ဧၿပီလ ၂၂ ရက္ေန႔မွ ၂၈ ရက္ေန႔အတြင္း ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္း၌ ေလဖိအားနည္းရပ္ဝန္းတစ္ခု စတင္ျဖစ္ေပၚလာႏိုင္ၿပီး မုန္တိုင္းအျဖစ္သို႔ ေရာက္ရွိႏိုင္သည္ဟု မိုးေလဝသႏွင့္ ဇလေဗဒပညာရွင္ ဦးထြန္းလြင္က ခန႔္မွန္းေျပာဆိုထားသည္။

အဆိုပါျဖစ္ေပၚလာႏိုင္မည့္ မုန္တိုင္း၏ လမ္းေၾကာင္းသည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ျခမ္းသို႔ ဦးတည္သြားေရာက္ႏိုင္သည္ဟုလည္း ၄င္းကဆိုသည္။

“ဧၿပီလ ၂၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ မိုး႐ြာသြန္းမႈ မရွိႏိုင္ေသးဘဲ ရာသီဥတု ဆက္လက္ပူျပင္း ေျခာက္ေသြ႕ေနေစဦးမွာ ျဖစ္ပါတယ္” ဟု ဦးထြန္းလြင္က ဆိုသည္။

 လက္ရွိအေျခအေနတြင္ ဘဂၤလားပင္လယ္ေအာ္ႏွင့္ ေတာင္တ႐ုတ္ပင္လယ္ျပင္တို႔တြင္ မုန္တိုင္းအျဖစ္ နည္းေနျခင္းေၾကာင့္  ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ား ၊ ျမစ္ဝကြၽန္းေပၚေဒသမ်ား ၊ ေျမလတ္ေဒသမ်ားႏွင့္ ေတာင္ပိုင္း ေဒသမ်ား၌ မိုး႐ြာသြန္းႏႈန္း နည္းေနၿပီး အပူခ်ိန္ျမင့္တက္လ်က္ ရွိေနသည္။

 ဧၿပီလကုန္တြင္ ျဖစ္ေပၚလာႏိုင္မည့္ မုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံး၌ ေမလဆန္းတြင္ မိုးရရွိႏိုင္ၿပီး အပူရွိန္ျမင့္တက္ေနမႈမ်ားလည္း ေလ်ာ့နည္းလာႏိုင္သည္ဟု ဦးထြန္းလြင္က ခန႔္မွန္းေျပာဆိုသည္။

 လက္ရွိတြင္ ေခ်ာက္ၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ ေန႔အပူခ်ိန္ မွာ ၄၀ ဒီဂရီစင္တီဂရိတ္ အထက္သို႔ ေက်ာ္လြန္ေရာက္ရွိေနသည္။

 မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ဧၿပီလ ၂၃ ရက္ေန႔အတြက္ ထုတ္ျပန္ထားသည့္ ထူးျခားသည့္ ေန႔အပူခ်ိန္မ်ားမွာ ေခ်ာက္ၿမိဳ႕တြင္ ၄၆ ဒီဂရီစင္တီဂရိတ္ ၊ မေကြး ၊ ေအာင္လံ ၊ ေတာင္တြင္းႀကီး ၊ ျမင္းၿခံ၊ ေညာင္ဦးၿမိဳ႕တို႔တြင္ ၄၂ ဒီဂရီစင္တီဂရိတ္ ၊ ျပည္ ၊ ဟသၤာတ ၊ ေမွာ္ဘီၿမိဳ႕တို႔တြင္ ၄၁ ဒီဂရီစင္တီဂရိတ္ တို႔ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


 ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

အဆိုပါဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်း၏ လမ်းကြောင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ဦးတည်သွားရောက်နိုင်သည်ဟုလည်း ၎င်းကဆိုသည်။

“ဧပြီလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု မရှိနိုင်သေးဘဲ ရာသီဥတု ဆက်လက်ပူပြင်း ခြောက်သွေ့နေစေဦးမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

 လက်ရှိအခြေအနေတွင် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ပြင်တို့တွင် မုန်တိုင်းအဖြစ် နည်းနေခြင်းကြောင့်  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ၊ မြစ်ဝကျွန်းပေါ်ဒေသများ ၊ မြေလတ်ဒေသများနှင့် တောင်ပိုင်း ဒေသများ၌ မိုးရွာသွန်းနှုန်း နည်းနေပြီး အပူချိန်မြင့်တက်လျက် ရှိနေသည်။

 ဧပြီလကုန်တွင် ဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်းအရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး၌ မေလဆန်းတွင် မိုးရရှိနိုင်ပြီး အပူရှိန်မြင့်တက်နေမှုများလည်း လျော့နည်းလာနိုင်သည်ဟု ဦးထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

 လက်ရှိတွင် ချောက်မြို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ကြီးအချို့တွင် နေ့အပူချိန် မှာ ၄၀ ဒီဂရီစင်တီဂရိတ် အထက်သို့ ကျော်လွန်ရောက်ရှိနေသည်။

 မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၃ ရက်နေ့အတွက် ထုတ်ပြန်ထားသည့် ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ် ၊ မကွေး ၊ အောင်လံ ၊ တောင်တွင်းကြီး ၊ မြင်းခြံ၊ ညောင်ဦးမြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ် ၊ ပြည် ၊ ဟင်္သာတ ၊ မှော်ဘီမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ် တို့ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top