







Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #

အမြန်လမ်းမကြီးပေါ်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေတဲ့  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူငယ်တွေကို အဆိုတော် ဇော်ပိုင်နဲ့ နီနီခင်ဇော်တို့က လာရောက်ပါဝင် အားပေးကူညီပေးခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက  သတင်းထုတ်ပြန်ပါတယ်။

အမြန်လမ်းကြီးပေါ်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက်  ဧပြီ ၈ ရက်မနက်က အမှတ်(၃) လမ်းဆုံမှာ ခရီးသွား ပြည်သူတွေရဲ့ ယာဉ်တွေကို ကားတာယာ ကြံ့ခိုင်ရေး အခမဲ့ စစ်ဆေးဆောင်ရွက်ပေးခဲ့တယ်လို့ လည်းသိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မောင်းနှင်မယ့် ခရီးသည်ယာဉ်တွေ လိုက်နာရမယ့်  စည်းကမ်းချက် ၂၀ ကို အမြန်လမ်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားပြီး မလိုက်နာရင် ဧပြီ ၈ ရက်ကစပြီး အမြန်လမ်းပေါ် မောင်းနှင်ခွင့်မရှိဘူးလို့ လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စည်းကမ်းချက်တွေထဲမှာ ခရီးသည်တင် အမြန်ယာဉ်တွေ၊ မီနီဘတ်စ်တွေ၊ ဘုရားဖူးယာဉ်တွေအနေနဲ့ အရေးပေါ်ထွက်ပေါက် အသုံးပြုနိုင်အောင်ထားရှိဖို့၊ မီးသတ်ဆေးဘူး ၂ ဘူးတပ်ဆင်ဖို့၊ ယာဉ်မောင်းနဲ့ ခရီးသည်တွေအားလုံး ခါးပတ်တပ်ဆင်ဖို့  စတာတွေ ပါဝင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top