အခ်ိန္ကာလက ေျပာျပတဲ့ စကားလံုးမ်ားအေၾကာင္း (အေဖ့ေမတၱာကုိ ေမ့ေနသူမ်ား သိေစဖုိ႔)

၁၉၉၂ ခုႏွစ္

“အေဖ သားေက်ာင္းသြားေတာ့မယ္ . . .”

“ေအး … သား . .”

“သားကို မုန္႔ဖိုးေပးေလ .! ”

“ေဟ..မင္းေမႀကီးက မေပးဘူးလား . . .”

“ေဖ့ဆီက ေတာင္းတဲ့”

“အင္းး ကဲေရာ့ေရာ့” (က်ပ္တန္ေလး ၂ရြက္ထဲမွ ၁က်ပ္တန္ေလးတစ္ရြက္)

“တစ္က်ပ္ထဲလား အေဖရာ . . အေဖ့ထဲမွာ ၂က်ပ္ေတာင္ရွိတာကို”

“ဒီတစ္က်ပ္က ေဖႀကီး လဘက္ရည္ေသာက္မလို႔ေလ”

“ေနာက္မွေသာက္ေဖရာ သားကိုေပး”

“ေဟ… ကဲေရာ့ေရာ့ . . . .”

ႏွစ္ ၂၀ ၾကာၿပီးေနာက္

၂၀၁၂ ခုႏွစ္

“သား . .”

“ဘာလည္း အေဖရာ”

“အေဖ ၿမိဳ႕ထဲကို ပင္စင္သြားထုတ္မလို႔”

“အင္း သြားေလ . . .”

”အဲဒါ အေဖ့မွာ လမ္းစရိတ္မရွိဘူး . .”

”ဟာဗ်ာ အေဖကလည္း အေဖ့သားဆီက ေတာင္းေလဗ်ာ။ ဟိုတစ္ေခါက္ကလည္း သားေပးရတာကို . .”

“မင္းညီက မေျပလည္လို႔ပါတဲ့ . . .”

“ကၽြတ္ သူပဲ မေျပလည္ေန ကဲဗ်ာ..ေရာ့ေရာ့ ” ( ၅၀၀၀ တန္မ်ားၾကားမွ ၂၀၀ တန္ေလးတစ္ရြက္)

“သား . .”

“ေျပာဗ်ာ . .”

“ဒါ အသြားစရိတ္ပဲေလ . .”

“အေဖျပန္ရင္ ပင္စင္ရမွာေလ . .အဲဒါနဲ႔ အျပန္လမ္းစရိတ္လုပ္ေပါ့ . .”

“မရရင္ . .! ”

“ရေအာင္ေစာင့္ထုတ္ခဲ့ေလဗ်ာ အေဖကလည္း…”

“ေၾသာ္ ေအး ေအး . .”

ဖခင္ႀကီး၏ အေတြးမွာေတာ့ လြန္ခဲ့ေသာ အႏွစ္ ၂၀ ခန္႔က အျဖစ္ကို သတိရရင္း ၀ဲလာေသာမ်က္ရည္ ထိန္းကာ…………

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မင္းခိုက္စိုးစန္

#Unicode Version# ျဖင့္ဖတ္ပါ ။

အချိန်ကာလက ပြောပြတဲ့ စကားလုံးများအကြောင်း (အဖေ့မေတ္တာကို မေ့နေသူများ သိစေဖို့)

၁၉၉၂ ခုနှစ်

“အဖေ သားကျောင်းသွားတော့မယ် . . .”

“အေး … သား . .”

“သားကို မုန့်ဖိုးပေးလေ .! ”

“ဟေ..မင်းမေကြီးက မပေးဘူးလား . . .”

“ဖေ့ဆီက တောင်းတဲ့”

“အင်းး ကဲရော့ရော့” (ကျပ်တန်လေး ၂ရွက်ထဲမှ ၁ကျပ်တန်လေးတစ်ရွက်)

“တစ်ကျပ်ထဲလား အဖေရာ . . အဖေ့ထဲမှာ ၂ကျပ်တောင်ရှိတာကို”

“ဒီတစ်ကျပ်က ဖေကြီး လဘက်ရည်သောက်မလို့လေ”

“နောက်မှသောက်ဖေရာ သားကိုပေး”

“ဟေ… ကဲရော့ရော့ . . . .”

နှစ် ၂၀ ကြာပြီးနောက်

၂၀၁၂ ခုနှစ်

“သား . .”

“ဘာလည်း အဖေရာ”

“အဖေ မြို့ထဲကို ပင်စင်သွားထုတ်မလို့”

“အင်း သွားလေ . . .”

”အဲဒါ အဖေ့မှာ လမ်းစရိတ်မရှိဘူး . .”

”ဟာဗျာ အဖေကလည်း အဖေ့သားဆီက တောင်းလေဗျာ။ ဟိုတစ်ခေါက်ကလည်း သားပေးရတာကို . .”

“မင်းညီက မပြေလည်လို့ပါတဲ့ . . .”

“ကျွတ် သူပဲ မပြေလည်နေ ကဲဗျာ..ရော့ရော့ ” ( ၅၀၀၀ တန်များကြားမှ ၂၀၀ တန်လေးတစ်ရွက်)

“သား . .”

“ပြောဗျာ . .”

“ဒါ အသွားစရိတ်ပဲလေ . .”

“အဖေပြန်ရင် ပင်စင်ရမှာလေ . .အဲဒါနဲ့ အပြန်လမ်းစရိတ်လုပ်ပေါ့ . .”

“မရရင် . .! ”

“ရအောင်စောင့်ထုတ်ခဲ့လေဗျာ အဖေကလည်း…”

“သြော် အေး အေး . .”

ဖခင်ကြီး၏ အတွေးမှာတော့ လွန်ခဲ့သော အနှစ် ၂၀ ခန့်က အဖြစ်ကို သတိရရင်း ဝဲလာသောမျက်ရည် ထိန်းကာ…………

ဖိုးသူတော် (www.phothutaw.com)
Credit:မင်းခိုက်စိုးစန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top