ကေလးဘဝတုန္းက လူႀကီးေတြေျပာေျပာေနတဲ့ မဟဲဘုတ္ဆိုတာႀကီးကို ဘာမွန္းမသိပဲစိတ္ကူးနဲ႔ပံုေဖာ္ၿပီး အရမ္းေၾကာက္ခဲ့့ဖူးတယ္ ။
ဆယ္ေက်ာ္သက္အရြယ္ေရာက္ေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႔ေဝးရမွာကို ေတြးမိရံုနဲ႔ကို အရမ္းေၾကာက္ခဲ့ဖူးတယ္။
အခုတည္ၿငိမ္တဲ့အရြယ္ေရာက္လာေတာ့ ဘာကိုမွသိပ္ျပင္းျပင္းထန္ထန္မခံစားခ်င္ေတာ့ဘူး …စိတ္ေအးေအးခ်မ္းမခ်မ္းေလးပဲ ရိွေနခ်င္တယ္…
အခ်စ္ဆိုတာထက္ ဘဝကိုပိုဦးစားေပးရမွန္းသိလာတယ္ ။ဘယ္သူေတြဘယ္ေလာက္ေကာင္းေကာင္း မိဘေလာက္ကိုယ့္အေပၚေကာင္းတဲ့သူ မရိွဘူးဆိုတာသိလာတယ္။
ဘယ္သူေတြနဲ႔ေဝးေဝး မိဘနဲ႔မေဝးႏိုင္ဘူးဆိုတာပိုသိလာတယ္။မိဘေတြကို စာနာနားလည္စိတ္နဲ႔ ပိုခ်စ္တတ္လာတယ္ ။မိဘေတြကိုယ့္ကိုထားခဲ့မွာကို အရမ္းေၾကာက္လာမိတယ္။
ေဖေဖ၊ေမေမလို႔ ေခၚခြင့္မရိွေတာ့မွာကို သိပ္ေၾကာက္လာတယ္။ ေန႔စဥ္ မနက္မိုးလင္းတိုင္း မိဘေတြကိုျမင္လိုက္ရရင္ ငါ့မွာေဖေဖ၊ေမေမလို႔ ဒီေန႔အထိေခၚခြင့္ရိွေနေသးပါလား…
ကံေကာင္းလိုက္တာလို႔ေတြးမိတယ္။ အခ်ိန္တန္ရင္ ခြဲရမယ္ဆိုတာသိေပမယ့္ အခြင့္ရိွသေလာက္ေလး တစ္ရက္ပဲျဖစ္ျဖစ္ ၊ တစ္မိနစ္ပဲျဖစ္ျဖစ္ မိဘေတြကို ျမင္ခြင့္ရခ်င္ေသးတယ္ ။
မိဘေတြကို အျမဲျမင္ခ်င္ေနတာ စုစုကေလာဘႀကီးတဲ့သားသမီးျဖစ္ေနၿပီထင္ပါတယ္။ အနိစၥတရားကိုနားလည္ေပမယ့္ တစ္ခါတစ္ေလက်ရင္ …..
ကိုယ့္မိဘကိုခ်စ္တဲ့ေဇာနဲ႔ မိဘေတြနဲ႔ေဝးရမွာေၾကာက္တဲ့ေဇာနဲ႔ အနိစၥတရားဆိုတာကို မ်က္ကြယ္ျပဳထားခ်င္တယ္ ။ မွန္ပါတယ္ စုစုကသိပ္ေလာဘႀကီးတဲ့သူပါ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Su Su Lay
#Unicode Version# ျဖင့္ဖတ္ပါ ။
ကလေးဘဝတုန်းက လူကြီးတွေပြောပြောနေတဲ့ မဟဲဘုတ်ဆိုတာကြီးကို ဘာမှန်းမသိပဲစိတ်ကူးနဲ့ပုံဖော်ပြီး အရမ်းကြောက်ခဲ့ဖူးတယ် ။
ဆယ်ကျော်သက်အရွယ်ရောက်တော့ ကိုယ်ချစ်တဲ့သူနဲ့ဝေးရမှာကို တွေးမိရုံနဲ့ကို အရမ်းကြောက်ခဲ့ဖူးတယ်။
အခုတည်ငြိမ်တဲ့အရွယ်ရောက်လာတော့ ဘာကိုမှသိပ်ပြင်းပြင်းထန်ထန်မခံစားချင်တော့ဘူး …စိတ်အေးအေးချမ်းမချမ်းလေးပဲ ရှိနေချင်တယ်…
အချစ်ဆိုတာထက် ဘဝကိုပိုဦးစားပေးရမှန်းသိလာတယ် ။ဘယ်သူတွေဘယ်လောက်ကောင်းကောင်း မိဘလောက်ကိုယ့်အပေါ်ကောင်းတဲ့သူ မရှိဘူးဆိုတာသိလာတယ်။
ဘယ်သူတွေနဲ့ဝေးဝေး မိဘနဲ့မဝေးနိုင်ဘူးဆိုတာပိုသိလာတယ်။မိဘတွေကို စာနာနားလည်စိတ်နဲ့ ပိုချစ်တတ်လာတယ် ။မိဘတွေကိုယ့်ကိုထားခဲ့မှာကို အရမ်းကြောက်လာမိတယ်။
ဖေဖေ၊မေမေလို့ ခေါ်ခွင့်မရှိတော့မှာကို သိပ်ကြောက်လာတယ်။ နေ့စဉ် မနက်မိုးလင်းတိုင်း မိဘတွေကိုမြင်လိုက်ရရင် ငါ့မှာဖေဖေ၊မေမေလို့ ဒီနေ့အထိခေါ်ခွင့်ရှိနေသေးပါလား…
ကံကောင်းလိုက်တာလို့တွေးမိတယ်။ အချိန်တန်ရင် ခွဲရမယ်ဆိုတာသိပေမယ့် အခွင့်ရှိသလောက်လေး တစ်ရက်ပဲဖြစ်ဖြစ် ၊ တစ်မိနစ်ပဲဖြစ်ဖြစ် မိဘတွေကို မြင်ခွင့်ရချင်သေးတယ် ။
မိဘတွေကို အမြဲမြင်ချင်နေတာ စုစုကလောဘကြီးတဲ့သားသမီးဖြစ်နေပြီထင်ပါတယ်။ အနိစ္စတရားကိုနားလည်ပေမယ့် တစ်ခါတစ်လေကျရင် …..
ကိုယ့်မိဘကိုချစ်တဲ့ဇောနဲ့ မိဘတွေနဲ့ဝေးရမှာကြောက်တဲ့ဇောနဲ့ အနိစ္စတရားဆိုတာကို မျက်ကွယ်ပြုထားချင်တယ် ။ မှန်ပါတယ် စုစုကသိပ်လောဘကြီးတဲ့သူပါ ။
ဖိုးသူတော် (www.phothutaw.com)
Credit:Su Su Lay