လူရဲ့ေျခေထာက္တစ္ဖက္ ေရေပၚမွာ ေပၚလၽွက္ လူကိုပါးစပ္ထဲမွာ ကိုက္လၽွက္ ေခ်ာင္းေရထဲမွာ ေမၽွာၿပီးကူးလာတဲ့ မိေက်ာင္းတစ္ေကာင္ရဲ့ ႐ုပ္သံဟာ ၾကည့္ရွုသူတိုင္းကို ထိတ္လန႔္သြားေစခဲ့ပါတယ္။ မိေက်ာင္းရဲ့ ပါးစပ္ထဲက လူကေတာ့ လြန္ခဲ့တဲ့ တစ္ရက္က ေပ်ာက္ဆုံးသြားတဲ့ အမ်ိဳးသားတစ္ဦးရဲ့ ခႏၶာကိုယ္အစိတ္အပိုင္းျဖစ္ပါတယ္။
 
အင္ဒိုနီးရွားနိုင္ငံ ဆူလာေဝစီကၽြန္းက အသက္ ၃၀ အရြယ္ Darlin Uti ဆိုသူဟာ သူ႔ရဲ့အိမ္အနီးမွာ ျမစ္ထဲမွာရွိတဲ့ ေရေအာက္ပိုက္လိုင္းကို ျပဳျပင္ဖို႔ ေရငုတ္ေနတဲ့အခ်ိန္မွာ မိေက်ာင္းဆြဲခံခဲ့ရတာျဖစ္ပါတယ္။
ျမစ္ကမ္းနဖူးမွာရွိတဲ့ သူ႔ရဲ့ညီမက အသက္ရွုဖို႔ တပ္ဆင္ထားတဲ့ ပိုက္ကို ျပန္ဆြဲၿပီး အစ္ကိုျဖစ္သူကို ကယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေနာက္က်သြားခဲ့ပါတယ္။ မိေက်ာင္းက လူကိုဆြဲၿပီး ျမစ္ထဲကို ေရငုတ္ခ်သြားခဲ့ပါတယ္။

တာဝန္ရွိသူေတြ ကယ္ဆယ္ေရးအဖြဲ႕ေတြက ခ်က္ျခင္းဆိုသလို ျမစ္ကမ္းတစ္ေလၽွာက္ သူ႔ကိုျပန္ရွာခဲ့ေပမယ့္ မေတြ႕ခဲ့ပါဘူး။ ေနာက္တစ္ရက္မွာ ဆက္လက္ရွာေဖြၾကစဥ္ ႐ုပ္သံအတိုင္း မိေက်ာင္းက သူ႔ရဲ့ပါးစပ္ထဲမွာ ကိုက္ခဲလၽွက္ ေရေပၚမွာ ေမၽွာလာတာကို ေတြ႕ခဲ့ရပါတယ္။
 
ကယ္ဆယ္ေရးအဖြဲ႕ရဲ့အဆိုအရ မိေက်ာင္းကိုက္တဲ့ ဒဏ္ရာေၾကာင့္ Darlin Uti မွာ ေသြးထြက္လြန္ၿပီး ေသဆုံးခဲ့ေပမယ့္ သူ႔ရဲ့အေလာင္းကေတာ့ မိေက်ာင္းရဲ့ ခံတြင္းထဲမွာ ပုံစံမပ်က္ရွိေနေသးတယ္လို႔ သိရပါတယ္။

အဆိုပါ Malaoge ျမစ္ေၾကာင္းတစ္ေလၽွာက္ မိေက်ာင္းအလြန္ေပါၿပီး မၾကာခဏဆိုသလို လူေတြအဆြဲခံရတဲ့အတြက္ မိေက်ာင္းေတြ႕တာနဲ႔ သက္ဆိုင္ရာကို သတင္းပို႔ဖို႔ ေၾကညာခ်က္ထုတ္ထားရေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
 လူရဲ့ခြေထောက်တစ်ဖက် ရေပေါ်မှာ ပေါ်လျှက် လူကိုပါးစပ်ထဲမှာ ကိုက်လျှက် ချောင်းရေထဲမှာ မျှောပြီးကူးလာတဲ့ မိကျောင်းတစ်ကောင်ရဲ့ ရုပ်သံဟာ ကြည့်ရှုသူတိုင်းကို ထိတ်လန့်သွားစေခဲ့ပါတယ်။ မိကျောင်းရဲ့ ပါးစပ်ထဲက လူကတော့ လွန်ခဲ့တဲ့ တစ်ရက်က ပျောက်ဆုံးသွားတဲ့ အမျိုးသားတစ်ဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက အသက် ၃၀ အရွယ် Darlin Uti ဆိုသူဟာ သူ့ရဲ့အိမ်အနီးမှာ မြစ်ထဲမှာရှိတဲ့ ရေအောက်ပိုက်လိုင်းကို ပြုပြင်ဖို့ ရေငုတ်နေတဲ့အချိန်မှာ မိကျောင်းဆွဲခံခဲ့ရတာဖြစ်ပါတယ်။
မြစ်ကမ်းနဖူးမှာရှိတဲ့ သူ့ရဲ့ညီမက အသက်ရှုဖို့ တပ်ဆင်ထားတဲ့ ပိုက်ကို ပြန်ဆွဲပြီး အစ်ကိုဖြစ်သူကို ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ပါတယ်။ မိကျောင်းက လူကိုဆွဲပြီး မြစ်ထဲကို ရေငုတ်ချသွားခဲ့ပါတယ်။

တာဝန်ရှိသူတွေ ကယ်ဆယ်ရေးအဖွဲ့တွေက ချက်ခြင်းဆိုသလို မြစ်ကမ်းတစ်လျှောက် သူ့ကိုပြန်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ နောက်တစ်ရက်မှာ ဆက်လက်ရှာဖွေကြစဉ် ရုပ်သံအတိုင်း မိကျောင်းက သူ့ရဲ့ပါးစပ်ထဲမှာ ကိုက်ခဲလျှက် ရေပေါ်မှာ မျှောလာတာကို တွေ့ခဲ့ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ရဲ့အဆိုအရ မိကျောင်းကိုက်တဲ့ ဒဏ်ရာကြောင့် Darlin Uti မှာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ပေမယ့် သူ့ရဲ့အလောင်းကတော့ မိကျောင်းရဲ့ ခံတွင်းထဲမှာ ပုံစံမပျက်ရှိနေသေးတယ်လို့ သိရပါတယ်။

အဆိုပါ Malaoge မြစ်ကြောင်းတစ်လျှောက် မိကျောင်းအလွန်ပေါပြီး မကြာခဏဆိုသလို လူတွေအဆွဲခံရတဲ့အတွက် မိကျောင်းတွေ့တာနဲ့ သက်ဆိုင်ရာကို သတင်းပို့ဖို့ ကြေညာချက်ထုတ်ထားရကြောင်း သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top