ကေလးၾကိဳ႕ထိုးေနျပီ။ ဘာလုပ္ရမလဲ၊ ႏို႔တိုက္လိုက္ေလဆိုတာက အျမဲလိုလိုၾကားေနရတယ္ေနာ္။ ေနာက္တစ္ခုရွိေသးတယ္ ကေလးရဲ႕ အကႌ်ီမွာထြက္ေနတဲ့ ခ်ည္စေလးကို ေမေမ ဒါမွမဟုတ္ ဖြားဖြားက ဝါးျပီး ကေလးနဖူးမွာကပ္လို႔ ၾကိဳ႕ခမဲေပးလိုက္တာေလ။ ဒါကတကယ္ပဲ သက္သာသြားတာလား။ ဒီတစ္ေခါက္ေတာ့ ေဘဘီေလး ၾကိဳ႕ထိုးေနျပီဆိုရင္ ဘာလုပ္လို႔ လုပ္ေပးရမွန္းမသိဘူးဆိုတဲ့ ေမေမတို႔အတြက္ နည္းလမ္းေကာင္းေလးေတြေျပာျပေပးပါရေစေနာ္။
ဒါေတြေၾကာင့္ ေဘဘီေလးၾကိဳ႕ထိုးရတာပါ

ဒီအခ်က္ေတြေၾကာင့္ ေဘဘီေလးၾကိဳ႕ထိုးႏုိင္ပါတယ္။

    အစားစားရင္း ဒါမွမဟုတ္ ႏို႔ေသာက္ရင္း ေလေတြမ်ိဳခ်မိတာ
    တစ္ခုခုကို လန္႔သြားတဲ့အခါမ်ိဳး
    စိတ္ဖိစီးတဲ့အခါမ်ိဳး
    အစားေတြအမ်ားၾကီးစားမိတဲ့အခါမ်ိဳး
    အစားစားတာကိုျမန္ျမန္စားတာ ဒါမွမဟုတ္ ႏို႔ကို အငမ္းမရေသာက္တာ
    ေလေတြ အမ်ားၾကီးမ်ိဳခ်မိတာေတြေၾကာင့္ ေဘဘီေလးက ၾကိဳ႕ထိုးရတာပါေနာ္။

ၾကိဳ႕ထိုးတဲ့ ေဘဘီေလးကို ဘယ္လိုသက္သာေအာင္လုပ္ေပးမလဲ

ကေလးေလးေတြၾကိဳ႕ထားရတယ္ဆိုတာက ရင္ဝမ္းျခားေျမွးက်ံဳ႕သြားျပီး အသံၾကိဳးေတြကို ျမန္ျမန္ဆန္ဆန္ပိတ္လိုက္တာေၾကာင့္ ထြက္လာတဲ့ အသံပါ။ လူၾကီးေတြထင္ထားတာက ၾကိဳ႕ထိုးရင္ ခံရခက္တာေၾကာင့္ ေဘဘီေလးေတြဆိုလည္း ခံရခက္မယ္ေပါ့။ တကယ္ေတာ့ ကေလးအမ်ားစုက ၾကိဳ႕ထိုးတာေၾကာင့္ အေႏွာင့္အယွက္တစ္စံုတရာမရွိပါဘူး။ အအိပ္မပ်က္သလို အသက္ရႈတဲ့အေပၚမွာ ထိခိုက္မႈတစ္စံုတရာေတာင္မရွိပါဘူးေနာ္။

ေဘဘီေလးၾကိဳ႕ထိုးေနျပီဆိုရင္ သက္သာေစဖို႔ ဒီလိုေလးေတြလုပ္ေပးလို႔ရပါတယ္ေနာ္။

ေက်ာေလးကို ျဖည္းျဖည္းခ်င္းပုတ္ေပးပါ

ကေလးကို ႏို႔တိုက္ျပီးရင္ပဲျဖစ္ျဖစ္၊ အစားတစ္ခုခုေကၽြးျပီးရင္ျဖစ္ျဖစ္ ခဏေလာက္ေနျပီး ေက်ာေလးကို ခပ္ျဖည္းျဖည္းေလးပုတ္ေပးပါ။ ေလထုတ္ေပးတာေပါ့။ ဒီလိုလုပ္ေပးတာက ကေလးကို ေလထြက္သြားေစျပီး ၾကိဳ႕ထိုးတာကို သက္သာေစႏိုင္ပါတယ္ေနာ္။ ႏို႔တိုက္ကေလးကိုလည္း ႏို႔တိုက္ျပီးရင္ ရင္ဘတ္ထဲပိုက္ရင္း ေလထုတ္ေပးလို႔ရပါတယ္ေနာ္။ ေက်ာကိုပုတ္တဲ့အခါ ခပ္ဖြဖြ ခပ္ျဖည္းျဖည္းေလးျဖစ္ဖို႔ သတိထားပါ။ အားမသံုးမိပါေစနဲ႔။

တစ္ခါတေလမွာ ကေလးၾကိဳ႕ထိုးတာက အစားအစာတစ္ခုခုစားတာေၾကာင့္မဟုတ္ဘဲ သူ႔အလိုလိုေနရင္းက ျဖစ္လာတာမ်ိဳးလည္းရွိပါတယ္။ ဒီလိုျဖစ္တဲ့အခါ ကေလးကို ခ်ိဳလိမ္ေလးေပးစို႔လိုက္ပါ။ ဒီလိုလုပ္ေပးတာက ရင္ဝမ္းျခားေျမွးကို သက္ေတာင့္သက္သာျဖစ္ေစႏိုင္ပါတယ္။

ဒီအတိုင္းထားလိုက္ပါ

တစ္ခါတေလမွာ ကေလးၾကိဳ႕ထိုးတာက သူ႔အလိုလိုေနရင္းေပ်ာက္သြားတတ္ပါတယ္ေနာ္။ ၾကိဳ႕ထိုးတာေၾကာင့္ ကေလးက စိတ္အေႏွာက္အယွက္ျဖစ္တာမ်ိဳးမရွိဘူးဆိုရင္ ဒီအတိုင္းသာ ထားလိုက္ပါ။ အခ်ိန္နည္းနည္းၾကာရင္ သူ႔အလိုလိုသက္သာသြားပါလိမ့္မယ္။

ကေလးက ၾကိဳ႕ထုိးတာေၾကာင့္ ေနရထိုင္ရခက္ေနျပီဆိုရင္ေတာ့ ကေလူကို ေလေဆးအရည္ေလးတစ္ခုခုေလာက္တိုက္ေပးပါေနာ္။ ေလေဆးက ကေလးကို ၾကိဳ႕ထိုးသက္သာေစႏိုင္သလို အူနဲ႔ အစာေျခစနစ္ကို သက္ေတာင့္သက္သာျဖစ္ေစႏိုင္ပါတယ္ေနာ္။ ကေလးအတြက္ သီးသန္႔ထုတ္ထားတဲ့ ေလေဆးျဖစ္ဖို႔ေတာ့လိုပါမယ္ေနာ္။
ၾကိဳ႕ထိုးတာက ကာကြယ္လို႔ရပါတယ္

ကေလးကိုၾကိဳ႕ထိုးတာေၾကာင့္ ေနရထိုင္ရခက္တာမ်ိဳးမျဖစ္ခ်င္ဘူးဆိုရင္ေတာ့ ကာကြယ္ေပးလို႔ရပါတယ္ေနာ္။ ကေလးကိုၾကိဳ႕မထိုးေအာင္ ကာကြယ္ဖို႔ ဒီနည္းလမး္ေလးေတြက အသံုးဝင္မွာပါ။

    ကေလးကို ဗိုက္အရမ္းဆာမွာ ႏို႔တိုက္တာ၊ အစားေကၽြးတာမ်ိဳးမလုပ္ပါနဲ႔။
    ကေလးကို ထမင္းစားေနခ်ိန္၊ ႏို႔တိုက္ေနခ်ိန္မွာ သက္ေတာင့္သက္သာျဖစ္ေအာင္ ဂရုစိုက္ပါ။
    ကေလးကိုငိုေနတုန္း ႏို႔တိုက္တာမ်ိဳးမလုပ္ပါနဲ႔။
    ကေလးကို အစားတစ္ခုခုေကၽြးျပီးတိုင္းမွာ ျပင္းျပင္းထန္ထန္လႈပ္ရွားတာမ်ိဳးေပးမလုပ္ပါနဲ႔။
    အစားစားျပီးတိုင္း ကေလးကို မိနစ္ ၂၀ ကေန နာရီဝက္ေလာက္ ခပ္မတ္မတ္ေလးထိုင္ေပးပါ။
    ကေလးကို နည္းနည္းခ်င္းနဲ႔ မၾကာမၾကာေကၽြးေပးပါ။
    ကေလးပါးစပ္ထဲကို ေလမဝင္ေစဖို႔ ဂရုစိုက္ပါ။
    ကုန္သြားတဲ့ႏို႔ဗူးကို ေပးစို႔ထားတာမ်ိဳးမလုပ္ပါနဲ႔။

 Hello Health Group သည္ေဆးပညာအၾကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon

#Unicode Version# ျဖင့္ဖတ္ပါ ။

ကလေးကြို့ထိုးနေပြီ။ ဘာလုပ်ရမလဲ၊ နို့တိုက်လိုက်လေဆိုတာက အမြဲလိုလိုကြားနေရတယ်နော်။ နောက်တစ်ခုရှိသေးတယ် ကလေးရဲ့ အင်္ကျီမှာထွက်နေတဲ့ ချည်စလေးကို မေမေ ဒါမှမဟုတ် ဖွားဖွားက ဝါးပြီး ကလေးနဖူးမှာကပ်လို့ ကြို့ခမဲပေးလိုက်တာလေ။ ဒါကတကယ်ပဲ သက်သာသွားတာလား။ ဒီတစ်ခေါက်တော့ ဘေဘီလေး ကြို့ထိုးနေပြီဆိုရင် ဘာလုပ်လို့ လုပ်ပေးရမှန်းမသိဘူးဆိုတဲ့ မေမေတို့အတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေနော်။
ဒါတွေကြောင့် ဘေဘီလေးကြို့ထိုးရတာပါ

ဒီအချက်တွေကြောင့် ဘေဘီလေးကြို့ထိုးနိုင်ပါတယ်။

    အစားစားရင်း ဒါမှမဟုတ် နို့သောက်ရင်း လေတွေမျိုချမိတာ
    တစ်ခုခုကို လန့်သွားတဲ့အခါမျိုး
    စိတ်ဖိစီးတဲ့အခါမျိုး
    အစားတွေအများကြီးစားမိတဲ့အခါမျိုး
    အစားစားတာကိုမြန်မြန်စားတာ ဒါမှမဟုတ် နို့ကို အငမ်းမရသောက်တာ
    လေတွေ အများကြီးမျိုချမိတာတွေကြောင့် ဘေဘီလေးက ကြို့ထိုးရတာပါနော်။

ကြို့ထိုးတဲ့ ဘေဘီလေးကို ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

ကလေးလေးတွေကြို့ထားရတယ်ဆိုတာက ရင်ဝမ်းခြားမြှေးကျုံ့သွားပြီး အသံကြိုးတွေကို မြန်မြန်ဆန်ဆန်ပိတ်လိုက်တာကြောင့် ထွက်လာတဲ့ အသံပါ။ လူကြီးတွေထင်ထားတာက ကြို့ထိုးရင် ခံရခက်တာကြောင့် ဘေဘီလေးတွေဆိုလည်း ခံရခက်မယ်ပေါ့။ တကယ်တော့ ကလေးအများစုက ကြို့ထိုးတာကြောင့် အနှောင့်အယှက်တစ်စုံတရာမရှိပါဘူး။ အအိပ်မပျက်သလို အသက်ရှုတဲ့အပေါ်မှာ ထိခိုက်မှုတစ်စုံတရာတောင်မရှိပါဘူးနော်။

ဘေဘီလေးကြို့ထိုးနေပြီဆိုရင် သက်သာစေဖို့ ဒီလိုလေးတွေလုပ်ပေးလို့ရပါတယ်နော်။

ကျောလေးကို ဖြည်းဖြည်းချင်းပုတ်ပေးပါ

ကလေးကို နို့တိုက်ပြီးရင်ပဲဖြစ်ဖြစ်၊ အစားတစ်ခုခုကျွေးပြီးရင်ဖြစ်ဖြစ် ခဏလောက်နေပြီး ကျောလေးကို ခပ်ဖြည်းဖြည်းလေးပုတ်ပေးပါ။ လေထုတ်ပေးတာပေါ့။ ဒီလိုလုပ်ပေးတာက ကလေးကို လေထွက်သွားစေပြီး ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်နော်။ နို့တိုက်ကလေးကိုလည်း နို့တိုက်ပြီးရင် ရင်ဘတ်ထဲပိုက်ရင်း လေထုတ်ပေးလို့ရပါတယ်နော်။ ကျောကိုပုတ်တဲ့အခါ ခပ်ဖွဖွ ခပ်ဖြည်းဖြည်းလေးဖြစ်ဖို့ သတိထားပါ။ အားမသုံးမိပါစေနဲ့။

တစ်ခါတလေမှာ ကလေးကြို့ထိုးတာက အစားအစာတစ်ခုခုစားတာကြောင့်မဟုတ်ဘဲ သူ့အလိုလိုနေရင်းက ဖြစ်လာတာမျိုးလည်းရှိပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးကို ချိုလိမ်လေးပေးစို့လိုက်ပါ။ ဒီလိုလုပ်ပေးတာက ရင်ဝမ်းခြားမြှေးကို သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။

ဒီအတိုင်းထားလိုက်ပါ

တစ်ခါတလေမှာ ကလေးကြို့ထိုးတာက သူ့အလိုလိုနေရင်းပျောက်သွားတတ်ပါတယ်နော်။ ကြို့ထိုးတာကြောင့် ကလေးက စိတ်အနှောက်အယှက်ဖြစ်တာမျိုးမရှိဘူးဆိုရင် ဒီအတိုင်းသာ ထားလိုက်ပါ။ အချိန်နည်းနည်းကြာရင် သူ့အလိုလိုသက်သာသွားပါလိမ့်မယ်။

ကလေးက ကြို့ထိုးတာကြောင့် နေရထိုင်ရခက်နေပြီဆိုရင်တော့ ကလေူကို လေဆေးအရည်လေးတစ်ခုခုလောက်တိုက်ပေးပါနော်။ လေဆေးက ကလေးကို ကြို့ထိုးသက်သာစေနိုင်သလို အူနဲ့ အစာခြေစနစ်ကို သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်နော်။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ လေဆေးဖြစ်ဖို့တော့လိုပါမယ်နော်။
ကြို့ထိုးတာက ကာကွယ်လို့ရပါတယ်

ကလေးကိုကြို့ထိုးတာကြောင့် နေရထိုင်ရခက်တာမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ ကာကွယ်ပေးလို့ရပါတယ်နော်။ ကလေးကိုကြို့မထိုးအောင် ကာကွယ်ဖို့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

    ကလေးကို ဗိုက်အရမ်းဆာမှာ နို့တိုက်တာ၊ အစားကျွေးတာမျိုးမလုပ်ပါနဲ့။
    ကလေးကို ထမင်းစားနေချိန်၊ နို့တိုက်နေချိန်မှာ သက်တောင့်သက်သာဖြစ်အောင် ဂရုစိုက်ပါ။
    ကလေးကိုငိုနေတုန်း နို့တိုက်တာမျိုးမလုပ်ပါနဲ့။
    ကလေးကို အစားတစ်ခုခုကျွေးပြီးတိုင်းမှာ ပြင်းပြင်းထန်ထန်လှုပ်ရှားတာမျိုးပေးမလုပ်ပါနဲ့။
    အစားစားပြီးတိုင်း ကလေးကို မိနစ် ၂၀ ကနေ နာရီဝက်လောက် ခပ်မတ်မတ်လေးထိုင်ပေးပါ။
    ကလေးကို နည်းနည်းချင်းနဲ့ မကြာမကြာကျွေးပေးပါ။
    ကလေးပါးစပ်ထဲကို လေမဝင်စေဖို့ ဂရုစိုက်ပါ။
    ကုန်သွားတဲ့နို့ဗူးကို ပေးစို့ထားတာမျိုးမလုပ်ပါနဲ့။

 Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top