ေဟ်ာင့္ေတြ ငါတို႔ ႏွစ္ဆန္းတစ္ရက္ေန႔ကဘုန္ႀကီးေက်ာင္းမွာ အတူ သီလယူ တရားနာခဲ့ၾကေသးတယ္ ….ငါမွတ္မိေနဆဲပဲ အဲေန႔က ငါတို႔ေတြ ၄မိုင္ေလာက္ဝးတဲ့ ဘုန္းႀကီးေက်ာင္းကို ေပ်ာ္ရႊင္စြာနဲ႔ စိတ္တူကိုယ္တူ သြားခဲ့ၾကတယ္…

ငါတို႔အရင္လို႔ အလုပ္တူတူမလုပ္ႏိုင္ေတာ့ဘူး….ငါတို႔အရင္လိုဘံုဆိုင္ေလးလည္းအတူမထိုင္ျဖစ္ၾကေတာ့ဘူး …..ငါတို႔အရင္လို႔ ဇာတ္ကားေတြဖလွယ္ၾကည့္ခြင့္မရိွေတာ့ဘူး ……
ငါတို႔အရင္လို သီခ်င္းေတြအက်ယ္ႀကီးဖြင့္ပီး ေအာ္ဟစ္သီဆိုခြင့္မရိွေတာ့ဘူး ဆံုးရံႈးလိုက္ရတယ္….. အရာအားလံုးကို မင္းတို႔ေတြက ႏြံကန္ေအာက္မွာအစေဖ်ာက္လိုက္ၾကတယ္ …..
မင္းတို႔မတရားဘူးကြာ မင္းတို႔ကိုမင္းတို႔ေတာ့ တရားတယ္ထင္ေကာင္းထင္ေနလိမ့္မယ္ …..ဟုတ္တယ္ ဘဝကတိုတိုေလး ေသျခင္းဟာ မ်က္စိတစ္မိွတ္ အတြင္းမွာတည္ရိွေနတယ္ဆိုတဲ့သံေဝဂေလးမင္းတို႔ေပးသြားခဲ့တယ္ …..

မင္းတို႔ကိုမင္းတို႔တရားတယ္လို႔ထင္ေနေပမဲ့ ငါကေတာ့ မတရားဘူးထင္ေနတုန္းပဲ အရင္ဘဝက ကံဝဋ္ေကြၽး ပါခဲ့လို႔လား …..ဒီဘဝမွာမင္းတို႔ဆပ္ရမွာ ေနာက္ဆံုးျဖစ္ပါေစလို႔ငါဆုေတာင္းေနမိတယ္ …..
အဲဒီေန႔ကေနခုခ်ိန္ထိ ေန႔တိုင္း စိတ္ထဲမွာ ဝမ္းနည္းေနမိတုန္းပဲ ငါေၾကာင္းေယာင္ေနမိဆဲဟ ငါတို႔ျပန္ရင္ လမ္းသင့္သင့္မသင့္သင့္ မန္းေလးထိေတာ့အတူျပန္မယ္ကြာတဲ့ ……ေနာက္ပီး မင္းဖုန္းနံပါတ္ေလးေပးထားကြာ ……
မင္းတို႔ၿမိဳ႕ဘက္ လမ္းၾကံဳလို႔ေျခဦးလွည့္ရင္ငါဖုန္းဆက္မယ္သားရီး မင္းလာႀကိဳေပးကြာတဲ့……ငါ မင္းတို႔ဖုန္းနံပါတ္ေလးေတြ မဖ်က္ခ်င္ပဲဖ်က္ခဲ့ရပီဟ ငါတို႔ရဲ႕ ကိုယ္စားလွယ္ႀကီး အမိန္႔ျပန္တဲ့ေန႔က သူ႔ရင္ဘတ္တစ္ခုလံုးနာက်င္ေၾကမြေနတာငါသိတယ္ ……

သူ႔အသံကခပ္အက္အက္ တစ္ခ်က္တစ္ခ်က္ရိႈက္တက္လို႔ မင္းတို႔လိုဝန္ထန္းေကာင္းေတြ သူဆံုးရံႈးလိုက္ရတယ္ ……ရင္နဲ႔မဆန္႔ေအာင္ခံစားေနရပံုပဲ မင္းတို႔က ေျပာေသးတယ္ …..ဘာတဲ့ ….အေဖနဲ႔အေမ အစ္ကိုအမေတြဇနီးသားသမီးေတြ ဒီကိုအလည္ေတာင္မေခၚခ်င္ဘူးကြာတဲ့ …….
ဒီက လုပ္ငန္းခြင္ေတြျမင္ပီး သူတို႔ပိုစိုးရိမ္ပီး ငါ႐ွာေကြၽးတာမစားရက္မေသာက္ရက္ျဖစ္ေနမွာစိုးလို႔တဲ့ သိတတ္လွေခ်လားကြာ…..လိမၼာလွေခ်လား ….ငါတို႔ပင္ပန္းဆင္းရဲတာမျမင္ေစခ်င္းဘူးဆိုတဲ့မင္းတို႔အသံေတြ ငါၾကားမိဆဲ……
အခုေတာ့အားလံုးပဲမင္းတို႔ေတြအတြက္ ဝမ္းနည္းပူေဆြးႀကီးစြာေရာက္လာၾကတယ္ေလကြာ….မင္းတို႔ထၾကည့္ပါအံုးေတာ့လား ….မင္းတို႔လိုသိတတ္လိမၼာတဲ့ သူေတြအားလံုး ေကာင္းရာတစ္ခုမွာၿငိမ္းခ်မ္းစြာေနရလိမ့္မယ္လို႔ငါယံုၾကည္ေနတယ္ကြာ ……
မင္းတို႔အေဖလာေတာ့ မင္းမ်ားျပန္ေပၚလာေလအံုးမလား ….အသက္မ်ား႐ွင္က်န္ေနမလားေမွ်ာ္လင့္ခ်က္နဲ႔ မင္းတို႔ကိုဖုန္းအုပ္သြားတဲ့ႏြံကန္ႀကီးေဘးမွာ မင္းအတြက္ပန္းအိုးေလးခ်ရင္းမင္းကိုလွမ္းေမ်ွာ္ေနတာေတြ႔ေတာ့ ငါမ်က္ရည္မ်ားေတာင္က်ရပါတယ္ကြာ…..
အေဖတစ္ေယာက္ရဲ႕ရင္ထဲမွာ သူ႔သားအတြက္ဘယ္ေလာက္ေတာင္ ေသာကအပူလိႈင္းလံုးေတြ႐ိုက္ခပ္ေနမလည္း ဝင္ၾကည့္မရေပမဲ့ ျမင္မိတာနဲ႔သိတယ္ကြာ …ငါတို႔ဒီေန႔ မင္းတို႔ရက္လည္ဆြမ္းသြတ္တယ္ေလ ….
ငါတို႔တရားေတြနာၾကမယ္ေလ ….အရင္ကငါနဲ႔အတူ တရားနာရင္းေပ်ာ္ေပ်ာ္ပါးပါးျပန္ခဲ့တဲ့အခ်ိန္ေလးေတြ ျပန္သတိရေစတယ္ကြာ …..တရားနာျခင္းကိုႏွစ္ၿခိဳက္တဲ့မင္းတို႔ေရာက္ရာအရပ္ကသာဓုေခၚႏိုင္လိမ့္မယ္လိုငါယံုၾကည္ေနလွ်က္ပါ သာဓုလည္းလာေခၚၾကပါ……
ငါတို႔ကိုအေၾကာင္းျပခ်က္မေပးပဲထားခဲ့တဲ့ မင္းတို႔ေတြ ငါတို႔ကိုစိတ္ခ်လက္ခ် ထားပစ္ခဲ့တဲ့မင္းတို႔ေတြ ငါလည္းမင္းတို႔ကို တမင္လြန္မွာစိတ္ခ်ပါရေစ ….ငါေျပာစကားမင္းတို႔ၾကားႏိုင္လိမ့္မယ္လို႔လည္းငါေမ်ွာ္လင့္မိပါတယ္ ……
အရင္က ျပံဳ းေပ်ာ္စြာတရားနာခဲ့ၾကတဲ့ငါတို႔ေတြ အခုခ်ိန္မွာေတာ့ မျပံဳ းေပ်ာ္ႏိုင္ေတာ့ဘူး …..ငါတို႔နာရတဲ့တရားက မင္းတို႔ ရက္လည္ျဖစ္ေနလို႔ပဲ …..ငါနဲ႔အတူ မင္းတို႔သူငယ္ခ်င္းေတြအားလံုးပါးျပင္ထက္မွာ မ်က္ရည္စေတြနဲ႔ တရားနာေနၾကပီ မင္းတို႔ကိုအမ်ွေပးေဝေနၾကပီ ……
မင္းတို႔ေရာက္ရာအရပ္က ေနပီးေတာ့ သာဓု လာေခၚၾကပါ…. ငါတို႔ရဲ႕မ်က္ရည္စေတြနဲ႔တရားပြဲႀကီး ပီးသည္တိုင္ေအာင္ မင္းတို႔လည္း တရားနာလာႏိုင္လိမ့္မယ္လို႔ေမ်ွာ္လင့္ရင္း မင္းတို႔သူငယ္ခ်င္း…..။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Htun Htun Aung / ေခတၱ ဖားန္႔
#Unicode Version#
မျက်ရည်စနဲ့ တရားပွဲ
ဟျောင့်တွေ ငါတို့ နှစ်ဆန်းတစ်ရက်နေ့ကဘုန်ကြီးကျောင်းမှာ အတူ သီလယူ တရားနာခဲ့ကြသေးတယ် ….ငါမှတ်မိနေဆဲပဲ အဲနေ့က ငါတို့တွေ ၄မိုင်လောက်ဝးတဲ့ ဘုန်းကြီးကျောင်းကို ပျော်ရွှင်စွာနဲ့ စိတ်တူကိုယ်တူ သွားခဲ့ကြတယ်…
ငါတို့အရင်လို့ အလုပ်တူတူမလုပ်နိုင်တော့ဘူး….ငါတို့အရင်လိုဘုံဆိုင်လေးလည်းအတူမထိုင်ဖြစ်ကြတော့ဘူး …..ငါတို့အရင်လို့ ဇာတ်ကားတွေဖလှယ်ကြည့်ခွင့်မရှိတော့ဘူး ……
ငါတို့အရင်လို သီချင်းတွေအကျယ်ကြီးဖွင့်ပီး အော်ဟစ်သီဆိုခွင့်မရှိတော့ဘူး ဆုံးရှုံးလိုက်ရတယ်….. အရာအားလုံးကို မင်းတို့တွေက နွံကန်အောက်မှာအစဖျောက်လိုက်ကြတယ် …..
မင်းတို့မတရားဘူးကွာ မင်းတို့ကိုမင်းတို့တော့ တရားတယ်ထင်ကောင်းထင်နေလိမ့်မယ် …..ဟုတ်တယ် ဘဝကတိုတိုလေး သေခြင်းဟာ မျက်စိတစ်မှိတ် အတွင်းမှာတည်ရှိနေတယ်ဆိုတဲ့သံဝေဂလေးမင်းတို့ပေးသွားခဲ့တယ် …..
မင်းတို့ကိုမင်းတို့တရားတယ်လို့ထင်နေပေမဲ့ ငါကတော့ မတရားဘူးထင်နေတုန်းပဲ အရင်ဘဝက ကံဝဋ်ကျွေး ပါခဲ့လို့လား …..ဒီဘဝမှာမင်းတို့ဆပ်ရမှာ နောက်ဆုံးဖြစ်ပါစေလို့ငါဆုတောင်းနေမိတယ် …..
အဲဒီနေ့ကနေခုချိန်ထိ နေ့တိုင်း စိတ်ထဲမှာ ဝမ်းနည်းနေမိတုန်းပဲ ငါကြောင်းယောင်နေမိဆဲဟ ငါတို့ပြန်ရင် လမ်းသင့်သင့်မသင့်သင့် မန်းလေးထိတော့အတူပြန်မယ်ကွာတဲ့ ……နောက်ပီး မင်းဖုန်းနံပါတ်လေးပေးထားကွာ ……
မင်းတို့မြို့ဘက် လမ်းကြုံလို့ခြေဦးလှည့်ရင်ငါဖုန်းဆက်မယ်သားရီး မင်းလာကြိုပေးကွာတဲ့……ငါ မင်းတို့ဖုန်းနံပါတ်လေးတွေ မဖျက်ချင်ပဲဖျက်ခဲ့ရပီဟ ငါတို့ရဲ့ ကိုယ်စားလှယ်ကြီး အမိန့်ပြန်တဲ့နေ့က သူ့ရင်ဘတ်တစ်ခုလုံးနာကျင်ကြေမွနေတာငါသိတယ် ……
သူ့အသံကခပ်အက်အက် တစ်ချက်တစ်ချက်ရှိုက်တက်လို့ မင်းတို့လိုဝန်ထန်းကောင်းတွေ သူဆုံးရှုံးလိုက်ရတယ် ……ရင်နဲ့မဆန့်အောင်ခံစားနေရပုံပဲ မင်းတို့က ပြောသေးတယ် …..ဘာတဲ့ ….အဖေနဲ့အမေ အစ်ကိုအမတွေဇနီးသားသမီးတွေ ဒီကိုအလည်တောင်မခေါ်ချင်ဘူးကွာတဲ့ …….
ဒီက လုပ်ငန်းခွင်တွေမြင်ပီး သူတို့ပိုစိုးရိမ်ပီး ငါရှာကျွေးတာမစားရက်မသောက်ရက်ဖြစ်နေမှာစိုးလို့တဲ့ သိတတ်လှချေလားကွာ…..လိမ္မာလှချေလား ….ငါတို့ပင်ပန်းဆင်းရဲတာမမြင်စေချင်းဘူးဆိုတဲ့မင်းတို့အသံတွေ ငါကြားမိဆဲ……
အခုတော့အားလုံးပဲမင်းတို့တွေအတွက် ဝမ်းနည်းပူဆွေးကြီးစွာရောက်လာကြတယ်လေကွာ….မင်းတို့ထကြည့်ပါအုံးတော့လား ….မင်းတို့လိုသိတတ်လိမ္မာတဲ့ သူတွေအားလုံး ကောင်းရာတစ်ခုမှာငြိမ်းချမ်းစွာနေရလိမ့်မယ်လို့ငါယုံကြည်နေတယ်ကွာ ……
မင်းတို့အဖေလာတော့ မင်းများပြန်ပေါ်လာလေအုံးမလား ….အသက်များရှင်ကျန်နေမလားမျှော်လင့်ချက်နဲ့ မင်းတို့ကိုဖုန်းအုပ်သွားတဲ့နွံကန်ကြီးဘေးမှာ မင်းအတွက်ပန်းအိုးလေးချရင်းမင်းကိုလှမ်းမျှော်နေတာတွေ့တော့ ငါမျက်ရည်များတောင်ကျရပါတယ်ကွာ…..
အဖေတစ်ယောက်ရဲ့ရင်ထဲမှာ သူ့သားအတွက်ဘယ်လောက်တောင် သောကအပူလှိုင်းလုံးတွေရိုက်ခပ်နေမလည်း ဝင်ကြည့်မရပေမဲ့ မြင်မိတာနဲ့သိတယ်ကွာ …ငါတို့ဒီနေ့ မင်းတို့ရက်လည်ဆွမ်းသွတ်တယ်လေ ….
ငါတို့တရားတွေနာကြမယ်လေ ….အရင်ကငါနဲ့အတူ တရားနာရင်းပျော်ပျော်ပါးပါးပြန်ခဲ့တဲ့အချိန်လေးတွေ ပြန်သတိရစေတယ်ကွာ …..တရားနာခြင်းကိုနှစ်ခြိုက်တဲ့မင်းတို့ရောက်ရာအရပ်ကသာဓုခေါ်နိုင်လိမ့်မယ်လိုငါယုံကြည်နေလျှက်ပါ သာဓုလည်းလာခေါ်ကြပါ……
ငါတို့ကိုအကြောင်းပြချက်မပေးပဲထားခဲ့တဲ့ မင်းတို့တွေ ငါတို့ကိုစိတ်ချလက်ချ ထားပစ်ခဲ့တဲ့မင်းတို့တွေ ငါလည်းမင်းတို့ကို တမင်လွန်မှာစိတ်ချပါရစေ ….ငါပြောစကားမင်းတို့ကြားနိုင်လိမ့်မယ်လို့လည်းငါမျှော်လင့်မိပါတယ် ……
အရင်က ပြုံ းပျော်စွာတရားနာခဲ့ကြတဲ့ငါတို့တွေ အခုချိန်မှာတော့ မပြုံ းပျော်နိုင်တော့ဘူး …..ငါတို့နာရတဲ့တရားက မင်းတို့ ရက်လည်ဖြစ်နေလို့ပဲ …..ငါနဲ့အတူ မင်းတို့သူငယ်ချင်းတွေအားလုံးပါးပြင်ထက်မှာ မျက်ရည်စတွေနဲ့ တရားနာနေကြပီ မင်းတို့ကိုအမျှပေးဝေနေကြပီ ……
မင်းတို့ရောက်ရာအရပ်က နေပီးတော့ သာဓု လာခေါ်ကြပါ…. ငါတို့ရဲ့မျက်ရည်စတွေနဲ့တရားပွဲကြီး ပီးသည်တိုင်အောင် မင်းတို့လည်း တရားနာလာနိုင်လိမ့်မယ်လို့မျှော်လင့်ရင်း မင်းတို့သူငယ်ချင်း…..။
ဖိုးသူတော်(www.phothutaw.com)
Credit:Htun Htun Aung / ခေတ္တ ဖားန့်