
သစ်ပင်စမ်းသပ်မှု
















-၁၄ကိုရွေးတာက


-၂၀ကတော့




Credit:xyznews
# Unicode Version # ဖြင့် ဖတ်ပါ #

ကျောက်မျက်ရတနာစမ်းသပ်မှုတစ်ခုနဲ့မကျေနပ်နိုင်တဲ့လူတွေအတွက် သင့်အတွင်းစိတ်ကိုဖွင့်ဟပေးမယ့်နောက် ထပ်စမ်းသပ်မှုတစ်ခုပေးသွားမှာဖြစ်ပါတယ်။

သစ်ပင်စမ်းသပ်မှု

ဒီစမ်းသပ်မှုကတော့ Pip Wilsonကဖန်တီးခဲ့တာဖြစ်ပြီးတော့ သူက နာမည်ကြီးဗြိတိသျှစိတ် ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီဟာကိုစဖန်တီးခဲ့တုန်းကတော့ မူလတန်းကျောင်းသားတွေ အတွက်ဖြစ်ပြီး သူတို့စာစသင်တဲ့ပထမသုံးနှစ်မှာဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်မလဲ ဆိုတာစမ်းသပ်ဖို့ဖြစ်ပေမယ့်လည်း လူကြီးတွေနဲ့လည်း သင့်တော်နေတာကိုတွေ့ရပါတယ်။

ဒီစမ်းသပ်မှုကသင့်ရဲ့ စစ်မှန်ပြီး လိုချင်နေတဲ့ စိတ်ခံစားချက်အခြေအနေကိုပြောသွားမှာဖြစ်ပြီးတော့ သင့်ရဲ့လူမှုပတ်ဝန်းကျင်အခြေအနေကိုလည်းအတိုင်းအတာတစ်ခုအထိပြောသွားမှာဖြစ်ပါတယ်။

ဒီပုံထဲမှာရှိတဲ့လူတစ်ယောက်စီကမတူတဲ့ခံစားချက်အမျိုးမျိုးရှိပြီးတော့ သစ်ပင်ပေါ်မှာလည်း မတူတဲ့နေရာမှာရှိနေပါတယ်။ပထမဆုံး သင်နဲ့ဆင်တူတဲ့လူရုပ်ကိုရှာပါ။ပြီးရင်သင်ဆင်တူချင်တဲ့လူ ရုပ်ကိုထပ်ရှာကြည့်ပါ။

စစ်ဆေးမှုရလဒ်အဓိပ္ပာယ်ဖွင့်ဆိုချက်

-တကယ်လို့သင်ဟာ လူရုပ် ၁၊ ၃၊ ၆ ဒါမှမဟုတ် ၇ကိုရွေးခဲ့တယ်ဆိုရင်တော့ သင်ဟာ စိတ်ပိုင်းဖြတ်နိုင်တဲ့လူဖြစ်ပြီးတော့ အခက်အခဲတွေ အတားအဆီးတွေကိုမကြောက်သူ လည်းဖြစ်ပါတယ်။

-တကယ်လို့သင်ဟာ ၂၊ ၁၁၊ ၁၂၊ ၁၈ ဒါမှမဟုတ် ၁၉ကသင်နဲ့တူတယ်လို့ထင်ရင်တော့ သင်ဟာသင့်သူငယ်ချင်းတွေလိုတဲ့အချိန်မှာ အမြဲတမ်းရှိနေတတ်တဲ့ နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

-၄ကိုရွေးခဲ့တယ်ဆိုရင်တော့

သင်ဟာခက်ခဲမှုတွေအောင်နိုင်ဖို့မတွေဝေပဲ အောင်မြင်မှုကိုရအောင်လိုချင်ကြတဲ့ စိတ်မယိမ်းမယိုင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

-၅ကိုရွေးခဲ့တယ်ဆိုရင်တော့

သင်ဟာရံဖန်ရံခါပင်ပန်းနေတတ်ပြီး အားနည်းတာမျိုးတွေခံစားတတ်ပြီးတော့ ဘဝအတွက်ခွန်အားကလည်းမရှိသလောက်နည်းနေပါတယ်။

-သင်ဟာ၉ကိုရွေးခဲ့တယ်ဆိုရင်တော့ သင်ဟာပျော်ပျော်နေတတ်ပြီးတော့ ပျော်စရာတွေကိုနှစ်သက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

-၁၃ဒါမှမဟုတ် ၂၁ကိုရွေးခဲ့တယ်ဆိုရင်တော

သင်ဟာကိုယ့်ဘာသာပဲကိုယ်နေချင်ပြီးတော့ တစ်ခါတစ်လေစိတ်လှုပ်ရှားတတ်ပြီး တစ်ခြားလူတွေကိုလည်းရှောင်နေတတ်ပါတယ်။

-၈တော့ သင်ဟာတစ်ကယ့်ကိုစိတ်ကူးယဉ်သမားဆိုတာကိုပြောနေပါတယ်။သင်ဟာသင့်ကမ္ဘာထဲမှာ သင်နေချင်ပြီးတော့လက်တွေ့နဲ့ဝေးဝေးမှာနေချင်နေပါတယ်။

-၁၀နဲ့၁၅ကိုရွေးခဲ့ရင်တော့ သင်ဟာကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်တာခံရတဲ့လူဖြစ်တာကိုပြောနေပြီးတော့ သင်ပိုင်ဆိုင်တဲ့ဘဝကိုသင်ပျော်နေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။

-၁၄ကိုရွေးတာက

သင်ဟာခံစားချက်ပိုင်းဆိုင်ရာမှာအရမ်းကိုပင်ပန်းနေတဲ့သဘောဖြစ်ပါတယ်။သင့်ရဲ့အတွင်းစိတ်ပြသနာဒါမှမဟုတ် စိတ်သောကရောက်တာတွေကိုရင်ဆိုင်ဖို့အခွင့်ကောင်းတစ်ခုဖြစ်ပါတယ်။

-၂၀ကတော့

ကိုယ့်ရဲ့အရေးပါမှုကိုခံစားရစိတ်မြင့်တဲ့လူကိုပြောတာဖြစ်ပါတယ်။သင်ကခေါင်းဆောင်တစ်ယောက်အနေနဲ့မွေးဖွားလာပြီးတော့တခြားလူတွေကသင့်တစ်ယောက်တည်းရဲ့စကားကိုပဲနားထောင်စေချင်တဲ့လူဖြစ်ပါတယ်။

-သင်ဟာ ၁၆ကိုရွေးခဲ့တယ်ဆိုရင်တော့

သင်ဟာတစ်စုံတစ်ယောက်ကိုထောက်ပံ့ကူညီနေရတာကိုစိတ်ကုန်နေတဲ့လူဖြစ်ပါတယ်။ဒါပေမယ့်လည်းသင့်ကို၁၇ကဖက်ထားတဲ့ပုံကိုတွေ့ရင်တော့ သင့်ကိုချစ်မြတ်နိုးတဲ့လူဟာ သင်တစ်ယောက်တည်း ပဲရှိ တယ်လို့သင်ထင်နေမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top