20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ” ဟဲ့.. ေအးသီမ .. ထ ထ”
အေမ့ေအာ္သံ အက္အက္ ေၾကာင့္ ေစာင္အစုတ္ေလးထဲ ေကြးေနရာမွ သူဖ်တ္ခနဲ လန္႔ႏိုးသြား သည္။ ေျခေထာက္နားမွ စိုစိစိ အထိအေတြ႕ေၾကာင့္ ေမာင္ေလး ေသးေပါက္ခ် ထားျပန္ၿပီဟု အိပ္ခ်င္မူးတူး ေတြးမိေသာ္လည္း … ေမာင္ေလး ေသသြားၿပီ ဆိုတာ သူ ခ်က္ျခင္း သတိရလိုက္သည္ ။ မိုးယိုတာ ျဖစ္မည္။

ေမာင္ေလးေသတာ ၇ ရက္ေက်ာ္ခဲ့ၿပီ။ ေအးသီမ ေမာင္ေလး သိပ္ခ်စ္ဖို႔ ေကာင္းခဲ့ပါသည္။ မဲတူးျပာခံေနေသာ ဝဝလံုးလံုး ေမာင္ေလး.. ဘယ္သူမွသင္မေပးပါပဲ ေအးသီမကို ျပံဳးရယ္ျပတတ္ေသာေမာင္ေလး.. ။ဂ်ီးေၾကာင္းထေနေသာ ပါးေဖာင္းေဖာင္းေလးအား နမ္းမဝခ်င္။ ေမာင္ေလး အခါလည္ ေက်ာ္ရံုကတည္းက အိမ္ကို အလုပ္အေကၽြးျပဳခဲ့သည္။ မအံ့ၾသပါႏွင့္ … အမွန္တကယ္ ေမာင္ေလး ရွာေကၽြးေသာ ထမင္းမ်ား ေအးသီမတို႔ စားခဲ့ရသည္။

“အံ့ၾကည္ နင့္ကေလး ငွါးမလား တရက္ ၂ေထာင္တဲ့ .. ဆန္ဖိုးရတာေပါ့ ။ ”

“ေခၚသြားေလ .. ေဟာဟိုမွာ”

အေမက ခ်ဲတြက္မပ်က္ပဲ ပုဆိုးစုတ္ အေထြးထဲဖင္ေျပာင္ ေကြးေကြးေလး အိပ္ေပ်ာ္ေနေသာ ေမာင္ေလးကို ေမးေငါ့ေျဖသည္။ မေနႏိုင္ေသာ ေအးသီမ ကသာ

“ခဏေလးအန္တီ ဘယ္ထိထြက္ၾကမွာတဲ့ လဲ?? မိုးေတြကအံု႔လို႔.. သမီး ေမာင္ေလးကို အေႏြးထည္ေလး ဝတ္ေပးလိုက္ခ်င္လို႔… ”

” မသာမ လွ်ာရွည္မေနနဲ႔ .. နင္ဘာဝတ္ေပးေပး ဟိုက ဟာေတြအကုန္ခၽြတ္ၿပီး စြတ္က်ယ္စုတ္ပဲ ဆင္မွာ.. လုပ္စရာရွိတာလုပ္စမ္း ., ေစာက္စကားကို မ်ားတယ္”

အေမ့ေငါက္သံေၾကာင့္ ေအးသီမ အထြန္႔မတတ္ရဲေတာ့.. ။

အန္တီေအး ဇတ္ကနဲ ေပြ႕ယူသြားေသာ ေမာင္ေလးကို မ်က္ရည္ အဝဲသား ႏွင့္ လိုက္ၾကည့္ေနမိသည္.. ။ အိပ္ခ်င္မူးတူး ႏွင့္မို႔ထင့္ ေမာင္ေလးဆီက ဘာသံမွမၾကားရ .. ။ သံုးအိမ္ေက်ာ္ေလာက္ေရာက္မွ ေမာင္ေလး လန္႔ငိုသံၾကားရသည္ .. စူးစူးဝါးဝါး က်ယ္က်ယ္ ေလာင္ေလာင္.. ။ ေမာင္ေလးငိုေနသည့္ အသံက ဝါးဝါး ဟု မထြက္ပဲ မမေရ မမေရ ဟု ေအးသီမ ၾကားေနသည္။ ကမန္းကတန္း တဲကျပင္ေလးထိထြက္ၿပီး ေမာင္ေလးကို ျမင္ရႏိုး လိုက္ၾကည့္သည္။ ၿပီးေတာ့ စာရြက္မ်ား ၾကားထဲ ခံတံတစ္ေခ်ာင္းျဖင့္ အလုပ္ရႈပ္ေနေသာ အေမ့ဆီ ျပန္လာၿပီး ..

“အေမ .. လုပ္ပါဦး ေမာင္ေလးငိုေနတယ္ .. ေမာင္ေလးငိုေနတယ္ေတာ့.. ”

“ေျဗာင္း…. ”

“မွတ္ပလား ဟင္.. ကိုယ့္ေစာက္လုပ္ မဟုတ္တာ ဝင္ဝင္ရႈပ္ခ်င္ဦး..။ နင့္ေမာင္တစ္ေယာက္တည္း မဟုတ္ဘူး။ တရပ္ကြက္ လံုးက ကေလးေတြ အငွါး လိုက္ေနၾကတာ မျမင္ဘူးလား? ဒါအလုပ္ပဲ။ ငါတားတားေနတဲ့ၾကားက နင္ ထမင္းရည္ေတြ ခိုးခိုးတိုက္ေနလို႔ နင့္ေမာင္ ဝလံုးေနလို႔ ငွါးမယ့္လူမရွိတာ.. ။ ခုလာေခၚေဖာ္ရတာပဲေက်းဇူးတင္ ။ မသာမ ေသမယ္။ ေနာက္ခါ”

အေမ့လက္ၾကမ္းႀကီးရဲ႕ ႐ိုက္ခ်က္ကေက်ာျပင္တစ္ခုလံုး ေအာင့္တတ္သြားသည္။ သို႔ေသာ္ မနာပါ ။ နာေနသည္က ေအးသီမ ဘယ္ဘက္ရင္အံုက ျဖစ္သည္။ ဘာေၾကာင့္လဲဆိုတာ ပညာမတတ္ေသာ ၁၅ ႏွစ္သမီး ေအးသီမ မေတြးတတ္။

ဒီလိုႏွင့္ပဲ ေမာင္ေလးကို ေန႔စဥ္ မနက္ေစာေစာ လာလာေခၚၿပီး ညေနမိုးခ်ဳပ္ႀကီးက်မွ လာျပန္ေပးၾကသည္။ ပထမေတာ့ ေအးသီမ ေမာင္ေလး ပင္ပန္းၿပီး အိပ္ေနတာ ျဖစ္မယ္ဟုထင္ေသးသည္။ ဒါေပမယ့္ ေမာင္ေလး အရင္လို မဟုတ္ေတာ့.. ေမာင္ေလး ထမင္းစားပါတယ္ ေျပာၿပီး တျဖည္းျဖည္း.. ပိန္လာသည္။ ၿပီးေတာ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ေမာင္ေလး အိပ္ေနတတ္သည္။ ညမိုးခ်ဳပ္လို႔ ေအးသီမ ဆီေမာင္ေလးျပန္ေရာက္တိုင္း ေအးစက္ေနေသာ အသားမ်ားႏွင့္ ေမာင္ေလး အိပ္ေမာက်ေနတတ္သည္။

အၿမဲတမ္း အသားေတြ ေအးစက္ၿပီး လႈပ္ရွားမႈမရွိ အိပ္ေမာက်ေနတတ္ေသာ ေမာင္ေလး.. မိုးသည္းေသာ မနက္ခင္း တစ္ခုတြင္ အရင္အတိုင္း အသားေတြေအးစက္ကာ မလႈပ္မယွက္ အိပ္ေပ်ာ္ေနသည္။ မထူးဆန္းပါ… ထူျခားတာတစ္ခုက ေမာင္ေလး အသက္မရွဴေတာ့တာ ျဖစ္သည္။ ဟုတ္သည္ ေမာင္ေလး အဲ့လို ေသသြားခဲ့တာ ျဖစ္သည္။

” ဟဲ့ မထေသးဘူးလား။ .. ေထာင္ထဲဝင္သြားတဲ့ သေတာင္းစား သူ႔အေဖ အခ်ိဳးပါေတာ္ .. ေစာက္ပ်င္းေတြ တစ္တာ တစ္တာ ဆိုတာ။ ျမန္ျမန္ထ ေကာင္မရဲ႕ .. တိုးေက်ာ္ မမွီပဲေနမယ္”

” ဟုတ္ အေမႏိုးပါၿပီ”

ေမာင္ေလးအေၾကာင္းေတြးရင္း ဝဲမိေသာ မ်က္ရည္စမ်ားကို မသုတ္ေတာ့ပဲ လူးလဲထရင္း ေရကျပင္က မိုးေရခံထားေသာ ဇလားထဲမွမိုးေရမ်ားႏွင့္ေရာခ်လိုက္သည္။

အေမေျပာတာ ဟုတ္သည္။ ၾကည့္ျမင္တိုင္ ကမ္းနားကို မနက္ ၅ ခြဲကပ္ေသာ တိုးေက်ာ္ သေဘၤာအမွီ ေကာက္ညႇင္းေပါင္း ေတာင္းႏွင့္ေရာက္ဖို႔အေရးႀကီးသည္။ ၿပီးလွ်င္ ဆင္မင္းအိမ္ယာဘက္ ပတ္ရမည္။ သူ၉ ခြဲအမွီ ေကာင္ညႇင္းေပါင္း ကုန္မွ ညေန ၁၀ႏွစ္သမီး ညီမေလး ညဘက္ မုန္႔ဖက္ထုတ္ထြက္ေရာင္းဖို႔ အရင္းရေပမည္။ ၿပီးလွ်င္ သူတေနကုန္ ေရစည္လွဲ တိုက္ရမည္။ မိုးရာသီမို႔ အလုပ္မေကာင္းလွ အိမ္က်နည္းသည္။ အေမျပင္ေပးထားေသာ ေကာက္ညႇင္းေပါင္းေတာင္း ခါးေပၚေကာင္တင္ ေခါင္းပုသံုးေသာ ေဖ့အေမြ ပုဆိုးစုတ္ေလး ပုခံုးေပၚလႊားရင္း သူေလွဆိပ္ဆင္းရန္ျပင္သည္.. ။

“ဟဲ့ ဒီမိုးကုန္ နင္ေစ်းဆက္မေရာင္းရေတာ့ဘူး။ .. ရန္ကုန္ဘက္ အလုပ္ဆင္းရမယ္.. မဆင္းခင္ ၃ လခံေဆး ႀကိဳထိုးထားရမတဲ့.. ။ ငါ ၾကည္ေအးတို႔နဲ႔ ေျပာၿပီးၿပီ။ .. ျပင္စရာရွိတာ ျပင္ထားခ်ည္”

အေမ့ေအာ္သံနဲ႔ တဲအိုေလးကို အေရးတယူလုပ္ လွည့္မၾကည့္ေနေတာ့.. ။ ဘာကို ျပင္ဆင္ထားရမည္နည္း …. ။ မိုးမလင္းေသးေသာေၾကာင့္လား .. မိုးေမွာင္ေၾကာင့္လား မသိ။ ေအးသီမ ေရွ႕က လမ္း တဆိတ္ေတာ့ ေမွာင္လြန္းသည္။ ။

Inspired by true story
By ျမခြာညဳိ

ကိုယ့္ထက္မ်ားစြာ နိမ့္က် ဆိုးရြားတဲ့ ဘဝေတြ ရွိေနတာကို သတိျပဳမိရင္း .. ရထားတဲ့ ဘဝကို တန္ဖိုးထားတတ္ပါေစ.. အက်ိဳးရွိရွိ အသံုးခ် တတ္ၾကပါေစ.. လက္တကမ္း အကူအညီေပးႏိုင္ၾကပါေစ၊ မွတ္ခ်က္။ မိဘေမတၱာကို ျပက္ရယ္ျပဳျခင္း မဟုတ္ပါ တခ်ိဳ႕ေသာၾကမ္းတမ္းတဲ႕ဘဝကိုပုံေဖာ္ျခင္​းမ်ွသာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မွတ္စုၾကမ္း

#Unicode Version# ျဖင့္ဖတ္ပါ ။

” ဟဲ့.. အေးသီမ .. ထ ထ”
အမေ့အော်သံ အက်အက် ကြောင့် စောင်အစုတ်လေးထဲ ကွေးနေရာမှ သူဖျတ်ခနဲ လန့်နိုးသွား သည်။ ခြေထောက်နားမှ စိုစိစိ အထိအတွေ့ကြောင့် မောင်လေး သေးပေါက်ချ ထားပြန်ပြီဟု အိပ်ချင်မူးတူး တွေးမိသော်လည်း … မောင်လေး သေသွားပြီ ဆိုတာ သူ ချက်ခြင်း သတိရလိုက်သည် ။ မိုးယိုတာ ဖြစ်မည်။

မောင်လေးသေတာ ၇ ရက်ကျော်ခဲ့ပြီ။ အေးသီမ မောင်လေး သိပ်ချစ်ဖို့ ကောင်းခဲ့ပါသည်။ မဲတူးပြာခံနေသော ဝဝလုံးလုံး မောင်လေး.. ဘယ်သူမှသင်မပေးပါပဲ အေးသီမကို ပြုံးရယ်ပြတတ်သောမောင်လေး.. ။ဂျီးကြောင်းထနေသော ပါးဖောင်းဖောင်းလေးအား နမ်းမဝချင်။ မောင်လေး အခါလည် ကျော်ရုံကတည်းက အိမ်ကို အလုပ်အကျွေးပြုခဲ့သည်။ မအံ့သြပါနှင့် … အမှန်တကယ် မောင်လေး ရှာကျွေးသော ထမင်းများ အေးသီမတို့ စားခဲ့ရသည်။

“အံ့ကြည် နင့်ကလေး ငှါးမလား တရက် ၂ထောင်တဲ့ .. ဆန်ဖိုးရတာပေါ့ ။ ”

“ခေါ်သွားလေ .. ဟောဟိုမှာ”

အမေက ချဲတွက်မပျက်ပဲ ပုဆိုးစုတ် အထွေးထဲဖင်ပြောင် ကွေးကွေးလေး အိပ်ပျော်နေသော မောင်လေးကို မေးငေါ့ဖြေသည်။ မနေနိုင်သော အေးသီမ ကသာ

“ခဏလေးအန်တီ ဘယ်ထိထွက်ကြမှာတဲ့ လဲ?? မိုးတွေကအုံ့လို့.. သမီး မောင်လေးကို အနွေးထည်လေး ဝတ်ပေးလိုက်ချင်လို့… ”

” မသာမ လျှာရှည်မနေနဲ့ .. နင်ဘာဝတ်ပေးပေး ဟိုက ဟာတွေအကုန်ချွတ်ပြီး စွတ်ကျယ်စုတ်ပဲ ဆင်မှာ.. လုပ်စရာရှိတာလုပ်စမ်း ., စောက်စကားကို များတယ်”

အမေ့ငေါက်သံကြောင့် အေးသီမ အထွန့်မတတ်ရဲတော့.. ။

အန်တီအေး ဇတ်ကနဲ ပွေ့ယူသွားသော မောင်လေးကို မျက်ရည် အဝဲသား နှင့် လိုက်ကြည့်နေမိသည်.. ။ အိပ်ချင်မူးတူး နှင့်မို့ထင့် မောင်လေးဆီက ဘာသံမှမကြားရ .. ။ သုံးအိမ်ကျော်လောက်ရောက်မှ မောင်လေး လန့်ငိုသံကြားရသည် .. စူးစူးဝါးဝါး ကျယ်ကျယ် လောင်လောင်.. ။ မောင်လေးငိုနေသည့် အသံက ဝါးဝါး ဟု မထွက်ပဲ မမရေ မမရေ ဟု အေးသီမ ကြားနေသည်။ ကမန်းကတန်း တဲကပြင်လေးထိထွက်ပြီး မောင်လေးကို မြင်ရနိုး လိုက်ကြည့်သည်။ ပြီးတော့ စာရွက်များ ကြားထဲ ခံတံတစ်ချောင်းဖြင့် အလုပ်ရှုပ်နေသော အမေ့ဆီ ပြန်လာပြီး ..

“အမေ .. လုပ်ပါဦး မောင်လေးငိုနေတယ် .. မောင်လေးငိုနေတယ်တော့.. ”

“ဗြောင်း…. ”

“မှတ်ပလား ဟင်.. ကိုယ့်စောက်လုပ် မဟုတ်တာ ဝင်ဝင်ရှုပ်ချင်ဦး..။ နင့်မောင်တစ်ယောက်တည်း မဟုတ်ဘူး။ တရပ်ကွက် လုံးက ကလေးတွေ အငှါး လိုက်နေကြတာ မမြင်ဘူးလား? ဒါအလုပ်ပဲ။ ငါတားတားနေတဲ့ကြားက နင် ထမင်းရည်တွေ ခိုးခိုးတိုက်နေလို့ နင့်မောင် ဝလုံးနေလို့ ငှါးမယ့်လူမရှိတာ.. ။ ခုလာခေါ်ဖော်ရတာပဲကျေးဇူးတင် ။ မသာမ သေမယ်။ နောက်ခါ”

အမေ့လက်ကြမ်းကြီးရဲ့ ရိုက်ချက်ကကျောပြင်တစ်ခုလုံး အောင့်တတ်သွားသည်။ သို့သော် မနာပါ ။ နာနေသည်က အေးသီမ ဘယ်ဘက်ရင်အုံက ဖြစ်သည်။ ဘာကြောင့်လဲဆိုတာ ပညာမတတ်သော ၁၅ နှစ်သမီး အေးသီမ မတွေးတတ်။

ဒီလိုနှင့်ပဲ မောင်လေးကို နေ့စဉ် မနက်စောစော လာလာခေါ်ပြီး ညနေမိုးချုပ်ကြီးကျမှ လာပြန်ပေးကြသည်။ ပထမတော့ အေးသီမ မောင်လေး ပင်ပန်းပြီး အိပ်နေတာ ဖြစ်မယ်ဟုထင်သေးသည်။ ဒါပေမယ့် မောင်လေး အရင်လို မဟုတ်တော့.. မောင်လေး ထမင်းစားပါတယ် ပြောပြီး တဖြည်းဖြည်း.. ပိန်လာသည်။ ပြီးတော့ အချိန်တော်တော်များများ မောင်လေး အိပ်နေတတ်သည်။ ညမိုးချုပ်လို့ အေးသီမ ဆီမောင်လေးပြန်ရောက်တိုင်း အေးစက်နေသော အသားများနှင့် မောင်လေး အိပ်မောကျနေတတ်သည်။

အမြဲတမ်း အသားတွေ အေးစက်ပြီး လှုပ်ရှားမှုမရှိ အိပ်မောကျနေတတ်သော မောင်လေး.. မိုးသည်းသော မနက်ခင်း တစ်ခုတွင် အရင်အတိုင်း အသားတွေအေးစက်ကာ မလှုပ်မယှက် အိပ်ပျော်နေသည်။ မထူးဆန်းပါ… ထူခြားတာတစ်ခုက မောင်လေး အသက်မရှူတော့တာ ဖြစ်သည်။ ဟုတ်သည် မောင်လေး အဲ့လို သေသွားခဲ့တာ ဖြစ်သည်။

” ဟဲ့ မထသေးဘူးလား။ .. ထောင်ထဲဝင်သွားတဲ့ သတောင်းစား သူ့အဖေ အချိုးပါတော် .. စောက်ပျင်းတွေ တစ်တာ တစ်တာ ဆိုတာ။ မြန်မြန်ထ ကောင်မရဲ့ .. တိုးကျော် မမှီပဲနေမယ်”

” ဟုတ် အမေနိုးပါပြီ”

မောင်လေးအကြောင်းတွေးရင်း ဝဲမိသော မျက်ရည်စများကို မသုတ်တော့ပဲ လူးလဲထရင်း ရေကပြင်က မိုးရေခံထားသော ဇလားထဲမှမိုးရေများနှင့်ရောချလိုက်သည်။

အမေပြောတာ ဟုတ်သည်။ ကြည့်မြင်တိုင် ကမ်းနားကို မနက် ၅ ခွဲကပ်သော တိုးကျော် သင်္ဘောအမှီ ကောက်ညှင်းပေါင်း တောင်းနှင့်ရောက်ဖို့အရေးကြီးသည်။ ပြီးလျှင် ဆင်မင်းအိမ်ယာဘက် ပတ်ရမည်။ သူ၉ ခွဲအမှီ ကောင်ညှင်းပေါင်း ကုန်မှ ညနေ ၁၀နှစ်သမီး ညီမလေး ညဘက် မုန့်ဖက်ထုတ်ထွက်ရောင်းဖို့ အရင်းရပေမည်။ ပြီးလျှင် သူတနေကုန် ရေစည်လှဲ တိုက်ရမည်။ မိုးရာသီမို့ အလုပ်မကောင်းလှ အိမ်ကျနည်းသည်။ အမေပြင်ပေးထားသော ကောက်ညှင်းပေါင်းတောင်း ခါးပေါ်ကောင်တင် ခေါင်းပုသုံးသော ဖေ့အမွေ ပုဆိုးစုတ်လေး ပုခုံးပေါ်လွှားရင်း သူလှေဆိပ်ဆင်းရန်ပြင်သည်.. ။

“ဟဲ့ ဒီမိုးကုန် နင်ဈေးဆက်မရောင်းရတော့ဘူး။ .. ရန်ကုန်ဘက် အလုပ်ဆင်းရမယ်.. မဆင်းခင် ၃ လခံဆေး ကြိုထိုးထားရမတဲ့.. ။ ငါ ကြည်အေးတို့နဲ့ ပြောပြီးပြီ။ .. ပြင်စရာရှိတာ ပြင်ထားချည်”

အမေ့အော်သံနဲ့ တဲအိုလေးကို အရေးတယူလုပ် လှည့်မကြည့်နေတော့.. ။ ဘာကို ပြင်ဆင်ထားရမည်နည်း …. ။ မိုးမလင်းသေးသောကြောင့်လား .. မိုးမှောင်ကြောင့်လား မသိ။ အေးသီမ ရှေ့က လမ်း တဆိတ်တော့ မှောင်လွန်းသည်။ ။

Inspired by true story
By မြခွာညို

ကိုယ့်ထက်များစွာ နိမ့်ကျ ဆိုးရွားတဲ့ ဘဝတွေ ရှိနေတာကို သတိပြုမိရင်း .. ရထားတဲ့ ဘဝကို တန်ဖိုးထားတတ်ပါစေ.. အကျိုးရှိရှိ အသုံးချ တတ်ကြပါစေ.. လက်တကမ်း အကူအညီပေးနိုင်ကြပါစေ၊ မှတ်ချက်။ မိဘမေတ္တာကို ပြက်ရယ်ပြုခြင်း မဟုတ်ပါ တချို့သောကြမ်းတမ်းတဲ့ဘဝကိုပုံဖော်ခြင်းမျှသာ

ဖိုးသူတော် (www.phothutaw.com)
Credit:မှတ်စုကြမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top