
Credit:5Plus News
#Unicode Version#
ဇူလိုင်လ(၁)ရက်မှာ ဖွင့်လှစ်မယ့် ကျပ်(၁၀၀၀)တန် အောင်ဘာလေ ထီဖွင့်ပွဲမှာ ဆုငွေကျပ်သိန်း(၂)သောင်း ချီးမြှင့်သွားမယ်ဆိုပြီး လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ကြေညာချက်ဟာ သတင်းအမှား သာဖြစ်တယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က ပြောပါတယ်။
ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီလတ်မှတ်ကို အခုနှစ် ဖေဖော်ဝါရီလမှာစ တင်ရောင်းချခဲ့ပြီး ထီဆုငွေကို ငွေကျပ်သိန်း (၁၅၀၀၀)ချီးမြှင့်တာဖြစ် ပါတယ်။ကျပ်(၁၀၀၀)တန် အောင်ဘာလေထီဖွင့်ပွဲကိုတော့ (၂)ကြိမ်မြောက်ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:5Plus News