ဂီတေရစီးေၾကာင္းအေျပာင္းအလဲျဖစ္တဲ့ စတူဒီယို ေခတ္ကတည္းက ယေန႔အခ်ိန္အထ္ဂစ္တာတီးေကာင္းၿပီး သီခ်င္းေပါင္းမ်ားစြာ ေရးစပ္သီဆိုကာပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈကို ယေန႔တိုင္ရရိွေနတဲ့ ေတးေရး ၊ ေတးဆို ၊ ျမန္မာအိုင္ေဒါ မွာလည္း Trend ျဖစ္သြားႏိုင္ေလာက္တဲ့ မွတ္ခ်က္အလန္းစားေတြေျပာႏိုင္တဲ့ ႏိုင္ငံေက်ာ္ ျမန္မာျပည္သိန္းတန္က အကုန္သိနဲ႔အင္တာဗ်ဴးတစ္ခုမွာ ဂီတအစည္းအရံုးနဲ႔ပတ္သက္ၿပီးလုပ္သင့္လုပ္ထိုက္တဲ့ရိွသင့္ရိွထိုက္တဲ့ အေၾကာင္းအရာတခ်ိဳ႕ကိုေျပာျပသြားတာရိွပါတယ္ ။ သူေျပာျပသြားတဲ့အေၾကာင္းေတြကိုေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြသိေအာင္ ေျပာျပေပးလိုက္ပါတယ္ ။

အန္ကယ္တို႔ကိုယ္တိုင္လည္း ဒီစတူဒီယိုေခတ္ႀကီးစကတည္းက ဝါသနာအေလ်ာက္၊ ကိုယ့္ဟာကိုဝါသနာအရင္းခံအေလ်ာက္ဆိုတီးၿပီးေတာ့မွာ မ်က္စိပိတ္နားပိတ္ၿပီးေတာ့အသာေလးေနခဲ့တယ္။အခုခ်ိန္ကေတာ့အသာေလးေနလို႔မရေတာ့တဲ့အခ်ိန္အခါျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီဂီတေလာကသားကေလးေတြအားလံုးကလည္းေျပာလာၾကတယ္။ သူတို႔ရဲ႕ဆံုး႐ံႈးမႈေတြေပါ့ ။ ဂီတနဲ႔ပတ္သက္ၿပီးေတာ့ သူတို႔ရဲ႕အဆိုဘက္က သူတို႔ရဲ႕အတီးဘက္က ရသင့္ရထိုက္တဲ့ေခၽြးနဲစာေလးေတြ တိတိက်က်မရဘူး တျခားခံစားမႈေလးေတြတိတိက်က်မရဘူး ။ဒါေလးေတြရႏိုင္ဖို႔အတြက္က ဂီတအစည္းအ႐ံုးဗဟိုကဦးေဆာင္ေနတဲ့လူႀကီးေတြ လုပ္ေဆာင္မႈတာဝန္မွာတည္တယ္ေလ။ အဲ့ဒီေတာ့အန္ကယ္အခုခ်ိန္မွာၾကည့္လိုက္တဲ့အခါက်ေတာ့ အေပၚကေန ဂီတအစည္း႐ံုးမွာလုပ္ေဆာင္မယ့္အန္ကယ္တို႔ရဲ႕အမိအဖလူႀကီးေတြဟာ ဘယ္လိုလူႀကီးေတြျဖစ္သင့္ပါသလဲ ဆိုတာမ်ိဳးအန္ကယ္တို႔ဒီေခတ္မွာသံုးသပ္မယ္ ။ႏိုင္ငံေတာ့သမၼတႀကီးကလည္း တိုင္းျပည္နဲ႔အဝွန္းအဂတိပေပ်ာက္ေရး ၊တရားမွ်မွ်တတျဖစ္ေရး ၊ အခြင့္အေရးေတြတန္းတူရ႐ွိေရးအားျဖင့္အင္မတန္အဓိကထားၿပီးေတာ့ ေစတနာအမွန္နဲ႔ဦးေဆာင္ၿပီးေတာ့ လုပ္ကိုင္ေနတဲ့ေခတ္အခ်ိန္ခါႀကီးမွာ ဘယ္ဌာနမဆိုအေပၚကဦးေဆာင္ထားတဲ့လူႀကီးေတြကေအာက္ကေလာကေနတယ္ မိဘေတြျဖစ္တယ္ ။ ဒီလူႀကီးေတြအားလံုးဟာ စာရိတၱေတြခိုင္မာၾကမယ္ ၊ သီလ႐ိွၾကမယ္ဆိုလို႔႐ိွရင္ၿပီးၿပီ။ လူေကာင္း လို႔ေခၚလို႔ရၿပီ။ လူေကာင္းဆိုတာ သီလခိုင္ၿမဲတဲ့လူကိုယ့္က်င့္တရားခိုင္ၿမဲတဲ့လူ။ သူဟာမဟုတ္တ႐ုတ္အမွားအယြင္းေတြကို တစ္ခုမွမလုပ္ဘူး ။ အဲ့ဒီလိုေစာင့္ထိန္းၿပီးေတာ့မွာ သူေတာ္စင္လိုအေပၚကေနထိုင္ၿပီးေတာ့အုပ္ခ်ဳပ္ေပးႏိုင္မယ့္လူႀကီးမ်ိဳးေတြဒီေခတ္မွာလိုလာၿပီ။ ဒီေခတ္မွာဒီလိုအေျပာင္းလဲေတြလုပ္ဖို႔လုိလာၿပီ။

ေနာက္တစ္ခုဥပမာေပးရမယ္ဆိုရင္ ဒီေမာ္ေတာ္ကားလမ္းမႀကီးမွာ ဒီကားႀကီးဟာ ျမန္ျမန္ႀကီးေမာင္းဖို႔လိုရင္ျမန္ျမန္ေမာင္း ၊ ခပ္ေႏွးေႏွးေမာင္းဖို႔လိုရင္ ခပ္ေႏွးေႏွးေမာင္းေလးပဲေမာင္း ဒီအေျပာင္းအလဲမွာ ဒီလူႀကီးေတြေနရာမွာသမာသမတ္နဲ႔ေတာ္သင့္မွန္ကန္တဲ့ ေနရာမွန္လူေတာ္လူေကာင္းေတြေျပာင္းထည့္ေပးဖို႔အလုပ္ဟာ ဒီလမ္းမႀကီးမွာေမာ္ေတာ္ကားဟာ ျမန္ျမန္ေမာင္းဖို႔လိုတဲ့ဥပမာနဲ႔တူတဲ့ အျမန္ဆံုးအေကာင္ထည္ေဖာ္ဖို႔လိုတယ္။ သိပ္အၾကာႀကီးေတြေရ႐ွည္ႀကီးေတြလုပ္ေနဖို႔အဆင္မေျပဘူး ။ေကာင္းတာေတြျမန္ျမန္လုပ္ေတာ့ အဲ့ဒီလုပ္တဲ့ေနရာမွာလည္း ဘယ္လို လူႀကီးေတြေရြးမလဲဆိုတဲ့ေနရာမွာ မဟာဂီတအပါအဝင္ ၊ ကာလေပၚအဖြဲ႔အစည္းေတြ ၊ ေခတ္ေပၚစတူဒီယိုနဲ႔ Rap ေတြ ၊ Rocker ေတြ ၊ Hipp-Hopေတြအပါအဝင္ အင္မတန္ဦးေႏွာက္ထက္ျမတ္တဲ့ဘယ္သူမဆုိေရြးၾကေလ ညီတူညီမွ်ေရြးၾက။

လူငယ္ေတြရဲ႕ဦးေႏွာက္ကိုအသံုးျပဳၾကပါ။ အားကိုးပါ။အင္မတန္ထက္ျမတ္တဲ့ ကာလေပၚထဲကထြက္ရင္ထြက္လာမယ္။ မဟာဂီတထဲကလည္းထြက္ရင္ထြက္လာမယ္ ။ Hip-hopထဲကထြက္ရင္ထြက္လာၾကမယ္၊ ဒီလိုကေလးေတြကိုစုေပါင္းၿပီးေတာ့မွအေပၚမွာေနရာေပး လူေတာ္ေတြကိုေနရာေပးအလုပ္လုပ္ဖို႔ေနရာေပး။ အဲ့ဒီလူေတာ္ေတြကို သူတို႔ေလွ်ာက္တဲ့လမ္းေျဖာင့္ေျဖာင့္မတ္မတ္သြားႏိုင္ေအာင္ ေဘးကေနလူေကာင္းေတြကေန အသာေလးေဘးကေနၾကီးၾကပ္ေပးေစ။ေစာေစာကအလုပ္လုပ္ေနတဲ့လူေတာ္ေတြကို ေျဖာင့္ေျဖာင့္မွန္မွန္အလုပ္လုပ္ႏိုင္ေအာင္ မေကြ႔မေကာက္ျဖစ္မသြားေအာင္ လိုအပ္တဲ့အႀကံေလးေတြ ညႊန္ၾကားခ်က္ေလးေတြ ဆံုးမခ်က္ေလးေတြ ဒိလိုမ်ိဳးေလးေတြေပးၿပီးေတာ့မွ ဒီဟာကလူေတာ္နဲ႔လူေကာင္းကိုေနရာမွန္ေပးတတ္ခ်င္းဆိုတဲ့အတိုင္းျဖစ္မယ္”ဆိုၿပီးေျပာျပေပးခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ဂီတရေစီးကြောင်းအပြောင်းအလဲဖြစ်တဲ့ စတူဒီယို ခေတ်ကတည်းက ယနေ့အချိန်အထ်ဂစ်တာတီးကောင်းပြီး သီချင်းပေါင်းများစွာ ရေးစပ်သီဆိုကာပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ယနေ့တိုင်ရရှိနေတဲ့ တေးရေး ၊ တေးဆို ၊ မြန်မာအိုင်ဒေါ မှာလည်း Trend ဖြစ်သွားနိုင်လောက်တဲ့ မှတ်ချက်အလန်းစားတွေပြောနိုင်တဲ့ နိုင်ငံကျော် မြန်မာပြည်သိန်းတန်က အကုန်သိနဲ့အင်တာဗျူးတစ်ခုမှာ ဂီတအစည်းအရုံးနဲ့ပတ်သက်ပြီးလုပ်သင့်လုပ်ထိုက်တဲ့ရှိသင့်ရှိထိုက်တဲ့ အကြောင်းအရာတချို့ကိုပြောပြသွားတာရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

အန်ကယ်တို့ကိုယ်တိုင်လည်း ဒီစတူဒီယိုခေတ်ကြီးစကတည်းက ဝါသနာအလျောက်၊ ကိုယ့်ဟာကိုဝါသနာအရင်းခံအလျောက်ဆိုတီးပြီးတော့မှာ မျက်စိပိတ်နားပိတ်ပြီးတော့အသာလေးနေခဲ့တယ်။အခုချိန်ကတော့အသာလေးနေလို့မရတော့တဲ့အချိန်အခါဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂီတလောကသားကလေးတွေအားလုံးကလည်းပြောလာကြတယ်။ သူတို့ရဲ့ဆုံးရှုံးမှုတွေပေါ့ ။ ဂီတနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့အဆိုဘက်က သူတို့ရဲ့အတီးဘက်က ရသင့်ရထိုက်တဲ့ချွေးနဲစာလေးတွေ တိတိကျကျမရဘူး တခြားခံစားမှုလေးတွေတိတိကျကျမရဘူး ။ဒါလေးတွေရနိုင်ဖို့အတွက်က ဂီတအစည်းအရုံးဗဟိုကဦးဆောင်နေတဲ့လူကြီးတွေ လုပ်ဆောင်မှုတာဝန်မှာတည်တယ်လေ။ အဲ့ဒီတော့အန်ကယ်အခုချိန်မှာကြည့်လိုက်တဲ့အခါကျတော့ အပေါ်ကနေ ဂီတအစည်းရုံးမှာလုပ်ဆောင်မယ့်အန်ကယ်တို့ရဲ့အမိအဖလူကြီးတွေဟာ ဘယ်လိုလူကြီးတွေဖြစ်သင့်ပါသလဲ ဆိုတာမျိုးအန်ကယ်တို့ဒီခေတ်မှာသုံးသပ်မယ် ။နိုင်ငံတော့သမ္မတကြီးကလည်း တိုင်းပြည်နဲ့အဝှန်းအဂတိပပျောက်ရေး ၊တရားမျှမျှတတဖြစ်ရေး ၊ အခွင့်အရေးတွေတန်းတူရရှိရေးအားဖြင့်အင်မတန်အဓိကထားပြီးတော့ စေတနာအမှန်နဲ့ဦးဆောင်ပြီးတော့ လုပ်ကိုင်နေတဲ့ခေတ်အချိန်ခါကြီးမှာ ဘယ်ဌာနမဆိုအပေါ်ကဦးဆောင်ထားတဲ့လူကြီးတွေကအောက်ကလောကနေတယ် မိဘတွေဖြစ်တယ် ။ ဒီလူကြီးတွေအားလုံးဟာ စာရိတ္တတွေခိုင်မာကြမယ် ၊ သီလရှိကြမယ်ဆိုလို့ရှိရင်ပြီးပြီ။ လူကောင်း လို့ခေါ်လို့ရပြီ။ လူကောင်းဆိုတာ သီလခိုင်မြဲတဲ့လူကိုယ့်ကျင့်တရားခိုင်မြဲတဲ့လူ။ သူဟာမဟုတ်တရုတ်အမှားအယွင်းတွေကို တစ်ခုမှမလုပ်ဘူး ။ အဲ့ဒီလိုစောင့်ထိန်းပြီးတော့မှာ သူတော်စင်လိုအပေါ်ကနေထိုင်ပြီးတော့အုပ်ချုပ်ပေးနိုင်မယ့်လူကြီးမျိုးတွေဒီခေတ်မှာလိုလာပြီ။ ဒီခေတ်မှာဒီလိုအပြောင်းလဲတွေလုပ်ဖို့လိုလာပြီ။

နောက်တစ်ခုဥပမာပေးရမယ်ဆိုရင် ဒီမော်တော်ကားလမ်းမကြီးမှာ ဒီကားကြီးဟာ မြန်မြန်ကြီးမောင်းဖို့လိုရင်မြန်မြန်မောင်း ၊ ခပ်နှေးနှေးမောင်းဖို့လိုရင် ခပ်နှေးနှေးမောင်းလေးပဲမောင်း ဒီအပြောင်းအလဲမှာ ဒီလူကြီးတွေနေရာမှာသမာသမတ်နဲ့တော်သင့်မှန်ကန်တဲ့ နေရာမှန်လူတော်လူကောင်းတွေပြောင်းထည့်ပေးဖို့အလုပ်ဟာ ဒီလမ်းမကြီးမှာမော်တော်ကားဟာ မြန်မြန်မောင်းဖို့လိုတဲ့ဥပမာနဲ့တူတဲ့ အမြန်ဆုံးအကောင်ထည်ဖော်ဖို့လိုတယ်။ သိပ်အကြာကြီးတွေရေရှည်ကြီးတွေလုပ်နေဖို့အဆင်မပြေဘူး ။ကောင်းတာတွေမြန်မြန်လုပ်တော့ အဲ့ဒီလုပ်တဲ့နေရာမှာလည်း ဘယ်လို လူကြီးတွေရွေးမလဲဆိုတဲ့နေရာမှာ မဟာဂီတအပါအဝင် ၊ ကာလပေါ်အဖွဲ့အစည်းတွေ ၊ ခေတ်ပေါ်စတူဒီယိုနဲ့ Rap တွေ ၊ Rocker တွေ ၊ Hipp-Hopတွေအပါအဝင် အင်မတန်ဦးနှောက်ထက်မြတ်တဲ့ဘယ်သူမဆိုရွေးကြလေ ညီတူညီမျှရွေးကြ။

လူငယ်တွေရဲ့ဦးနှောက်ကိုအသုံးပြုကြပါ။ အားကိုးပါ။အင်မတန်ထက်မြတ်တဲ့ ကာလပေါ်ထဲကထွက်ရင်ထွက်လာမယ်။ မဟာဂီတထဲကလည်းထွက်ရင်ထွက်လာမယ် ။ Hip-hopထဲကထွက်ရင်ထွက်လာကြမယ်၊ ဒီလိုကလေးတွေကိုစုပေါင်းပြီးတော့မှအပေါ်မှာနေရာပေး လူတော်တွေကိုနေရာပေးအလုပ်လုပ်ဖို့နေရာပေး။ အဲ့ဒီလူတော်တွေကို သူတို့လျှောက်တဲ့လမ်းဖြောင့်ဖြောင့်မတ်မတ်သွားနိုင်အောင် ဘေးကနေလူကောင်းတွေကနေ အသာလေးဘေးကနေကြီးကြပ်ပေးစေ။စောစောကအလုပ်လုပ်နေတဲ့လူတော်တွေကို ဖြောင့်ဖြောင့်မှန်မှန်အလုပ်လုပ်နိုင်အောင် မကွေ့မကောက်ဖြစ်မသွားအောင် လိုအပ်တဲ့အကြံလေးတွေ ညွှန်ကြားချက်လေးတွေ ဆုံးမချက်လေးတွေ ဒိလိုမျိုးလေးတွေပေးပြီးတော့မှ ဒီဟာကလူတော်နဲ့လူကောင်းကိုနေရာမှန်ပေးတတ်ချင်းဆိုတဲ့အတိုင်းဖြစ်မယ်”ဆိုပြီးပြောပြပေးခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top