20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေလာက လူေတြဟာ စိတ္ရဲ႕ေပ်ာ္ေမြ႕
ရာေတြ ရွိၾကပါတယ္၊ စိတ္ရဲ႕ ေပ်ာ္ေမြ႕ရာမွာ
လူေတြဟာ ဘာနဲ႔ေပ်ာ္ၾကသလဲဆုိရင္ သားသမီးရွိတဲ့
ပုဂၢိဳလ္က သားသမီးနဲ႔ေပ်ာ္တယ္၊ ပစၥည္း
ရွိတဲ့ပုဂၢိဳလ္က ပစၥည္းဥစၥာနဲ႔ ေပ်ာ္တယ္၊ ေပ်ာ္စရာ
အာ႐ုံေတြနဲ႔ေပ်ာ္တယ္၊ ေလာကမွာ ေပ်ာ္စရာ
ေတြ အမ်ဳိးမ်ဳိးရွိတဲ့ထဲ လူေတြက တစ္ခု႐ုိးသြားရင္
ေနာက္တစ္ခုရွာၿပီး ေပ်ာ္ၾကတာပဲ၊ ေပ်ာ္စရာ
အမ်ဳိးမ်ဳိးရွာၾကပါတယ္။ မ်က္ေစ့ကၾကည့္ၿပီး
ေပ်ာ္စရာရွာတယ္၊ နားက နားေထာင္ၿပီး ေပ်ာ္စရာ
ရွာတယ္၊ မ်က္ေစ့ၾကည့္ရတာ ေညာင္းလုိ႔ရွိရင္
နားက နားေထာင္တယ္၊ လူေတြက အၿမဲတမ္း
ေပ်ာ္စရာေလးနဲ႔ေနၾကပါတယ္။

နတ္ျပည္မွာလည္းပဲ ဥယ်ာဥ္ေတြ
လွည့္ပတ္ၾကည့္လုိ႔၊ နတ္ဆုိင္းေတြတီးလုိ႔ နတ္ဂီတေတြ
နဲ႔ ဒီလုိ ေပ်ာ္ၾကတာေတြ ရွိၾကပါတယ္။
ဒါေတြက ေနာက္က် ၿငီးေငြ႕သြားတယ္၊ အသံဗလံေတြဆုိ
တာ ၾကာလာတဲ့အခါက် ၿငီးေငြ႕သြားတယ္။
ထာ၀ရ ေပ်ာ္မေနႏုိင္ၾကပါ၊ အဲဒီေတာ့ ေပ်ာ္စရာေတြ
ထဲမွာ သူတုိ႔ေတြ႕ေနတဲ့၊ ခံစားေနရတဲ့
ေပ်ာ္ရႊင္မႈေတြဟာ ၿငီးေငြ႕တယ္တဲ့၊ မေပ်ာ္ႏုိင္ဘူးေပါ႔။
အဲဒီေတာ့ “ေလာကမွာ ေပ်ာ္စရာအမ်ဳိးမ်ဳိးနဲ႔
လူေတြဟာ ေပ်ာ္ေနၾကတယ္၊ အဲဒီေပ်ာ္စ
ရာ အမ်ဳိးမ်ဳိးထဲမွာ ဘယ္ေပ်ာ္စရာက
အေကာင္းဆုံးလဲ” ဆုိတာကုိ ျမတ္စြာဘုရားကုိ ေမးတယ္။

ျမတ္စြာဘုရားက ေျဖလုိက္တယ္။ "သဗၺရတႎ
ဓမၼရတိ ဇိနာတိ။ သဗၺရတႎ " - ေလာကမွာ
ေပ်ာ္စရာေတြမွန္သမွ်ကုိ၊ ဓမၼရတိ- ဓမၼနဲ႔ ေမြ႕ေလ်ာ္
ေပ်ာ္ပုိက္ျခင္းကသာ၊ ဇိနာတိ- အႏုိင္ရတယ္။
ဓမၼရတိလုိ႔ဆုိတဲ့ ဓမၼနဲ႔ေပ်ာ္ေမြ႕ျခင္းက
အလြန္ၿငိမ္းခ်မ္းတယ္ေပါ့။ ဓမၼနဲ႔ေပ်ာ္ေမြ႕တဲ့ ေနာက္ကြယ္
မွာ ေသာကလည္း မလာဘူး၊ ပရိေဒ၀လည္းမလာဘူး၊
ပင္ပန္းႏြမ္းနယ္တာေတြလည္း မလာဘူး။

အရက္ေသစာနဲ႔ ေပ်ာ္တဲ့လူေတြက
ေနာက္တစ္ရက္က်ေတာ့ ပက္လက္ျဖစ္ကုန္ၾကတယ္။
တစ္ညလုံး ကၾကခုန္ၾက ေသာက္ၾက စားၾကတာ
ေနာက္တစ္ရက္က်ေတာ့ သြားေရာ။ ဓမၼနဲ႔ေပ်ာ္တဲ့
ပုဂၢိဳလ္က အဲဒီလုိ မဟုတ္ဘူးတဲ့၊ ခုေခတ္မွာေတာင္
တခ်ဳိ႕ရွိပါတယ္၊ တရားမွတ္ေကာင္းေနတယ္၊
တစ္ညလုံး မအိပ္ဘူးတဲ့။ ေနာက္တစ္ရက္လည္း
လန္းလန္းဆန္းဆန္းပဲ၊ တရားမွတ္လုိ႔ သမာဓိေတြ
ေကာင္းတယ္၊ ေနာက္တစ္ရက္လည္း
လန္းလန္းဆန္းဆန္းပဲ။ ၿငီးေငြ႕တာတုိ႔ အိပ္ခ်င္တာတုိ႔ - ဒါမ်ဳိး
ေတြ မရွိဘူးတဲ့။ တရားမွတ္လုိ႔ ေကာင္းေနတဲ့
ပုဂၢိဳလ္ေတြ ဓမၼႏွင့္ေပ်ာ္တာဟာ ေနာက္ဆက္တြဲ
ဘာမွ အပူအပင္ေတြ မလာဘူးတဲ့။ ဒါ႔ေၾကာင့္မုိ႔
“ဓမၼရတိ” ဟာ အေကာင္းဆုံးပဲလုိ႔ ျမတ္စြာဘုရားက
ေဟာၾကားေတာ္မူပါတယ္။ ။

ဒါေၾကာင့္မို႔ တရားခ်စ္ခင္ သူေတာ္စင္ ဓမၼမိတ္ေဆြ
အေပါင္းတို႔ဟာလည္း ခံစားရသည့္ ေပ်ာ္
ရႊင္မွဳ အားလံုးထဲတြင္ "ဓမၼရတိ" ဓမၼနဲ႔ ေမြ႕ေလ်ာ္
ေပ်ာ္ပိုက္ျခင္းကသာ အျမတ္ဆံုး၊ အသာဆံုး
ဟု နားလည္သေဘာေပါက္ၾကၿပီး နိဗၺာန္ခ်မ္းသာကို
ေမွ်ာ္မွန္းလ်က္ က်င့္ႀကံႀကိဳးကုတ္ အား
ထုတ္ေတာ္မူႏိုင္ၾကပါေစ ကုန္သတည္း။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေက်းဇူးေတာ္ရွင္ပါခ်ဳပ္ဆရာေတာ္ဘုရားၾကီး
# Unicode Version # ျဖင့္ ဖတ္ပါ #


 လောက လူတွေဟာ စိတ်ရဲ့ပျော်မွေ့
ရာတွေ ရှိကြပါတယ်၊ စိတ်ရဲ့ ပျော်မွေ့ရာမှာ
လူတွေဟာ ဘာနဲ့ပျော်ကြသလဲဆိုရင် သားသမီးရှိတဲ့
ပုဂ္ဂိုလ်က သားသမီးနဲ့ပျော်တယ်၊ ပစ္စည်း
ရှိတဲ့ပုဂ္ဂိုလ်က ပစ္စည်းဥစ္စာနဲ့ ပျော်တယ်၊ ပျော်စရာ
အာရုံတွေနဲ့ပျော်တယ်၊ လောကမှာ ပျော်စရာ
တွေ အမျိုးမျိုးရှိတဲ့ထဲ လူတွေက တစ်ခုရိုးသွားရင်
နောက်တစ်ခုရှာပြီး ပျော်ကြတာပဲ၊ ပျော်စရာ
အမျိုးမျိုးရှာကြပါတယ်။ မျက်စေ့ကကြည့်ပြီး
ပျော်စရာရှာတယ်၊ နားက နားထောင်ပြီး ပျော်စရာ
ရှာတယ်၊ မျက်စေ့ကြည့်ရတာ ညောင်းလို့ရှိရင်
နားက နားထောင်တယ်၊ လူတွေက အမြဲတမ်း
ပျော်စရာလေးနဲ့နေကြပါတယ်။

နတ်ပြည်မှာလည်းပဲ ဥယျာဉ်တွေ
လှည့်ပတ်ကြည့်လို့၊ နတ်ဆိုင်းတွေတီးလို့ နတ်ဂီတတွေ
နဲ့ ဒီလို ပျော်ကြတာတွေ ရှိကြပါတယ်။
ဒါတွေက နောက်ကျ ငြီးငွေ့သွားတယ်၊ အသံဗလံတွေဆို
တာ ကြာလာတဲ့အခါကျ ငြီးငွေ့သွားတယ်။
ထာဝရ ပျော်မနေနိုင်ကြပါ၊ အဲဒီတော့ ပျော်စရာတွေ
ထဲမှာ သူတို့တွေ့နေတဲ့၊ ခံစားနေရတဲ့
ပျော်ရွှင်မှုတွေဟာ ငြီးငွေ့တယ်တဲ့၊ မပျော်နိုင်ဘူးပေါ့။
အဲဒီတော့ “လောကမှာ ပျော်စရာအမျိုးမျိုးနဲ့
လူတွေဟာ ပျော်နေကြတယ်၊ အဲဒီပျော်စ
ရာ အမျိုးမျိုးထဲမှာ ဘယ်ပျော်စရာက
အကောင်းဆုံးလဲ” ဆိုတာကို မြတ်စွာဘုရားကို မေးတယ်။

မြတ်စွာဘုရားက ဖြေလိုက်တယ်။ "သဗ္ဗရတိံ
ဓမ္မရတိ ဇိနာတိ။ သဗ္ဗရတိံ " - လောကမှာ
ပျော်စရာတွေမှန်သမျှကို၊ ဓမ္မရတိ- ဓမ္မနဲ့ မွေ့လျော်
ပျော်ပိုက်ခြင်းကသာ၊ ဇိနာတိ- အနိုင်ရတယ်။
ဓမ္မရတိလို့ဆိုတဲ့ ဓမ္မနဲ့ပျော်မွေ့ခြင်းက
အလွန်ငြိမ်းချမ်းတယ်ပေါ့။ ဓမ္မနဲ့ပျော်မွေ့တဲ့ နောက်ကွယ်
မှာ သောကလည်း မလာဘူး၊ ပရိဒေဝလည်းမလာဘူး၊
ပင်ပန်းနွမ်းနယ်တာတွေလည်း မလာဘူး။

အရက်သေစာနဲ့ ပျော်တဲ့လူတွေက
နောက်တစ်ရက်ကျတော့ ပက်လက်ဖြစ်ကုန်ကြတယ်။
တစ်ညလုံး ကကြခုန်ကြ သောက်ကြ စားကြတာ
နောက်တစ်ရက်ကျတော့ သွားရော။ ဓမ္မနဲ့ပျော်တဲ့
ပုဂ္ဂိုလ်က အဲဒီလို မဟုတ်ဘူးတဲ့၊ ခုခေတ်မှာတောင်
တချို့ရှိပါတယ်၊ တရားမှတ်ကောင်းနေတယ်၊
တစ်ညလုံး မအိပ်ဘူးတဲ့။ နောက်တစ်ရက်လည်း
လန်းလန်းဆန်းဆန်းပဲ၊ တရားမှတ်လို့ သမာဓိတွေ
ကောင်းတယ်၊ နောက်တစ်ရက်လည်း
လန်းလန်းဆန်းဆန်းပဲ။ ငြီးငွေ့တာတို့ အိပ်ချင်တာတို့ - ဒါမျိုး
တွေ မရှိဘူးတဲ့။ တရားမှတ်လို့ ကောင်းနေတဲ့
ပုဂ္ဂိုလ်တွေ ဓမ္မနှင့်ပျော်တာဟာ နောက်ဆက်တွဲ
ဘာမှ အပူအပင်တွေ မလာဘူးတဲ့။ ဒါ့ကြောင့်မို့
“ဓမ္မရတိ” ဟာ အကောင်းဆုံးပဲလို့ မြတ်စွာဘုရားက
ဟောကြားတော်မူပါတယ်။ ။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေ
အပေါင်းတို့ဟာလည်း ခံစားရသည့် ပျော်
ရွှင်မှု အားလုံးထဲတွင် "ဓမ္မရတိ" ဓမ္မနဲ့ မွေ့လျော်
ပျော်ပိုက်ခြင်းကသာ အမြတ်ဆုံး၊ အသာဆုံး
ဟု နားလည်သဘောပေါက်ကြပြီး နိဗ္ဗာန်ချမ်းသာကို
မျှော်မှန်းလျက် ကျင့်ကြံကြိုးကုတ် အား
ထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top