



Credit:luckymyanmar
#Unicode Version#
ဘီယာသောက်ခြင်းနဲ့ အားကစားလုပ်ခြင်းဟာ ဆက်စပ်လို့ မရနိုင်တဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုကို ပေါင်းစပ်ပြီး ဆက်စပ်ပစ်လိုက်တဲ့ အားကစားနည်းတစ်ခု ပေါ်ပေါက်လာပါတယ်။

Beer Mile World Classic ဆိုတဲ့ ပြိုင်ပွဲကို လန်ဒန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အမေရိကန်နဲ့ ကနေဒါက အားကစားနဲ့ ဘီယာအသောက်ဝါသနာပါသူတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဘီယာသောက်ပြီး ကစားကွင်းကို ပတ်ပြေးရတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

စည်းမျဉ်းကလည်း ရိုးရှင်းပါတယ်။ ဘီယာလေးလုံးသောက်ပြီး ကွင်းကို လေးပတ် ပတ်ရုံ ဖြစ်ပါတယ်။ တကယ့်အပြေးသမားတွေ ပြေးတဲ့အတိုင်း ကစားကွင်းဘေးမှာ ကိုယ့်ရဲ့ပတ်လမ်းအတိုင်း ပြေးရမှာ ဖြစ်ပါတယ်။ ကွင်းတစ်ပတ်ကို ဘီယာတစ်လုံး သောက်ရမှာ ဖြစ်ပြီ ဘီယာအကုန်ကုန်မှသာ ရမှာပါ။ အမျိုးသားပြိုင်ပွဲ ပထမပွဲစဉ်မှာ ဗိုလ်လ်စွဲခဲ့သူက ကနေဒါနိုင်ငံသား ကိုရေးဘယ်လ်မိုးဖြစ်ပြီး ဘီယာလေးလုံးသောက်၊ ကွင်းလေးပတ် ပြေးတဲ့အတွက် ၄ မိနစ်နဲ့ ၃၄ စက္ကန့်သာ ကြာမြင့်ခဲ့တာပါ။

ဒုတိယပွဲစဉ်မှာတော့ အမေရိကန်နိုင်ငံသား ဗိုလ်စွဲခဲ့ပြီး ၅ မိနစ်နဲ့ ၆ စက္ကန့် ကြာခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:luckymyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top