မေကြးတိုင္းေဒသျကီး ျမိုင္ျမို့နယ္ ပုသိမ္-မံုရြာကားလမ္း လင္းကေတာေက်းရြာ အနီးမိုင္တိုင္အမွတ္ ၄၁၆/၇ နွင့္ ၄၁၇/ဝျကားတြင္ယာဉ္တိုက္မႈျဖစ္ပြားရာအဖြားအိုတစ္ဦး အခင္းျဖစ္ေနရာတြင္ ေသဆံုးျပီး ၆ဦးျပည္သူ့ေဆးရံုတြင္ေသဆံုးေျကာင္း ဧျပီ၇ ရက္ နံက္ပိုင္းက သိရသည္။

ျဖစ္စဉ္မွာ ျမိုင္ျမို့နယ္ လင္းကေတာနယ္ေျမရဲစခန္းအပိုင္ပုသိမ္-မံုရြာကားလမ္းမိုင္တိုင္အမွတ္၄၁၆/၇ နွင့္၄၁၇/ဝျကားယာဉ္တိုက္မႈျဖစ္ပြားေျကာင္းသတင္းအရလင္းကေတာနယ္ေျမရဲစခန္းမႉး ရဲအုပ္ေအာင္ေက်ာ္မိုး နွင့္အဖြဲ့သည္ သက္ေသဦးတင္ဝင္း-ေက်းရြာအုပ္ခ်ုပ္ေရးမႉးနွင့္ဦးေအာင္စိန္ ေတာရြာေက်းရြာတို့နွင့္အတူအခင္းျဖစ္ေနရာသို့ျမိုင္ျမို့နယ္ ရဲတပ္ဖြဲ့မႉးတို့ အတူ သြားေရာက္ စစ္ေဆးရာယာဉ္တိုက္မႈ ေျကာင့္ ယာဉ္ေမာင္းဦးေက်ာ္ျမင့္ ေမာင္းနွင္လာေသာ7K/—— ယာဉ္ေပၚတြင္ ကေလး/လူျကီး(၃၀)ခန့္ လိုက္ပါစီနင္းလာသူမ်ားအနက္ ေဒၚေရာ(သ)၇၅ နွစ္-အုတ္ဖိုေက်းရြာေနသူမွာျပင္ပဒဏ္ရာမရွိဘဲအခင္းျဖစ္ေနရာတြင္ေသဆံုးျပီးတစ္ရြာထဲေနသူေဒၚေအးခိုင္ ၆၇ နစ္၊ေဒၚေရွြစီ၅၉နွစ္၊ ေဒၚေရွြျကည္ ၆၂နွစ္၊ေဒၚျကည္လွ ၄၃နွစ္၊ေဒၚျမရွိန္ ၆၈
နွစ္ေဒၚသန္းေဌးတို့သည္ျမိုင္ျပည္သူ့ေဆးရံုတြင္ေသဆံုးျပီးဒဏ္ရာအသီးသီးရရွိသူမ်ားကိုေဆးကုသခံယူေနေျကာင္းသိရသည္။

ျဖစ္စဉ္မွာ မံုရြာျမို့မွမအူပင္ျမို့သို့(ေျမာက္ မွေတာင္ အတိုင္း)ယာဉ္ေမာင္း ခ်စ္ေမွြး ၂၅နွစ္ ေခ်ာက္ျမို့ေနသူ ေမာင္းနွင္လာေသာယာဉ္အမွတ္-YGN 9B/—–UDNISSAN(၈)ဘီး ယာဉ္သည္လမ္းမွားလာသည္အထင္ျဖင့္မံုရြာဘက္သို့ကားေခါင္းအားျပန္လည္ခ်ိုးေကြ့ရာလမ္းလယ္၌ကားကန့္လန့္ျဖစ္ေနစဉ္ျမိုင္ျမို့ဘက္မွေခ်ာင္းဦးျမို့ဘက္သို့(ေတာင္ေျမာက္အတိုင္း) ယာဉ္ေမာင္း ေဇာ္လင္းေမာ္ေတာ္ကားသည္ေရွ့မွေမာင္းနွင္ျပီး

ကပ္လ်က္ေနာက္မွ လိုက္ပါလာေသာယာဉ္ MDY7K——ယာဉ္တို့ေမာင္းနွင္လာရာ ဆီေဘာက္ဆာယာဉ္လမ္းေကြ့ေနေျကာင္းေတြ့ျမင္ရသျဖင့္ ယာဉ္ေမာင္းေဇာ္မင္း (ေရွ့ကား)မွ လမ္းေဘးခ်ရပ္ရာေနာက္ ကားေမာင္းနွင္သူေက်ာ္ျမင့္ ကားသည္အရွိန္မထိမ္းနိုင္ဘဲေရွ့မွ ယာဉ္အား ေက်ာ္တက္ခဲ့ရာလမ္းခ်ိုးေကြ့ေနေသာဆီေဘာက္ဆာယာဉ္အားဝင္ေရာက္တိုက္မိသည့္ယာဉ္ေမာင္းတို့အား အမႈဖြင့္ ေဆာင္ရြက္ထားေျကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပုသိမ်-မုံရွာကားလမ်း လင်းကတောကျေးရွာ အနီးမိုင်တိုင်အမှတ် ၄၁၆/၇ နှင့် ၄၁၇/ဝကြားတွင်ယာဉ်တိုက်မှုဖြစ်ပွားရာအဖွားအိုတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးပြီး ၆ဦးပြည်သူ့ဆေးရုံတွင်သေဆုံးကြောင်း ဧပြီ၇ ရက် နံက်ပိုင်းက သိရသည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းအပိုင်ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်၄၁၆/၇ နှင့်၄၁၇/ဝကြားယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရလင်းကတောနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ကျော်မိုး နှင့်အဖွဲ့သည် သက်သေဦးတင်ဝင်း-ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဦးအောင်စိန် တောရွာကျေးရွာတို့နှင့်အတူအခင်းဖြစ်နေရာသို့မြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ အတူ သွားရောက် စစ်ဆေးရာယာဉ်တိုက်မှု ကြောင့် ယာဉ်မောင်းဦးကျော်မြင့် မောင်းနှင်လာသော7K/—— ယာဉ်ပေါ်တွင် ကလေး/လူကြီး(၃၀)ခန့် လိုက်ပါစီနင်းလာသူများအနက် ဒေါ်ရော(သ)၇၅ နှစ်-အုတ်ဖိုကျေးရွာနေသူမှာပြင်ပဒဏ်ရာမရှိဘဲအခင်းဖြစ်နေရာတွင်သေဆုံးပြီးတစ်ရွာထဲနေသူဒေါ်အေးခိုင် ၆၇ နစ်၊ဒေါ်ရွှေစီ၅၉နှစ်၊ ဒေါ်ရွှေကြည် ၆၂နှစ်၊ဒေါ်ကြည်လှ ၄၃နှစ်၊ဒေါ်မြရှိန် ၆၈
နှစ်ဒေါ်သန်းဌေးတို့သည်မြိုင်ပြည်သူ့ဆေးရုံတွင်သေဆုံးပြီးဒဏ်ရာအသီးသီးရရှိသူများကိုဆေးကုသခံယူနေကြောင်းသိရသည်။

ဖြစ်စဉ်မှာ မုံရွာမြို့မှမအူပင်မြို့သို့(မြောက် မှတောင် အတိုင်း)ယာဉ်မောင်း ချစ်မွှေး ၂၅နှစ် ချောက်မြို့နေသူ မောင်းနှင်လာသောယာဉ်အမှတ်-YGN 9B/—–UDNISSAN(၈)ဘီး ယာဉ်သည်လမ်းမှားလာသည်အထင်ဖြင့်မုံရွာဘက်သို့ကားခေါင်းအားပြန်လည်ချိုးကွေ့ရာလမ်းလယ်၌ကားကန့်လန့်ဖြစ်နေစဉ်မြိုင်မြို့ဘက်မှချောင်းဦးမြို့ဘက်သို့(တောင်မြောက်အတိုင်း) ယာဉ်မောင်း ဇော်လင်းမော်တော်ကားသည်ရှေ့မှမောင်းနှင်ပြီး

ကပ်လျက်နောက်မှ လိုက်ပါလာသောယာဉ် MDY7K——ယာဉ်တို့မောင်းနှင်လာရာ ဆီဘောက်ဆာယာဉ်လမ်းကွေ့နေကြောင်းတွေ့မြင်ရသဖြင့် ယာဉ်မောင်းဇော်မင်း (ရှေ့ကား)မှ လမ်းဘေးချရပ်ရာနောက် ကားမောင်းနှင်သူကျော်မြင့် ကားသည်အရှိန်မထိမ်းနိုင်ဘဲရှေ့မှ ယာဉ်အား ကျော်တက်ခဲ့ရာလမ်းချိုးကွေ့နေသောဆီဘောက်ဆာယာဉ်အားဝင်ရောက်တိုက်မိသည့်ယာဉ်မောင်းတို့အား အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top