#Unicode Version#
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ဂုဏ်ပြုဖို့ ရည်ရွယ်ထားတဲ့ ပြည်သူ့အကယ်ဒမီ ပန်းပုတွေ ရပါပြီ။ ဒီဇိုင်း ပိုင်ရှင်ကတော့ Ma Su Pike ဖြစ်ပါတယ်။
ကျွန်တော် အစက Trophy အပ်မယ် စိတ်ကူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ပုံစံဆိုရင် Customized ကို နိုင်ငံခြားအထိ အပ်ရပါမယ်။ Mold ဖိုးတင် ဈေးက မနည်းတော့ပါဘူး။ နောက်ဆုံး အကုန်ခံလိုက်တယ်ထား၊ အချိန်မှီပြန်ရဖို့ မသေချာပါဘူး။ အဲဒါနဲ့ ကျွန်တော်တို့တွေ နေရာစုံမှာ လိုက်စုံစမ်းဖြစ်ပါတယ်။
နောက်ဆုံး ဘယ်လိုမှ အဆင်မပြေတဲ့အတွက် Trophy နှစ်ခု ယိုးဒယားက မိတ်ဆွေ အကူအညီနဲ့ လှမ်းမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါလဲ ကျွန်တော်တို့ ပေးချင်တဲ့ ပုံစံ ဖြစ်ဖို့မလွယ်ပါဘူး။
နောက်ဆုံး ပန်းပုအနေနဲ့ ပေးမယ်ဆိုရင် အနုပညာ ပစ္စည်းလဲ ဖြစ်တယ်။ မြန်မာ့ ပန်းပုတွေကိုလဲ ထုတ်ဖော်ပြသရာ ရောက်တယ်ဆိုပြီး ပန်းပုအပ်ဖို့ လိုက်စုံစမ်းပါတယ်။ အဲဒီမှာ အမျိုးသမီးက ယင်းတိုက်ပန်းပုက လက်ရာတွေ အတော်ကောင်းတယ်လို့ ပြောလာပါတယ်။
အဲဒါနဲ့ ယင်းတိုက်ပန်းပုဆိုင်ကို သွားတော့ သူတို့ မြန်မာပြည်မှာ (၇)နှစ် ဆက်တိုက် ဆုရထားတဲ့ ပန်းပုဆရာကို အပ်ပြီး ကူညီပေးမယ်လို့ ဆိုပါတယ်။ အချိန်ကတော့ (၁) လလောက် ပေးရပါမယ်တဲ့။ ကဲ အခုတော့ ကျွန်တော်တို့ ချီးမြှင့်လိုတဲ့ ပန်းပုရပါပြီ။ ပန်းပုဆရာက ဘယ်လောက်တောင် စေတနာ ထားသလဲဆိုရင် ဖလင်နေရာတွေမှာ အတော်ပါးတဲ့အထိ ထုလုပ်ပေးထားပါတယ်။
ပန်းပုရုပ်ကို သွားယူရင်း ပန်းပုဆိုင်က ဦးလေးက ငါတို့က ဒါမျိုး Customized လုပ်တာတွေ လက်ခံလေ့မရှိဘူး။ ဒါပေမယ့် ရုပ်ရှင်လောက ကို ပြောင်းလဲလိုတဲ့အတွက် တတ်နိုင်တဲ့ဖက်က ဝိုင်းကူပေးတာတဲ့။ (ယင်းတိုက် ပန်းပုဆိုင်က ဦးလေးကိုလဲ အထူးကျေးဇူးတင်ပါကြောင်း ခင်ဗျား)
ဒီ ပန်းပုဖိုး ကုန်ကျငွေတွေရော Trophy ဖိုး ကုန်ကျငွေတွေရော လောလောဆယ် ကျွန်တော် စိုက်ထားပါတယ်။
ကျွန်တော် ရှေ့ဆက်ပြီး Option (၃) ခုနဲ့ သူတို့ကို ဆက်သွယ်ထားပါတယ်။
(၁) အခမ်းအနား ခပ်ကြီးကြီးတစ်ခုနဲ့ လက်ခံမလား
(၂) အခမ်းအနား ခပ်သေးသေး တစ်ခုနဲ့ လက်ခံမလား
(၃) အခမ်းအနား မလုပ်တော့ပဲ ကျွန်တော်တို့က ကိုယ်စားပေးတာကို လက်ခံမလားဆိုပြီးတော့ပါ။
အဲဒီ (၃) ခုမှ ပထမ (၂) ခုဟာ ကျွန်တော်တို့ ဂုဏ်ပြုငွေတွေထဲက အတိုင်းအတာ တစ်ခုအထိ ပြန်သုံးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကြောင်းပြန်တာကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit: Soe Thiha Naung’s Fb
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top