ဟူး…… ပူလိုက္တာေနာ္။ ေအးေအးေလးတစ္ခုေလာက္ေသာက္ခ်င္တယ္။ အခ်ိဳရည္ေတြလည္း မေသာက္ခ်င္ဘူး။ ေသာက္လိုက္ရင္ ရင္ထဲေအးသြားျပီး ခံတြင္းရွင္းေစတဲ့ ခ်ိဳခ်ိဳေအးေအးေလးေသာက္ခ်င္တယ္ဆိုတဲ့ Hello ဆရာဝန္ပရိသတ္ၾကီးမ်ားရွိလား။ ဒါဆိုရင္ေတာ့ ေႏြပူပူမွာ က်န္းမာေရးအတြက္လည္းအေထာက္အကူျပဳ အရသာလည္းရွိတဲ့ ေဖ်ာ္ရည္ေလးေတြအေၾကာင္း ေျပာျပမယ္ေနာ္။
ေႏြရာသီမွာ ရင္ေအးေစမယ့္ သဘာဝေဖ်ာ္ရည္ေတြ

သံပရာရည္

ေသြးတိုးက်ေစႏိုင္သလို အေမာလည္းေျပေစပါတယ္ ေႏြအပူေၾကာင့္ ေခါင္းမူးေခါင္းကိုက္ျဖစ္တာကို ပါသက္သာေစမွာပါ။ သံပရာသီးစစ္စစ္ေလးကို သၾကား၊ဆား၊ ေသာက္ေရေအးေအးေလးနဲ႔ ေဖာ်္လိုက္ရံုပါ။ ဗီတာမင္ စီ (ဗီတာမင္ C) ပါဝင္တာေၾကာင့္ ကိုယ္ခံအားေကာင္းေစမွာပါေနာ္။

ဖရဲသီးေဖ်ာ္ရည္

ေႏြရာသီနဲ႔ အသင့္ေတာ္ေဖ်ာ္ရည္ေလးတစ္ခုေပါ့။ ကိုယ္တြင္းအဆိပ္အေတာက္ေတြကိုေတာင္ ဖယ္ရွားေပးႏိုင္ပါေသးတယ္ေနာ္။ ဒါေၾကာင့္ ဖရဲသီးကို သၾကားေလးနဲ႔ ေခါက္ေဖ်ာ္ျပီး ေအးေအးေလးေသာက္ေပးေနာ္။ ဆီးခ်ိဳရွိသူေတြအတြက္လည္း သင့္ေတာ္တဲ့ ေဖ်ာ္ရည္ေလးတစ္ခုပါ။ ဆီးခ်ိုရွိတယ္ဆိုရင္ေတာ့ အခ်ိဳေလွ်ာ႔ေပါ့ေနာ္။

သရက္သီးေဖ်ာ္ရည္

သရက္သီးမွည့္ေလးကို ၾကိတ္ေျချပီး သစ္သီးေဖ်ာ္ရည္စစ္စစ္ေလးေသာက္ေပးတာကလည္း ေႏြရာသီနဲ႔ သင့္ေတာ္တဲ့ ဓာတ္စာစ္ခုပါ။ အသားအေရကိုက်န္းမာေစသလို ေသြးတြင္းကိုလက္စထေရာကို က်ေစျပီး ကင္ဆာတိုက္ဖ်က္ေပးႏိုင္စြမး္လည္းရွိပါတယ္။

သေဘၤာသီးေဖ်ာ္ရည္

ပင္မွည့္သေဘာၤသီးစစ္စစ္ေလးကို သၾကားနည္းနည္း ဆားနည္းနည္းနဲ႔ ေခါက္ေဖ်ာ္ျပီး ေသာက္ေပးတာက ရင္ေအးေစသလို ဝမ္းမွန္ေစဖို႔လည္း အေထာက္အကူျပဳပါတယ္။ ကေလးကစလို႔ လူၾကီးေတြအထိ ေသာက္သံုးလို႔ရပါတယ္ေနာ္။

လိေမၼာ္သီးေဖ်ာ္ရည္

လိေမၼာ္သီး လတ္လတ္ဆတ္ဆတ္ေလးကို အရည္ညွစ္လို႔ ေသာက္သံုးေပးမယ္ဆိုရင္ ေသြးတိုးက်ေစနိုင္သလို ေသြးတြင္းကိုလက္စထေရာကိုလည္း က်ေစမွာပါ။ ကိုယ္ခံအားလညး္ေကာင္းေစလုိ႔ ေႏြပူပူမွာ အေမာေျပေစမွာ အေသအခ်ာပါေနာ္။

ၾကံရည္

ေႏြရာသီရဲ႕ trademark တစ္ခုပါ ခႏၶာကိုယ္ကို အင္အားတိုးေစႏိုင္တာေၾကာင့္ ေႏြရာသီမွာ ၾကံရည္ထက္ေကာင္းတဲ့ ေဖ်ာ္ရည္က မရွိသေလာက္ပါ။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ ကယ္လ္ဆီယမ္၊ မဂၢနီဆီယမ္၊ ပိုတက္ဆီယမ္ နဲ႔ ဂလူးကို႔စ္တို႔ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္ေပးျပီး က်န္းမာေအာင္လုပ္ေဆာင္ေပးႏိုင္မွာပါေနာ္။

အုန္းစိမ္းရည္

သဘာဝရဲ႕ ေဖ်ာ္ရည္စစ္စစ္တစ္ခုပါ။ ေႏြအပူဒဏ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတာ္ေတ္ာမ်ားမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။ ကိုယ္ခံအားကိုေကာင္းေစသလို အသားအေရကို ၾကည္လင္ေစမွာပါ။

စေတာ္ဘယ္ရီေဖ်ာ္ရည္

အရသာလည္းရွိ၊ စိတ္ေက်နပ္မႈလည္းရေစတဲ့ ေႏြလယ္ေသာက္စရာေလးတစ္ခုပါေနာ္။ ဗီတာမင္ စီ (ဗီတာမင္ C) ၾကြယ္ဝစြာပါဝင္သလို အမွ်င္ဓာတ္နဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြၾကြယ္ဝစြာပါဝင္ေနတာေၾကာင့္ က်န္းမာေရးအတြက္ အေထာက္အကူျပဳေပးႏိုင္မွာပါေနာ္။

ခရမ္းခ်ဉ္သီးေဖ်ာ္ရည္

ေႏြပူပူမွာ ခရမ္းခ်ဉ္သီးေဖ်ာ္ရည္ေလးေသာက္ရတာကလည္း ခံတြင္းရွင္းျပီးေခါင္းၾကည္ေစပါတယ္ေနာ္။ အပူဒဏ္ေၾကာင့္ မဲသြားတဲ့ အသားအေရေတြအတြက္လည္း အားျဖည့္ျပီးသားျဖစ္တာေပါ့။ ေရဓာတ္ျဖည့္ေပးတဲ့အျပင္ ကိုယ္တြင္းက အဆိပ္အေတာက္ေတြပါဖယ္ရွားေပးေသးတယ္ဆိုေတာ့ ဘယ္ေလာက္ေတာင္ အဆင္ေျပလိုက္လဲေနာ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon
#Unicode Verison#
ဟူး…… ပူလိုက်တာနော်။ အေးအေးလေးတစ်ခုလောက်သောက်ချင်တယ်။ အချိုရည်တွေလည်း မသောက်ချင်ဘူး။ သောက်လိုက်ရင် ရင်ထဲအေးသွားပြီး ခံတွင်းရှင်းစေတဲ့ ချိုချိုအေးအေးလေးသောက်ချင်တယ်ဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ နွေပူပူမှာ ကျန်းမာရေးအတွက်လည်းအထောက်အကူပြု အရသာလည်းရှိတဲ့ ဖျော်ရည်လေးတွေအကြောင်း ပြောပြမယ်နော်။
နွေရာသီမှာ ရင်အေးစေမယ့် သဘာဝဖျော်ရည်တွေ

သံပရာရည်

သွေးတိုးကျစေနိုင်သလို အမောလည်းပြေစေပါတယ် နွေအပူကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်တာကို ပါသက်သာစေမှာပါ။ သံပရာသီးစစ်စစ်လေးကို သကြား၊ဆား၊ သောက်ရေအေးအေးလေးနဲ့ ဖောျ်လိုက်ရုံပါ။ ဗီတာမင် စီ (ဗီတာမင် C) ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေမှာပါနော်။

ဖရဲသီးဖျော်ရည်

နွေရာသီနဲ့ အသင့်တော်ဖျော်ရည်လေးတစ်ခုပေါ့။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုတောင် ဖယ်ရှားပေးနိုင်ပါသေးတယ်နော်။ ဒါကြောင့် ဖရဲသီးကို သကြားလေးနဲ့ ခေါက်ဖျော်ပြီး အေးအေးလေးသောက်ပေးနော်။ ဆီးချိုရှိသူတွေအတွက်လည်း သင့်တော်တဲ့ ဖျော်ရည်လေးတစ်ခုပါ။ ဆီးချိုရှိတယ်ဆိုရင်တော့ အချိုလျှော့ပေါ့နော်။

သရက်သီးဖျော်ရည်

သရက်သီးမှည့်လေးကို ကြိတ်ခြေပြီး သစ်သီးဖျော်ရည်စစ်စစ်လေးသောက်ပေးတာကလည်း နွေရာသီနဲ့ သင့်တော်တဲ့ ဓာတ်စာစ်ခုပါ။ အသားအရေကိုကျန်းမာစေသလို သွေးတွင်းကိုလက်စထရောကို ကျစေပြီး ကင်ဆာတိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။

သင်္ဘောသီးဖျော်ရည်

ပင်မှည့်သဘောၤသီးစစ်စစ်လေးကို သကြားနည်းနည်း ဆားနည်းနည်းနဲ့ ခေါက်ဖျော်ပြီး သောက်ပေးတာက ရင်အေးစေသလို ဝမ်းမှန်စေဖို့လည်း အထောက်အကူပြုပါတယ်။ ကလေးကစလို့ လူကြီးတွေအထိ သောက်သုံးလို့ရပါတယ်နော်။

လိမ္မော်သီးဖျော်ရည်

လိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးကို အရည်ညှစ်လို့ သောက်သုံးပေးမယ်ဆိုရင် သွေးတိုးကျစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေမှာပါ။ ကိုယ်ခံအားလည်းကောင်းစေလို့ နွေပူပူမှာ အမောပြေစေမှာ အသေအချာပါနော်။

ကြံရည်

နွေရာသီရဲ့ trademark တစ်ခုပါ ခန္ဓာကိုယ်ကို အင်အားတိုးစေနိုင်တာကြောင့် နွေရာသီမှာ ကြံရည်ထက်ကောင်းတဲ့ ဖျော်ရည်က မရှိသလောက်ပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဂလူးကို့စ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ကျန်းမာအောင်လုပ်ဆောင်ပေးနိုင်မှာပါနော်။

အုန်းစိမ်းရည်

သဘာဝရဲ့ ဖျော်ရည်စစ်စစ်တစ်ခုပါ။ နွေအပူဒဏ်ကြောင့်ဖြစ်တဲ့ ရောဂါတော်တေ်ာများများကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုကောင်းစေသလို အသားအရေကို ကြည်လင်စေမှာပါ။

စတော်ဘယ်ရီဖျော်ရည်

အရသာလည်းရှိ၊ စိတ်ကျေနပ်မှုလည်းရစေတဲ့ နွေလယ်သောက်စရာလေးတစ်ခုပါနော်။ ဗီတာမင် စီ (ဗီတာမင် C) ကြွယ်ဝစွာပါဝင်သလို အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်မှာပါနော်။

ခရမ်းချဉ်သီးဖျော်ရည်

နွေပူပူမှာ ခရမ်းချဉ်သီးဖျော်ရည်လေးသောက်ရတာကလည်း ခံတွင်းရှင်းပြီးခေါင်းကြည်စေပါတယ်နော်။ အပူဒဏ်ကြောင့် မဲသွားတဲ့ အသားအရေတွေအတွက်လည်း အားဖြည့်ပြီးသားဖြစ်တာပေါ့။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေပါဖယ်ရှားပေးသေးတယ်ဆိုတော့ ဘယ်လောက်တောင် အဆင်ပြေလိုက်လဲနော်။

ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top