မတ္လ ၁၉ ရက္က ဧရာဝတီတိုင္းေဒသျကီး၊ မအူပင္ခရိုင္၊ ေညာင္တုန္းျမို့နယ္၊ ကတုကၠမေက်းရြာတြင္ တစ္ရြာတည္းသားခ်င္း အရက္အတူေသာက္ျကစဉ္ ေနအိမ္သို့ လာ၍အရက္ေသာက္သူက မီးျခစ္ငွားခဲ့၍ အိမ္ရွင္က ဓားျဖင့္ခုတ္သတ္သည့္ လူသတ္မႈ ျဖစ္ပြားခဲ့ေျကာင္း သတင္းရရွိ။

ျဖစ္စဉ္မွာ ထိုေန့ ည ၉ နာရီခြဲအခ်ိန္က ေညာင္တုန္းျမို့နယ္၊ ကတုကၠေက်းရြာ၊ ေဗာဓိကုန္းတိုခ်ဲ့ရပ္ကြက္တြင္ ေနထိုင္ေသာ ေဒၚစန္းျကည္သည္ အျပင္သို့သြား ေရာက္ေနေသာ ခင္ပြန္းျဖစ္သူ ဦးျမင့္လြင္ (၄၈)နွစ္ကို ေနအိမ္မွေစာင့္ေနစဉ္ တစ္ရြာတည္းေန ကိုတင္ဝင္း၏ ေနအိမ္ဘက္မွ ရန္ျဖစ္ေနသည့္ ဆူညံသံမ်ားကို ျကားရသျဖင့္

ခင္ပြန္းျဖစ္သူအတြက္ စိတ္ပူျပီး သြားေရာက္ျကည့္ရႈရာ ကိုတင္ဝင္း၏ေနအိမ္ေခါင္းရင္း၌ ခင္ပြန္းျဖစ္သူ ဦးျမင့္လြင္မွာ ရင္ညြန့္တြင္ ထိုးသြင္းဒဏ္ရာတစ္ခ်က္ ရရွိလ်က္ ေသဆံုးေနသည္ကို ေတြ့လိုက္ရသည္။ပတ္ဝန္းက်င္ရွိ ရြာသားမ်ား၏ ေျပာျပခ်က္အရ ေသဆံုးသူ ဦးျမင့္လြင္နွင့္ ဦးစံတိုးတို့ အရက္အတူေသာက္ေနစဉ္

ေသဆံုးသူ ဦးျမင့္လြင္က ဦးစံတိုးထံမွ မီးျခစ္ငွားရမ္းရာ အရက္လာေသာက္သည့္အျပင္ ဂက္စ္မီးျခစ္ပါ ငွားရမ္းျခင္းသည္ တင္စီးမႈဟု စြပ္စြဲေျပာဆိုရာမွ စကားမ်ားရန္ျဖစ္ခ်ိန္၌ ဦးစံတိုးက ဓားျမွောင္ျဖင့္ထိုးခဲ့၍ ေသဆံုးသြားျခင္းျဖစ္ေျကာင္း ေျပာျပသိရ၏။လူသတ္မႈျဖစ္ပြာေျကာင္း သတင္းအရ

ေညာင္တုန္းျမို့မရဲစခန္းမႉး၊ နယ္ထိန္းအဖြဲ့ေခါင္းေဆာင္တို့ ေရာက္ရွိလာျပီး သက္ေသ ေက်းရြာလူျကီးမ်ားနွင့္အတူ စစ္ေဆးခဲ့သည္။စစ္ေဆးျပီးေနာက္ အေလာင္းကို ရဲေဆးစာနွင့္အတူ ေဆးရံုသို့ ပို့ေဆာင္ခဲ့သည္။

လူသတ္မႈက်ူးလြန္သူ စံတိုးကို လူသတ္မႈက်ူးလြန္စဉ္ အသံုးျပုခဲ့ေသာ ဓားျမွောင္နွင့္အတူ ဖမ္းမိလိုက္ေျကာင္း ဇနီးျဖစ္သူ ေဒၚစန္းျကည္က တရားလိုျပု လုပ္တိုင္ျကားသျဖင့္ ေညာင္တုန္းျမို့မရဲ စခန္းမွ ရာဇသတ္ျကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူ၍ အမႈစစ္/စခန္းမႉးက စစ္ေဆး အမႈတည္ေဆာက္ေနေျကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

မတ်လ ၁၉ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကတုက္ကမကျေးရွာတွင် တစ်ရွာတည်းသားချင်း အရက်အတူသောက်ကြစဉ် နေအိမ်သို့ လာ၍အရက်သောက်သူက မီးခြစ်ငှားခဲ့၍ အိမ်ရှင်က ဓားဖြင့်ခုတ်သတ်သည့် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ။

ဖြစ်စဉ်မှာ ထိုနေ့ ည ၉ နာရီခွဲအချိန်က ညောင်တုန်းမြို့နယ်၊ ကတုက္ကကျေးရွာ၊ ဗောဓိကုန်းတိုချဲ့ရပ်ကွက်တွင် နေထိုင်သော ဒေါ်စန်းကြည်သည် အပြင်သို့သွား ရောက်နေသော ခင်ပွန်းဖြစ်သူ ဦးမြင့်လွင် (၄၈)နှစ်ကို နေအိမ်မှစောင့်နေစဉ် တစ်ရွာတည်းနေ ကိုတင်ဝင်း၏ နေအိမ်ဘက်မှ ရန်ဖြစ်နေသည့် ဆူညံသံများကို ကြားရသဖြင့်

ခင်ပွန်းဖြစ်သူအတွက် စိတ်ပူပြီး သွားရောက်ကြည့်ရှုရာ ကိုတင်ဝင်း၏နေအိမ်ခေါင်းရင်း၌ ခင်ပွန်းဖြစ်သူ ဦးမြင့်လွင်မှာ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိလျက် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။ပတ်ဝန်းကျင်ရှိ ရွာသားများ၏ ပြောပြချက်အရ သေဆုံးသူ ဦးမြင့်လွင်နှင့် ဦးစံတိုးတို့ အရက်အတူသောက်နေစဉ်

သေဆုံးသူ ဦးမြင့်လွင်က ဦးစံတိုးထံမှ မီးခြစ်ငှားရမ်းရာ အရက်လာသောက်သည့်အပြင် ဂက်စ်မီးခြစ်ပါ ငှားရမ်းခြင်းသည် တင်စီးမှုဟု စွပ်စွဲပြောဆိုရာမှ စကားများရန်ဖြစ်ချိန်၌ ဦးစံတိုးက ဓားမြှောင်ဖြင့်ထိုးခဲ့၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောပြသိရ၏။လူသတ်မှုဖြစ်ပွာကြောင်း သတင်းအရ

ညောင်တုန်းမြို့မရဲစခန်းမှူး၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင်တို့ ရောက်ရှိလာပြီး သက်သေ ကျေးရွာလူကြီးများနှင့်အတူ စစ်ဆေးခဲ့သည်။စစ်ဆေးပြီးနောက် အလောင်းကို ရဲဆေးစာနှင့်အတူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

လူသတ်မှုကျူးလွန်သူ စံတိုးကို လူသတ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သော ဓားမြှောင်နှင့်အတူ ဖမ်းမိလိုက်ကြောင်း ဇနီးဖြစ်သူ ဒေါ်စန်းကြည်က တရားလိုပြု လုပ်တိုင်ကြားသဖြင့် ညောင်တုန်းမြို့မရဲ စခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ၍ အမှုစစ်/စခန်းမှူးက စစ်ဆေး အမှုတည်ဆောက်နေကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top