ဘဂၤလားေဒရွ္႕ႏိုင္ငံမွာ ေက်ာင္းအုပ္ဆရာၾကီးတစ္ဦးရဲ႕ ညႊန္ၾကားခ်က္နဲ႕ ေက်ာင္းသူတစ္ဦး အရွင္လတ္လတ္ မီးရိႈ႕သတ္ျဖတ္ခံလိုက္ရတယ္လို႕ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ျဖစ္စဥ္မွာ အသက္(၁၉)ႏွစ္အရြယ္ ႏူရတ္ ဂ်ာဟန္ ရာဖီဆိုသူ ေက်ာင္းသူက သူ႕ကို ေက်ာင္းအုပ္ဆရာၾကီးက လိင္ပိုင္းဆိုင္ရာ ေစာ္ကားတိုက္ခိုက္ခဲ့တယ္လို႕ ရဲတပ္ဖြဲ႕ကို တိုင္ၾကားခဲ့ပါတယ္။

ဒီတိုင္ၾကားခ်က္ကို ျပန္လည္ရုတ္သိမ္းေပးဖို႕ သံသယရွိသူေတြက ေက်ာင္းရဲ႕လသာေဆာင္မွာ သူ႕ကို ျခိမ္းေျခာက္ ေျပာဆိုခဲ့ပါတယ္။

ရာဖီက သူ႕တိုင္ၾကားခ်က္ကို ရုတ္သိမ္းေပးဖို႕ ျငင္းဆန္တာေၾကာင့္ ဓာတ္ဆီေလာင္းျပီး အရွင္လတ္လတ္ မီးရိႈ႕သတ္ျဖတ္ခံခဲ့ရတယ္လို႕ ဆိုပါတယ္။

ဒီမီးရိႈ႕သတ္ျဖတ္မႈမွာ ေက်ာင္းအုပ္ၾကီးရဲ႕ ညႊန္ၾကားခ်က္ပါ၀င္ေန တယ္လို႕ ယူဆျပီး လူ(၁၈)ဦးထက္မနည္း ပါ၀င္ေနတယ္လို႕ သံသယရွိေၾကာင္း ရဲအရာရွိက ေျပာပါတယ္။

ဒီမီးရိႈ႕သတ္ျဖတ္မႈနဲ႕ ပတ္သက္ျပီး ဘဂၤလားေဒရွ္႕ႏိုင္ငံတစ္၀ွမ္း ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ျပီး ၀န္ၾကီးခ်ဳပ္က သံသယရွိသူအားလံုးကို တရားစြဲဆိုသြားမယ္လို႕ ကတိျပဳေျပာၾကားခဲ့ပါတယ္။

ရာဖီဟာ ျပီးခဲ့တဲ့လက လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕ကို တိုင္ၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က ဒီတိုင္ၾကားခ်က္ကို မွတ္တမ္းတင္ခဲ့ေပမဲ့ ဒါဟာ ၾကီးမားတဲ့ ျပသနာတစ္ရပ္ မဟုတ္ဘူးဆိုျပီး တိုင္ၾကားခ်က္ကို ပယ္ဖ်က္ခဲ့ဲ့တဲ့ ဗီဒီယိုဖုိင္တစ္ခုလဲ ထြက္ေပၚလာခဲ့တယ္လို႕ CNA သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:5Plus News

#Unicode Version#
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ကျောင်းအုပ်ဆရာကြီးတစ်ဦးရဲ့ ညွှန်ကြားချက်နဲ့ ကျောင်းသူတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်မှာ အသက်(၁၉)နှစ်အရွယ် နူရတ် ဂျာဟန် ရာဖီဆိုသူ ကျောင်းသူက သူ့ကို ကျောင်းအုပ်ဆရာကြီးက လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။

ဒီတိုင်ကြားချက်ကို ပြန်လည်ရုတ်သိမ်းပေးဖို့ သံသယရှိသူတွေက ကျောင်းရဲ့လသာဆောင်မှာ သူ့ကို ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

ရာဖီက သူ့တိုင်ကြားချက်ကို ရုတ်သိမ်းပေးဖို့ ငြင်းဆန်တာကြောင့် ဓာတ်ဆီလောင်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမီးရှို့သတ်ဖြတ်မှုမှာ ကျောင်းအုပ်ကြီးရဲ့ ညွှန်ကြားချက်ပါဝင်နေ တယ်လို့ ယူဆပြီး လူ(၁၈)ဦးထက်မနည်း ပါဝင်နေတယ်လို့ သံသယရှိကြောင်း ရဲအရာရှိက ပြောပါတယ်။

ဒီမီးရှို့သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ်က သံသယရှိသူအားလုံးကို တရားစွဲဆိုသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

ရာဖီဟာ ပြီးခဲ့တဲ့လက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီတိုင်ကြားချက်ကို မှတ်တမ်းတင်ခဲ့ပေမဲ့ ဒါဟာ ကြီးမားတဲ့ ပြသနာတစ်ရပ် မဟုတ်ဘူးဆိုပြီး တိုင်ကြားချက်ကို ပယ်ဖျက်ခဲ့ဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုလဲ ထွက်ပေါ်လာခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:5Plus News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top