တရုတ္နိုင္ငံမွာ ရွိတဲ့ အမ်ိဳးသားတစ္ေယာက္ ဟာ ဇိမ္ခံကားေတြ ၊ လက္ဝတ္ရတနာေတြ ပိုင္ဆိုင္တယ္ ဆိုၿပီး အေယာင္ေဆာင္ကာ ၂ နွစ္ကာလအတြင္း အမ်ိဳးသမီး ၁၉ ေယာက္နဲ့ တြဲခဲ့ပါတယ္လို့ သိရပါတယ္။ အဆိုပါ အမ်ိဳးသမီးေတြထဲ့မွ ၄ေယာက္ နဲ့က ကေလးရွိၿပီး ေနာက္ထပ္ ၂ ေယာက္မွာ သူနဲ့ ကိုယ္ဝန္ရွိေနတယ္လို့ သိရပါတယ္။

တန္ လို့ေခၚတဲ့ တရုတ္အမ်ိဳးသား ဟာ  သူကိုယ္သူ ့ ခ်မ္းသာတဲ့ မိသားစုမွ ေမြးဖြားလာတဲ့ သားတစ္ေယာက္ ျဖစ္တယ္လို့  လိမ္ညာဟန္ေဆာင္ၿပီး အမ်ိဳးသမီးေတြကို တြဲခဲ့တာျဖစ္ပါတယ္။ သူ မပိုင္တဲ ဇိမ္ခံကား အတု ေတြနဲ့၊ လက္ဝတ္ရတနာအတုေတြကို ျပသၿပီး ရင္ခုန္စဖြယ္ေကာင္းတဲ့ ပံုစံေတြနဲ့ မိန္းမေတြရဲ့ အခ်စ္ကို ေသြးေဆာင္ျဖားေယာင္းခဲ့တာျဖစ္ပါတယ္။

တန္ ဟာ နဂိုကေဖ်ာ္ေျဖေရးစင္တာေတြမွာ အရက္ေရာင္းတဲ့ အလုပ္လုပ္ကို လုပ္ကိုင္ပါတယ္။ ေနာက္ပိုင္း အဆိုပါ အလုပ္မွ ဆံုးရွံဳးမွဳေတြရွိလာကာ အဲဒီအလုပ္ကုိ စြန့္လြတ္ၿပီး အမ်ိဳးသမီးေတြကို ျမဴဆြယ္ျဖားေယာင္းတဲ့ အလုပ္ေတြကို လုပ္ကိုင္ေတာ့တာျဖစ္ပါတယ္။

တန္ ဟာ အမ်ိဳးမ်ိဳး လိမ္ညာလည့္ျဖားၿပီး ဇာတ္လမ္းစဥ္ကာ မိန္းမေတြရဲ့ အခ်စ္ကို ရယူခဲ့ပါတယ္။ ထို့ေနာက္ သူလိုခ်င္ရာကို ျပန္ယူတတ္ၿပီး ေနာက္တစ္ေယာက္ဆီကို ေရာက္သြားပါတယ္ လို့ တြဲခဲ့ဖူးတဲ့ အမ်ိဳးသမီးေတြရဲ ့ေျပာျပခ်က္အရ သိရပါတယ္။ သူစီးတဲ့ ဇိမ္ခံကားဟာလည္း ကိုယ္ဝန္ရွိ အမ်ိဳးသမီးတစ္ဦးထံမွ လိမ္ညာ ရယူခဲ့တာျဖစ္ပါတယ္။ အျခားေသာ ယန္ဆိုတဲ ့မိန္းမ ထံမွာလည္း USD ၂၀၀၀၀ ေက်ာ္လိမ္လည့္လွည့္ျဖား ရယူခဲ့ပါတယ္။

Tan ကို ရဲေတြထံမွာ ဥပေဒအရ အေရးယူဖို့အတြက္ အမ်ိဳးသမီး ၁၇ ေယာက္က သေဘာတူညီ ထားခဲ့ၾကေပမဲ ့က်န္နွစ္ေယာက္ကေတာ့ သူ့ကို အေရးယူဖို့ ျငင္းဆိုထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:popolay
#Unicode Version#
 တရုတ်နိုင်ငံမှာ ရှိတဲ့ အမျိုးသားတစ်ယောက် ဟာ ဇိမ်ခံကားတွေ ၊ လက်ဝတ်ရတနာတွေ ပိုင်ဆိုင်တယ် ဆိုပြီး အယောင်ဆောင်ကာ ၂ နှစ်ကာလအတွင်း အမျိုးသမီး ၁၉ ယောက်နဲ့ တွဲခဲ့ပါတယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးတွေထဲ့မှ ၄ယောက် နဲ့က ကလေးရှိပြီး နောက်ထပ် ၂ ယောက်မှာ သူနဲ့ ကိုယ်ဝန်ရှိနေတယ်လို့ သိရပါတယ်။

တန် လို့ခေါ်တဲ့ တရုတ်အမျိုးသား ဟာ  သူကိုယ်သူ့ ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာတဲ့ သားတစ်ယောက် ဖြစ်တယ်လို့  လိမ်ညာဟန်ဆောင်ပြီး အမျိုးသမီးတွေကို တွဲခဲ့တာဖြစ်ပါတယ်။ သူ မပိုင်တဲ ဇိမ်ခံကား အတု တွေနဲ့၊ လက်ဝတ်ရတနာအတုတွေကို ပြသပြီး ရင်ခုန်စဖွယ်ကောင်းတဲ့ ပုံစံတွေနဲ့ မိန်းမတွေရဲ့ အချစ်ကို သွေးဆောင်ဖြားယောင်းခဲ့တာဖြစ်ပါတယ်။

တန် ဟာ နဂိုကဖျော်ဖြေရေးစင်တာတွေမှာ အရက်ရောင်းတဲ့ အလုပ်လုပ်ကို လုပ်ကိုင်ပါတယ်။ နောက်ပိုင်း အဆိုပါ အလုပ်မှ ဆုံးရှုံးမှုတွေရှိလာကာ အဲဒီအလုပ်ကို စွန့်လွတ်ပြီး အမျိုးသမီးတွေကို မြူဆွယ်ဖြားယောင်းတဲ့ အလုပ်တွေကို လုပ်ကိုင်တော့တာဖြစ်ပါတယ်။

တန် ဟာ အမျိုးမျိုး လိမ်ညာလည့်ဖြားပြီး ဇာတ်လမ်းစဉ်ကာ မိန်းမတွေရဲ့ အချစ်ကို ရယူခဲ့ပါတယ်။ ထို့နောက် သူလိုချင်ရာကို ပြန်ယူတတ်ပြီး နောက်တစ်ယောက်ဆီကို ရောက်သွားပါတယ် လို့ တွဲခဲ့ဖူးတဲ့ အမျိုးသမီးတွေရဲ့ပြောပြချက်အရ သိရပါတယ်။ သူစီးတဲ့ ဇိမ်ခံကားဟာလည်း ကိုယ်ဝန်ရှိ အမျိုးသမီးတစ်ဦးထံမှ လိမ်ညာ ရယူခဲ့တာဖြစ်ပါတယ်။ အခြားသော ယန်ဆိုတဲ့မိန်းမ ထံမှာလည်း USD ၂၀၀၀၀ ကျော်လိမ်လည့်လှည့်ဖြား ရယူခဲ့ပါတယ်။

Tan ကို ရဲတွေထံမှာ ဥပဒေအရ အရေးယူဖို့အတွက် အမျိုးသမီး ၁၇ ယောက်က သဘောတူညီ ထားခဲ့ကြပေမဲ့ကျန်နှစ်ယောက်ကတော့ သူ့ကို အရေးယူဖို့ ငြင်းဆိုထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top