စလင္းတြင္ အစာအဆိပ္သင့္၍ လူဦးေရ(၁၂၀)ေက်ာ္ဝမ္းပ်က္ဝမ္းေလ်ာျဖစ္

မေကြးတိုင္းေဒသၾကီး၊ စလင္းျမိဳ႕နယ္၊ ၾကပၸါယ္ေက်းရြာအုပ္စု ေရႊတြင္းတူးေက်းရြာတြင္ အစာအဆိပ္သင့္၍ လူဦးေရ(၁၂၀)ေက်ာ္ ဝမ္းပ်က္ဝမ္းေလ်ာျဖစ္၍ ကုသမႈခံယူေနရေၾကာင္း သတင္းရသည္။

အစာအဆိပ္သင့္သူမ်ားမွာ ဧျပီ(၁၇)ရက္တြင္ ေရႊတြင္းတူးေက်းရြာ ရြာအလွဴတြင္စားေသာက္ျပီးေနာက္တြင္မွ ဝမ္းပ်က္ဝမ္းေလ်ာေရာဂါ စတင္ျဖစ္ပြားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရ သိရသည္။

“အခုလိုျဖစ္တာကေတာ့ အလွဴတစ္ခုမွာ သြားစားၾကျပီး ျပန္လာက့တည္းကျဖစ္ၾကတာပါ။ ေတာဓေလ့ ပဲၾကီးဟင္းခ်က္၊ သရက္ခ်ဥ္သုပ္၊ ေညာင္ရြက္သုပ္နဲ႔ ငရုပ္သီးေက်ာ္တို႔နဲ႔ေကြ်းတာဆိုေတာ့ ရာသီဥတုပူတဲ့အခ်ိန္နဲ႔ အခန္႔မသင့္ျပီး ဝမ္းပ်က္ဝမ္းေလ်ာျဖစ္တယ္လို႔ထင္ပါတယ္။

သက္ဆိုင္ရာက်န္းမာေရးဌာနေတြကေတာ့ ေဆးထိုးေဆးကု လုပ္ေနၾကပါျပီ။ လိုအပ္ေနတာကေတာ့ ေရသန္႔ဘူးအကူအညီ လိုအပ္ေနပါတယ္”ဟု ေဒသခံတဦးက ေျပာသည္။

လက္ရွိအခ်ိန္တြင္ အဆိုပါ အစာအဆိပ္သင့္သူမ်ာအား သရက္ေတာတိုက္နယ္ေဆးရုံး၊ က်န္းမာေရးမွဴး၊ သူနာျပဳမ်ားႏွင့္ ေျပာင္းခင္းက်န္းမာေရးမွဴးတို႔က လာေရာက္ျပဳစုကုသေပးေနသျဖင့္ စိုးရိမ္ဖြယ္ရာမရွိေၾကာင္း ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

စလင်းတွင် အစာအဆိပ်သင့်၍ လူဦးရေ(၁၂၀)ကျော်ဝမ်းပျက်ဝမ်းလျောဖြစ်

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြပ္ပါယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာတွင် အစာအဆိပ်သင့်၍ လူဦးရေ(၁၂၀)ကျော် ဝမ်းပျက်ဝမ်းလျောဖြစ်၍ ကုသမှုခံယူနေရကြောင်း သတင်းရသည်။

အစာအဆိပ်သင့်သူများမှာ ဧပြီ(၁၇)ရက်တွင် ရွှေတွင်းတူးကျေးရွာ ရွာအလှူတွင်စားသောက်ပြီးနောက်တွင်မှ ဝမ်းပျက်ဝမ်းလျောရောဂါ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“အခုလိုဖြစ်တာကတော့ အလှူတစ်ခုမှာ သွားစားကြပြီး ပြန်လာက့တည်းကဖြစ်ကြတာပါ။ တောဓလေ့ ပဲကြီးဟင်းချက်၊ သရက်ချဉ်သုပ်၊ ညောင်ရွက်သုပ်နဲ့ ငရုပ်သီးကျော်တို့နဲ့ကျွေးတာဆိုတော့ ရာသီဥတုပူတဲ့အချိန်နဲ့ အခန့်မသင့်ပြီး ဝမ်းပျက်ဝမ်းလျောဖြစ်တယ်လို့ထင်ပါတယ်။

သက်ဆိုင်ရာကျန်းမာရေးဌာနတွေကတော့ ဆေးထိုးဆေးကု လုပ်နေကြပါပြီ။ လိုအပ်နေတာကတော့ ရေသန့်ဘူးအကူအညီ လိုအပ်နေပါတယ်”ဟု ဒေသခံတဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ အစာအဆိပ်သင့်သူမျာအား သရက်တောတိုက်နယ်ဆေးရုံး၊ ကျန်းမာရေးမှူး၊ သူနာပြုများနှင့် ပြောင်းခင်းကျန်းမာရေးမှူးတို့က လာရောက်ပြုစုကုသပေးနေသဖြင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း ၎င်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top