ခြန္တံဆိပ္ကပ္မထား တဲ့ ေျပစာေတြထုတ္ေပးရင္ နီးစပ္ရာအခြန္႐ုံးေတြကို တိုင္ၾကားႏိုင္တယ္လို႔လည္း အသိေပးထားပါတယ္။ဓာတ္ပုံ မူပိုင္SAI AUNG MAIN

ခြန္တံဆိပ္ကပ္မထား တဲ့ ေျပစာေတြထုတ္ေပးရင္ နီးစပ္ရာအခြန္႐ုံးေတြကို တိုင္ၾကားႏိုင္တယ္လို႔လည္း အသိေပးထားပါတယ္။
တရားမဝင္တင္သြင္းတာေတြ ပေပ်ာက္ဖို႔ လက္ကိုင္ဖုန္း ဟန္းဆက္နဲ႔ ဆက္စပ္ပစၥည္းေတြဝယ္ရင္ ၂၀၁၉ ဇြန္လ ၁ ရက္ေန႔ကစၿပီး ငါးရာခိုင္ႏႈန္းကို အေရာင္းေျပစာအေပၚမွာ အခြန္အမွတ္တံဆိပ္ေခါင္းကပ္ၿပီးေရာင္းဖို႔ၫႊန္ၾကားထားတယ္လို႔ ျပည္တြင္းအခြန္ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးမင္းထြဋ္က ေျပာပါတယ္။

ဒီလိုၫႊန္ၾကားတာဟာ ဟန္းဆက္ ေရာင္းတဲ့ ဆိုင္ရွင္အခ်ိဳ႕ အခြန္ေရွာင္လို႔ ျဖစ္ၿပီးေတာ့ အခြန္ပိုရေအာင္ အစိုးရဘက္ ကႀကိဳးစားတာျဖစ္တယ္လည္းသူက ေျပာပါတယ္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာနက စားေသာက္ဆိုင္၊ ဟိုတယ္၊ တည္းခိုခန္း၊ ေ႐ႊဆိုင္မ်ား၊ ႐ုပ္သံဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအား ၎တို႔ထုတ္ေပးတဲ့ ေျပစာမွာ ဝယ္ယူသူက ေပးေဆာင္လိုက္တဲ့အခြန္ကို ေရာင္းခ်လ်က္ရွိပါတယ္။

ဒီစနစ္ဟာ ျပည္တြင္းက ဖုန္းဟန္းဆက္ဝယ္သူေတြကပဲေပးရဖို႔ရွိၿပီးေတာ့ ဆိုင္ရွင္ေတြကေတာ့ သူတို႔အခြန္ ေကာတ္ႏႈန္းကိုပါ တခါတည္းထည့္ၿပီးေရာင္းလို႔ရသလို သီးျခားခြဲၿပီး ဝယ္သူဆီကေကာတ္လို႔ရတယ္လို႔လည္း ဖုန္းဟန္းဆက္ေရာင္းသူတခ်ိဳ႕က ေျပာပါတယ္။

ဘယ္သူကေပးရမွာလဲ

ဝယ္သူကေပးရမွာပါ။ ဆိုင္ေတြက မေကာက္ေပးၾကလို႔ ျဖစ္တယ္လို႔ လည္း ျပည္တြင္းအခြန္ကေျပာပါတယ္။

ဥပေဒအရ က်သင့္တဲ့ အခြန္ကို ဝယ္သူထံကတပါတည္း ေကာက္ရမွာလို႔ ျပဌာန္းထားေပမဲ့ မေကာက္ၾကလို႔ အခုလို တံဆိပ္ေခါင္းကပ္ၿပီးေကာတ္ဖို႔ လုပ္တာလို႔လည္း ျပည္တြင္းအခြန္က အေၾကာင္းျပပါတယ္။

ေပးရမွာက ငါးရာခိုင္ႏႈန္း ဆိုေတာ့ တစ္သိန္းတန္ဆို ၅၀၀၀၊ ၁၀သိန္းတန္ဆို ၅ ေသာင္း၊ သိန္း ၂၀ တန္ဝယ္ရင္ တစ္သိန္းျဖစ္ပါတယ္ ။

တရားမဝင္တင္သြင္းသူေတြဆီကဝယ္ရင္ အခြန္ ကအခုတိုင္းျဖစ္ၿပီးေတာ့ ေဈးပိုႀကီးလာႏိုင္ပါတယ္။

ကုန္သြယ္လုပ္ငန္းခြန္ေပး ၿပီး တရားဝင္တင္သြင္းသူေတြဆီကေတာ့ ကုန္သြယ္လုပ္ငန္းခြန္ႏုတ္ၿပီးမွ ေကာတ္လို႔အခြန္သက္သာခြင့္ ပိုရပါတယ္။

တစ္သိန္းတစ္ေသာင္းတန္ဖုန္းကို တရားဝင္တင္သြင္းသူဆီက ဝယ္ရင္ အခြန္က ၅၀၀ေလာက္ ပဲက်ႏိုင္ ၿပီးတရားမဝင္တင္သြင္းသူဆီက ေဈးအတူတူ ဝယ္ရင္ အခြန္က ၅၅၀၀ေလာက္ ျဖစ္သြားႏိုင္တယ္လို႔ ျပည္တြင္းအခြန္ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးမင္းထြဋ္ ကေျပာပါတယ္။

ဥေရာပမွာေကာက္တဲ့ VAT(value added tax) သေဘာပါပဲ။ ဟန္းဆက္တန္းဖိုးအေပၚက်သင့္တဲ့ အခြန္ေကာက္တာပါလို႔လည္း ျပည္တြင္းအခြန္ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထြဋ္ကေျပာပါတယ္။

လက္ကိုင္ဖုန္းဟန္းဆက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဝယ္ယူသူ ေတြအေနနဲ႔ က်သင့္အခြန္တန္ဖိုး တံဆိပ္ကပ္ထားတဲ့ ေျပစာေတာင္းယူဖို႔ အခြန္တံဆိပ္ကပ္မထား တဲ့ ေျပစာေတြထုတ္ေပးရင္ နီးစပ္ရာအခြန္႐ုံးေတြကို တိုင္ၾကားႏိုင္တယ္လို႔လည္း အသိေပးထားပါတယ္။

ျမန္မာႏိုင္ငံဟာကတ္စနစ္ ျပည့္ျပည့္ဝဝ မသုံးႏိုင္ေသးဘဲ ေငြလက္ငင္းစနစ္ပဲ အမ်ားစုက သုံးေနတာေၾကာင့္အခြန္ဆုံးရႈံးမႈေတြရွိေနတယ္လို႔လည္း ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးမင္းထြဋ္ကေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

ခွန်တံဆိပ်ကပ်မထား တဲ့ ပြေစာတွေထုတ်ပေးရင် နီးစပ်ရာအခွန်ရုံးတွေကို တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။ဓာတ်ပုံ မူပိုင်SAI AUNG MAIN

ခွန်တံဆိပ်ကပ်မထား တဲ့ ပြေစာတွေထုတ်ပေးရင် နီးစပ်ရာအခွန်ရုံးတွေကို တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
တရားမဝင်တင်သွင်းတာတွေ ပပျောက်ဖို့ လက်ကိုင်ဖုန်း ဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေဝယ်ရင် ၂၀၁၉ ဇွန်လ ၁ ရက်နေ့ကစပြီး ငါးရာခိုင်နှုန်းကို အရောင်းပြေစာအပေါ်မှာ အခွန်အမှတ်တံဆိပ်ခေါင်းကပ်ပြီးရောင်းဖို့ညွှန်ကြားထားတယ်လို့ ပြည်တွင်းအခွန်ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က ပြောပါတယ်။

ဒီလိုညွှန်ကြားတာဟာ ဟန်းဆက် ရောင်းတဲ့ ဆိုင်ရှင်အချို့ အခွန်ရှောင်လို့ ဖြစ်ပြီးတော့ အခွန်ပိုရအောင် အစိုးရဘက် ကကြိုးစားတာဖြစ်တယ်လည်းသူက ပြောပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနက စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်များ၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်းရှင်များအား ၎င်းတို့ထုတ်ပေးတဲ့ ပြေစာမှာ ဝယ်ယူသူက ပေးဆောင်လိုက်တဲ့အခွန်ကို ရောင်းချလျက်ရှိပါတယ်။

ဒီစနစ်ဟာ ပြည်တွင်းက ဖုန်းဟန်းဆက်ဝယ်သူတွေကပဲပေးရဖို့ရှိပြီးတော့ ဆိုင်ရှင်တွေကတော့ သူတို့အခွန် ကောတ်နှုန်းကိုပါ တခါတည်းထည့်ပြီးရောင်းလို့ရသလို သီးခြားခွဲပြီး ဝယ်သူဆီကကောတ်လို့ရတယ်လို့လည်း ဖုန်းဟန်းဆက်ရောင်းသူတချို့က ပြောပါတယ်။

ဘယ်သူကပေးရမှာလဲ

ဝယ်သူကပေးရမှာပါ။ ဆိုင်တွေက မကောက်ပေးကြလို့ ဖြစ်တယ်လို့ လည်း ပြည်တွင်းအခွန်ကပြောပါတယ်။

ဥပဒေအရ ကျသင့်တဲ့ အခွန်ကို ဝယ်သူထံကတပါတည်း ကောက်ရမှာလို့ ပြဌာန်းထားပေမဲ့ မကောက်ကြလို့ အခုလို တံဆိပ်ခေါင်းကပ်ပြီးကောတ်ဖို့ လုပ်တာလို့လည်း ပြည်တွင်းအခွန်က အကြောင်းပြပါတယ်။

ပေးရမှာက ငါးရာခိုင်နှုန်း ဆိုတော့ တစ်သိန်းတန်ဆို ၅၀၀၀၊ ၁၀သိန်းတန်ဆို ၅ သောင်း၊ သိန်း ၂၀ တန်ဝယ်ရင် တစ်သိန်းဖြစ်ပါတယ် ။

တရားမဝင်တင်သွင်းသူတွေဆီကဝယ်ရင် အခွန် ကအခုတိုင်းဖြစ်ပြီးတော့ ဈေးပိုကြီးလာနိုင်ပါတယ်။

ကုန်သွယ်လုပ်ငန်းခွန်ပေး ပြီး တရားဝင်တင်သွင်းသူတွေဆီကတော့ ကုန်သွယ်လုပ်ငန်းခွန်နုတ်ပြီးမှ ကောတ်လို့အခွန်သက်သာခွင့် ပိုရပါတယ်။

တစ်သိန်းတစ်သောင်းတန်ဖုန်းကို တရားဝင်တင်သွင်းသူဆီက ဝယ်ရင် အခွန်က ၅၀၀လောက် ပဲကျနိုင် ပြီးတရားမဝင်တင်သွင်းသူဆီက ဈေးအတူတူ ဝယ်ရင် အခွန်က ၅၅၀၀လောက် ဖြစ်သွားနိုင်တယ်လို့ ပြည်တွင်းအခွန်ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ် ကပြောပါတယ်။

ဥရောပမှာကောက်တဲ့ VAT(value added tax) သဘောပါပဲ။ ဟန်းဆက်တန်းဖိုးအပေါ်ကျသင့်တဲ့ အခွန်ကောက်တာပါလို့လည်း ပြည်တွင်းအခွန်ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောပါတယ်။

လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူ တွေအနေနဲ့ ကျသင့်အခွန်တန်ဖိုး တံဆိပ်ကပ်ထားတဲ့ ပြေစာတောင်းယူဖို့ အခွန်တံဆိပ်ကပ်မထား တဲ့ ပြေစာတွေထုတ်ပေးရင် နီးစပ်ရာအခွန်ရုံးတွေကို တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

မြန်မာနိုင်ငံဟာကတ်စနစ် ပြည့်ပြည့်ဝဝ မသုံးနိုင်သေးဘဲ ငွေလက်ငင်းစနစ်ပဲ အများစုက သုံးနေတာကြောင့်အခွန်ဆုံးရှုံးမှုတွေရှိနေတယ်လို့လည်း ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်ကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top