အသက္ ၅ ေအာက္နွစ္ငယ္တဲ့ကေလးငယ္ရြယ္တဲ့ ကေလးငယ္ေတြဟာ ဘယ္ပစၥည္းက ဘယ္ဟာျဖစ္တတ္တယ္။ ဘယ္လိုမလုပ္ရဘူးဆိုတာ နားမလည္းေသးတဲ့ အရြယ္ျဖစ္ပါတယ္။ ကေလးငယ္ေတြအမ်ားစုဟာ ဆိုးလဲ ဆိုးသလို အရမ္းလည္း စပ္စုတတ္ၾကတဲ့ အရြယ္ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ မိဘေတြက ဂရုတစုိက္နဲ့ ထိန္းသိမ္း ေပးဖိုလိုအပ္ပါတယ္။

တရုတ္နိုင္ငံ ရွမ္းယန္းမွာ ေနထုိင္တဲ့ ယန္ ဆိုတဲ့ ၅ နွစ္အရြယ္ ကေလးငယ္ ဟာ စားစရာမဟုတ္တာကို ပါးစပ္ထဲ့ ထည့္မိလို့ ေပါက္ခြဲမွဳျဖစ္ပြားခဲ့ပါတယ္။ ယန္းဟာ ဧည့္ခန္းထဲမွာ ကစားစရာေတြနဲ႔ ကစားေနစဥ္ အေမျဖစ္သူက မီးဖိုေခ်ာင္ထဲမွာ ခ်က္ျပဳတ္ေနခဲ့ပါတယ္။ ႐ုတ္တရက္ အဧည့္ခန္းအျပင္ဘက္ကေန ေပါက္ကြဲတဲ့အသံတစ္ခုထြက္ေပါက္လာ တာေၾကာင့္ မိခင္ျဖစ္သူက မီးဖိုေခ်ာင္ကေန အေျပးထြက္ၾကည့္ရာမွာေတာ့ ယန္း ဟာ ပါးစပ္တျပင္လုံး ေပးသလူးၿပီး ေသြးေတြလည္းထြက္ခါ ေအာ္ဟစ္ငိုယိုေနတာကို ေတြ႕ရပါတယ္။

အေမျဖစ္သူက အနီးကပ္ၾကည့္မိတဲ့အခါ ဓာတ္ခဲ/ဘက္ထရီ အပိုင္းအစေတြ ၾကမ္းျပင္ေပၚမွာ ျပန္႔က်ဲေနၿပီး ကေလးရဲ႕ ပါးစပ္မွာလည္း မီးေလာင္ၿပီး ေပါက္ကြဲမႈဒဏ္ရာမ်ိဳးျဖစ္ေပၚေနတာေၾကာင့္ နီးစပ္ရာေဆး႐ုံကို လ်င္လ်င္ျမန္ျမန္ပဲ ပို႔ေဆာင္ေပးခဲ့ရပါတယ္။

ကေလးဟာကစားစရာထဲမွာပါတဲ့ ဘက္ထရီ/ ဓာတ္ခဲကို ထုတ္ၿပီး ကိုက္ရာကေန ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ကေလးရဲ႕ အေပၚႏႈတ္ခမ္းေထာင့္နားကြဲသြားၿပီး ၃ခ်က္ေလာက္ ခ်ဳပ္လိုက္ရပါတယ္။ ဒီလိုအျဖစ္အပ်က္ဟာ အခက္မသင့္ရင္ေသေစႏိုင္သလို ႀကီးတဲ့အထိ ကေလးရဲ႕ ဘဝဟာ ဒုကၡိတဘဝကို အေရာက္ေစႏိုင္ဘူးလို႔ မေျပာႏိုင္ပါဘူး။

ဒါ့ေၾကာင့္ ယန္ ရဲ႕ မိခင္ျဖစ္သူဟာ မိမိလိုအျဖစ္မ်ိဳး အျခားကေလးရွိတဲ့ မိခင္ေတြ မျဖစ္ေအာင္ ပိုမိုသတိျပဳမိေအာင္လို႔သူ႔ရဲ႕ အျဖစ္အပ်က္ေလးကို မွတ္တမ္းတင္ခဲ့ၿပီး ကေလးနဲ႔ ပတ္သတ္တဲ့ အျခားအႏၱရာယ္ျဖစ္ေစမဲ့ အရာေတြပါ ထည့္သြင္းမွ်ေဝသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay

#Unicode Version#
အသက် ၅ အောက်နှစ်ငယ်တဲ့ကလေးငယ်ရွယ်တဲ့ ကလေးငယ်တွေဟာ ဘယ်ပစ္စည်းက ဘယ်ဟာဖြစ်တတ်တယ်။ ဘယ်လိုမလုပ်ရဘူးဆိုတာ နားမလည်းသေးတဲ့ အရွယ်ဖြစ်ပါတယ်။ ကလေးငယ်တွေအများစုဟာ ဆိုးလဲ ဆိုးသလို အရမ်းလည်း စပ်စုတတ်ကြတဲ့ အရွယ်ဖြစ်ပါတယ်။ ဒီအချိန်မှာ မိဘတွေက ဂရုတစိုက်နဲ့ ထိန်းသိမ်း ပေးဖိုလိုအပ်ပါတယ်။

တရုတ်နိုင်ငံ ရှမ်းယန်းမှာ နေထိုင်တဲ့ ယန် ဆိုတဲ့ ၅ နှစ်အရွယ် ကလေးငယ် ဟာ စားစရာမဟုတ်တာကို ပါးစပ်ထဲ့ ထည့်မိလို့ ပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ယန်းဟာ ဧည့်ခန်းထဲမှာ ကစားစရာတွေနဲ့ ကစားနေစဉ် အမေဖြစ်သူက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေခဲ့ပါတယ်။ ရုတ်တရက် အဧည့်ခန်းအပြင်ဘက်ကနေ ပေါက်ကွဲတဲ့အသံတစ်ခုထွက်ပေါက်လာ တာကြောင့် မိခင်ဖြစ်သူက မီးဖိုချောင်ကနေ အပြေးထွက်ကြည့်ရာမှာတော့ ယန်း ဟာ ပါးစပ်တပြင်လုံး ပေးသလူးပြီး သွေးတွေလည်းထွက်ခါ အော်ဟစ်ငိုယိုနေတာကို တွေ့ရပါတယ်။

အမေဖြစ်သူက အနီးကပ်ကြည့်မိတဲ့အခါ ဓာတ်ခဲ/ဘက်ထရီ အပိုင်းအစတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး ကလေးရဲ့ ပါးစပ်မှာလည်း မီးလောင်ပြီး ပေါက်ကွဲမှုဒဏ်ရာမျိုးဖြစ်ပေါ်နေတာကြောင့် နီးစပ်ရာဆေးရုံကို လျင်လျင်မြန်မြန်ပဲ ပို့ဆောင်ပေးခဲ့ရပါတယ်။

ကလေးဟာကစားစရာထဲမှာပါတဲ့ ဘက်ထရီ/ ဓာတ်ခဲကို ထုတ်ပြီး ကိုက်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလေးရဲ့ အပေါ်နှုတ်ခမ်းထောင့်နားကွဲသွားပြီး ၃ချက်လောက် ချုပ်လိုက်ရပါတယ်။ ဒီလိုအဖြစ်အပျက်ဟာ အခက်မသင့်ရင်သေစေနိုင်သလို ကြီးတဲ့အထိ ကလေးရဲ့ ဘဝဟာ ဒုက္ခိတဘဝကို အရောက်စေနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

ဒါ့ကြောင့် ယန် ရဲ့ မိခင်ဖြစ်သူဟာ မိမိလိုအဖြစ်မျိုး အခြားကလေးရှိတဲ့ မိခင်တွေ မဖြစ်အောင် ပိုမိုသတိပြုမိအောင်လို့သူ့ရဲ့ အဖြစ်အပျက်လေးကို မှတ်တမ်းတင်ခဲ့ပြီး ကလေးနဲ့ ပတ်သတ်တဲ့ အခြားအန္တရာယ်ဖြစ်စေမဲ့ အရာတွေပါ ထည့်သွင်းမျှဝေသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top