Credit:lwinpyin
# Unicode Version # ဖြင့် ဖတ်ပါ #
တင်သားလှချင်တဲ့ပျိုမေတွေ၊ တင်အနောက်ပိုင်းတော့ရှိပါရဲ့ ဘေးကခွက်နေတဲ့ ပျိုမေတို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်း (၃) မျိုးကိုဖော်ပြပေးလိုက်ပါတယ်နော်။
လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေဖြစ်တာကြောင့် အိမ်မှာနေရင်းနဲ့ အလွယ်တကူပြုလုပ်ပေးလို့ရပါတယ်နော်။ ပုံမှန်လေးပြုလုပ်ပေးခြင်းဖြင့် လှပတဲ့ တင်ပါးလေးတွေကို ပိုင်ဆိုင်နိုင်ပါပြီနော်။
လေ့ကျင့်ခန်း (၁) ကြမ်းပြင်မှာလေးဖက်ထောက်လိုက်ပါ။ ပြီးရင် ဒူးကိုကွေးပြီး ဘေးဘက်ကို မြှောက်ပေးရမှာပါ။ တစ်ဖက်ကို အခါ ၂၀ စီလုပ်ပေးရမှာပါ။
လေ့ကျင့်ခန်း (၂) မတ်တပ်ရပ်ပြီး ခြေထောက်ကိုစေ့ထားရပါမယ်။ ကိုယ်လုံးကိုမစောင်းအောင်ထိန်းပြီး ခြေထောက်ကိုဘေးဘက်ကိုဆန့်ပေးရပါမယ်။ တင်ပါးကြွက်သားကို အသုံးပြုရမှာပါ။ တစ်ဖက်ကို အခါ ၂၀ စီလုပ်ပေးရမှာပါ။
လေ့ကျင့်ခန်း (၃) တစ်ဝက်ပဲထိုင်ပြီး ဘယ်ညာဘေးတိုက်သွားပေးရမှာပါ။ တစ်ဖက်ကို အခါ ၂၀ဆိုတော့ စုစုပေါင်းအခါ ၄၀ ပါ။
*အပေါ်ကလေ့ကျင့်ခန်းသုံးမျိုးကို သုံးကြိမ်ကျော့ပေးရပါမယ်။ အကြာကြီးမနားရပါဘူး။ စက္ကန့်ပိုင်းပဲနားရမှာပါနော်။
ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top