



#Unicode Version#
၇-၄-၂၀၁၉ရက်နေ့ (၀၇၀၀) အချိန်တွင်လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာနေစိုးထက်ဦး(၃၆)နှစ်သည် အေးအေးသင်း(၂၅)နှစ်(ဇနီး)အား နေအိမ်တွင် အခြားအမျိုးသားနှင့် ဖောက်ပြန်နေကြောင်း စွပ်စွဲပြောဆိုပြီး ဆံပင်အားဆွဲ၍ လက်သီးဖြင့်ထိုးကြိတ် ခြေထောက်ဖြင့် ကန်ကျောက်စဉ်

အေးအေးသင်းမှနေအိမ်မီးဖိုချောင်စားပွဲပေါ်ရှိ ကြက်သွန်လှီးဓား(အရိုးအသွား-၁၀လက်ခန့်)ဖြင့် စိုးထက်ဦး၏ ဝဲဘက်ရင်ညွန့်အားတစ်ချက်ထိုးသွင်းလိုက်ရာ အခင်းဖြစ်နေရာ တွင်လဲကျသေဆုံးသွားခဲ့သည်။

အေးအေးသင်း(၂၅)နှစ်အား လောင်းလုံးမြို့မရဲစခန်း (ပ)၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အရေးယူဆောင်ရွက်ထားရှိပါသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:Tanintharyi Police
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top