံလည္း မ႐ွိဘူး….

အင္း……မတတ္ႏိုင္ဘူး။ဒီအတိုင္းထားလို႔ကလည္း မျဖစ္….။ အလွဴေငြထဲက နည္းနည္းဖဲ့သံုးဦးမွ…။ က်န္ေလာက္ပါေသးတယ္…အလွဴေငြေတြ…

——————-

ခင္ဗ်ား ေသြးထပ္စစ္ရ ဦးမယ္…

ပိုက္ဆံ မ႐ွိဘူး….ဆရာ

ခင္ဗ်ားတို႔က အဲလိုေတာ့ မလုပ္နဲ႔ေလဗ်ာ။ ဘာဘဲျဖစ္ျဖစ္….မ႐ွိဘူးဘဲ ထိုင္ေျပာေနတာဘဲ….။ အျပင္မွာစစ္ရင္ အမ်ားႀကီးကုန္တာ ။ ဒီမွာက သူတို႔သံုးရတဲ့ ပစၥည္းဖိုးေလာက္ဘဲ ေပးရတဲ့ဟာကို…..

တကယ္ မ႐ွိလို႔ပါ…ဆရာရယ္

ေဆးရံုအုပ္ဆီ ေနာက္တစ္ေခါက္ ေျပးဦးမွပါ။ ခုမွ ႏွစ္ခါဘဲ ႐ွိေသးတာ ။ ဘာမွ မေျပာေလာက္ပါဘူး…။ ခဏခဏဆိုရင္ေတာ့ ၾကာရင္ အႀကိတ္ခံရေလာက္တယ္…

ခင္ဗ်ား ရင္ဘတ္ဓါတ္မွန္ ႐ိုက္ဖို႔ လိုေသးတယ္။ ေရာ့ ဒီမွာ ပိုက္ဆံ တစ္ခါတည္းယူသြား ။ ဒါက ေဆးရံုအလွဴေငြထဲက ေပးတာေနာ္…။ အလႉေငြလဲ ခင္ဗ်ားနဲ႔တင္ ကုန္သေလာက္ ျဖစ္ေနၿပီ ။ ေနာက္တစ္ခုက….ခင္ဗ်ား အခု ေသြးစစ္ဖို႔ လိုတဲ့တစ္မ်ိဳးက ဒီမွာမရဘူး။ အျပင္ဓါတ္ခြဲခန္းကို ပို႔ရမွာ…။ အဲဒါအတြက္ေတာ့ ကိုယ့္ဟာကိုယ္ ႐ွာဦး….

ပိုက္ဆံက မ႐ွိဘူး ဆရာ

ဟား…..@#*% ငါလေခြးကြာ….ကြာာာ….ဘယ္လို လုပ္ရပါ့…ဟင္း…..လူမႈေရးအသင္းေတြ ေဆးရံုလာတဲ့အခါ အကူအညီ ေတာင္းၾကည့္ ရမွာဘဲ…

ဆရာ…ဟိုလူနာ အသားစအေျဖ ဓါတ္ခြဲခန္း ပို႔ရဦးမွာေနာ္…ေျပာေပးဦး…

ေျပာလည္း ပိုက္ဆံမ႐ွိဘူးဘဲ ေျပာေနဦးမွာဘဲ…စိတ္ညစ္တယ္။ ဘယ္လိုလုပ္ရမွန္း မသိဘူး။ ေမးေတာ့ ေမးၾကည့္လိုက္ဦးမယ္..

ခင္ဗ်ားရဲ႕ အသားစအေျဖ ဓါတ္ခြဲခန္း….

ပိုက္ဆံ မ႐ွိဘူး ဆရာ

အာာာာာာား….

ဤသို႔ ဤဖံု…အလဲလဲ အကြဲကြဲျဖင့္ ႐ွိသမ်ွ မန္းမႈတ္ ကုသ၍ ေဆးရံုက ဆင္းရၿပီးေနာက္….

အမေလး…ေဆးရံုက ဆရာ၀န္ ၊ ဆရာမေတြမ်ား ရမွန္းသိရင္ ေတာင္းခ်င္ၾကတာ။ မ႐ွိဘူးသာေျပာ။ ငါ့လည္း သူမ်ားေျပာမွ သိရတာ…ညစ္ပတ္လိုက္ၾကတာ လြန္ေရာ။ အကုန္အလကား လုပ္ေပးလို႔ ရေနတဲ့ဟာကို…။

ညဥ္းတို႔လည္း မေတာ္လို႔မ်ား ေဆးရံုတက္ရရင္ ဘာဘဲလုပ္လုပ္ ပိုက္ဆံမ႐ွိဘူးသာ ေျပာပလိုက္….အဲ့က်မွ သူတို႔ဟာသူတို႔ ျဖစ္ေအာင္လုပ္လိမ့္မယ္။ ဘယ့္ႏွယ့္ေတာ္…ႏိုင္ငံေတာ္က အလကားရေအာင္ လုပ္ေပးထားတဲ့ ကိစၥကို လူနာဆီက ပိုက္ဆံခ်ဴေတာင္း ေနၾကတယ္ ……။ ေၾကာက္မေနၾကနဲ႔….!!

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yar Zar Myint

#Unicode Version# ျဖင့္ဖတ္ပါ ။

“ပိုက်ဆံ မရှိဘူး ဆရာ” (ယနေ့ ပြည်သူ့ဆေးရုံများတွင် တွေ့နေရသည့် မြင်ကွင်းတခုအကြောင်း)

ခင်ဗျားရဲ့ ရောဂါအတွက် သုံးတဲ့ဆေးတော်တော်များများကို အစိုးရက အခမဲ့ပေးထားတယ်။ အဲ…ဒါပေမယ့် ဆေးတစ်မျိုးကတော့ ဒီမှာ မရှိဘူး။ အပြင်က ဝယ်သုံးရလိမ့်မယ်….

အခု…ပိုက်ဆံမပါဘူး…ဆရာ

ဟာ…ပြဿနာဘဲ။ ဘယ်လိုလုပ်ရပါ့ ။

အင်း….ဆေးရုံကဆင်းတဲ့ လူနာတွေဆီက အလှူခံထားတဲ့ ငွေတွေ ရှိတာဘဲ။ နည်းနည်း ဖဲ့ သုံးလိုက်မှ….။

——————-

နောက်နေ့….

မနေ့က သွေးစစ်ထားတဲ့ အဖြေတွေ မရသေးဘူးလား?။ သွားယူဦးလေ…

အဖြေရွေးဖို့ ပိုက်ဆံမရှိဘူး ဆရာ…။ ပိုက်ဆံလာပေးမယ့်သူကို စောင့်နေတုန်း….

ေဩာ်…ဒုက္ခ ၊ ဒုက္ခ ။ အဖြေကလည်း အခုသိရမှ ဖြစ်မှာဆိုတော့ ဆေးရုံအုပ်ဆီ ပြေးပြီး အခမဲ့ဆောင်ရွက်ပေးဖို့ လက်မှတ်လေး ပြေးထိုးခိုင်း ဦးမှပါ…

ခဏကြာသော်…

ခင်ဗျား…တီဗီဓါတ်မှန် ရိုက်ရဦးမယ်။ ပိုက်ဆံက ရောက်ပြီလား..?

မရောက်သေးဘူး ဆရာ။ ပိုက်ဆံလည်း မရှိဘူး….

အင်း……မတတ်နိုင်ဘူး။ဒီအတိုင်းထားလို့ကလည်း မဖြစ်….။ အလှူငွေထဲက နည်းနည်းဖဲ့သုံးဦးမှ…။ ကျန်လောက်ပါသေးတယ်…အလှူငွေတွေ…

——————-

ခင်ဗျား သွေးထပ်စစ်ရ ဦးမယ်…

ပိုက်ဆံ မရှိဘူး….ဆရာ

ခင်ဗျားတို့က အဲလိုတော့ မလုပ်နဲ့လေဗျာ။ ဘာဘဲဖြစ်ဖြစ်….မရှိဘူးဘဲ ထိုင်ပြောနေတာဘဲ….။ အပြင်မှာစစ်ရင် အများကြီးကုန်တာ ။ ဒီမှာက သူတို့သုံးရတဲ့ ပစ္စည်းဖိုးလောက်ဘဲ ပေးရတဲ့ဟာကို…..

တကယ် မရှိလို့ပါ…ဆရာရယ်

ဆေးရုံအုပ်ဆီ နောက်တစ်ခေါက် ပြေးဦးမှပါ။ ခုမှ နှစ်ခါဘဲ ရှိသေးတာ ။ ဘာမှ မပြောလောက်ပါဘူး…။ ခဏခဏဆိုရင်တော့ ကြာရင် အကြိတ်ခံရလောက်တယ်…

ခင်ဗျား ရင်ဘတ်ဓါတ်မှန် ရိုက်ဖို့ လိုသေးတယ်။ ရော့ ဒီမှာ ပိုက်ဆံ တစ်ခါတည်းယူသွား ။ ဒါက ဆေးရုံအလှူငွေထဲက ပေးတာနော်…။ အလှူငွေလဲ ခင်ဗျားနဲ့တင် ကုန်သလောက် ဖြစ်နေပြီ ။ နောက်တစ်ခုက….ခင်ဗျား အခု သွေးစစ်ဖို့ လိုတဲ့တစ်မျိုးက ဒီမှာမရဘူး။ အပြင်ဓါတ်ခွဲခန်းကို ပို့ရမှာ…။ အဲဒါအတွက်တော့ ကိုယ့်ဟာကိုယ် ရှာဦး….

ပိုက်ဆံက မရှိဘူး ဆရာ

ဟား…..@#*% ငါလခွေးကွာ….ကွာာာ….ဘယ်လို လုပ်ရပါ့…ဟင်း…..လူမှုရေးအသင်းတွေ ဆေးရုံလာတဲ့အခါ အကူအညီ တောင်းကြည့် ရမှာဘဲ…

ဆရာ…ဟိုလူနာ အသားစအဖြေ ဓါတ်ခွဲခန်း ပို့ရဦးမှာနော်…ပြောပေးဦး…

ပြောလည်း ပိုက်ဆံမရှိဘူးဘဲ ပြောနေဦးမှာဘဲ…စိတ်ညစ်တယ်။ ဘယ်လိုလုပ်ရမှန်း မသိဘူး။ မေးတော့ မေးကြည့်လိုက်ဦးမယ်..

ခင်ဗျားရဲ့ အသားစအဖြေ ဓါတ်ခွဲခန်း….

ပိုက်ဆံ မရှိဘူး ဆရာ

အာာာာာာား….

ဤသို့ ဤဖုံ…အလဲလဲ အကွဲကွဲဖြင့် ရှိသမျှ မန်းမှုတ် ကုသ၍ ဆေးရုံက ဆင်းရပြီးနောက်….

အမလေး…ဆေးရုံက ဆရာဝန် ၊ ဆရာမတွေများ ရမှန်းသိရင် တောင်းချင်ကြတာ။ မရှိဘူးသာပြော။ ငါ့လည်း သူများပြောမှ သိရတာ…ညစ်ပတ်လိုက်ကြတာ လွန်ရော။ အကုန်အလကား လုပ်ပေးလို့ ရနေတဲ့ဟာကို…။

ညဉ်းတို့လည်း မတော်လို့များ ဆေးရုံတက်ရရင် ဘာဘဲလုပ်လုပ် ပိုက်ဆံမရှိဘူးသာ ပြောပလိုက်….အဲ့ကျမှ သူတို့ဟာသူတို့ ဖြစ်အောင်လုပ်လိမ့်မယ်။ ဘယ့်နှယ့်တော်…နိုင်ငံတော်က အလကားရအောင် လုပ်ပေးထားတဲ့ ကိစ္စကို လူနာဆီက ပိုက်ဆံချူတောင်း နေကြတယ် ……။ ကြောက်မနေကြနဲ့….!!

ဖိုးသူတော် (www.phothutaw.com)
Credit:Yar Zar Myint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top