








Credit: thutasone

#Unicode Version# ဖြင့်ဖတ်ပါ ။

ကားတွေ တော်တော်များများ ကုန်းအဆင်းတွေမှာ ဘရိတ်ပေါက်လို့ဆိုပြီး ချောက်တွေထဲ ထိုးကျနေတာကို စိတ်မကောင်းစွာနဲ့ မကြာခဏ မြင်နေရပါတယ်ဗျာ…

တကယ်ဆို…ဘရိတ်ဆိုတာ အဲ့လောက် အပေါက်မလွယ်ပါဘူးဗျ…ကုန်းအဆင်းကရှည်တာကို ဂီယာကြီးနဲ့ မဆင်းဘဲ…

၂ ၃ ဂီယာလောက်နဲ့ဆင်းပြီး ဘရိတ်ကို အကြာကြီးမှေးထားတော့ ဘရိတ်ရှုးတွေ ဘရိတ်ဒစ်တွေ အရမ်းပူလာတဲ့ အချိန်ကျတော့ ဘရိတ်က ဘယ်လိုမှ မမိတော့ဘဲ ခြေနင်းအောက်အထိကျပြီး…ဘရိတ်ပျောက်သွားတတ်တာပါ…

အဲ့လိုမဖြစ်အောင်လို့ ကုန်းဆင်းရှည်ရင် ဂီယာကြီး ၁ ၂ L,2,B,S စတဲ့ ဂီယာတွေနဲ့သာ ထိန်းဆင်းပါဗျာ…..

အဆင်းရှည်တာကို Manualရော Auto Gear ရောပါ ဘရိတ်ကိုအကြာကြီးထိန်းဆင်းရင် ဘရိတ်ပျောက်ပြီး ဘရိတ်မမိတော့ပါ…

ဆင်းနေရင်း ခြေနင်းဘရိတ်ပျော့ပြီး ဘရိတ်ပျောက်သွားရင် ၁ L,B ဂီယာရအောင်ထည့်၍ ထိန်းဆင်းကာ ရပ်လို့ရတဲ့နေရာရောက်ရင်….

နာရီဝက် လေးဆယ့်ငါးမိနစ်လောက် ခဏ နားထားရင် ဘရိတ်နဂိုအတိုင်း အပေါ်ပြန်တက်လာပြီးဘရိတ်ပြန်မိပါလိမ့်မယ်ဗျာ…

အတက် မတက်နိုင်တာ ရပ်ထားလို့ရပေမယ့်…အဆင်း ဘရိတ်မနိုင်ရင် ရပ်ထားလို့မရတာကြောင့် မိတ်ဆွေကားမောင်းသူများ အဆင်းတွေမှာ ဖြေးဖြေးသာ စိတ်ရှည်ရှည်ထားဆင်းဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ…

မိတ်ဆွေများ အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးသို့ ရောက်ကြပါစေ…။

ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top