တစ္ခါက မူလတန္း ေက်ာင္းတစ္ခုတြင္ အလြန္ညဏ္ထိုင္းေသာ ေက်ာင္းသားတစ္ေယာက္ရွိသည္။ ဘာသာရပ္တိုင္းတြင္ အားနည္းၿပီး ဆရာမက မည္သို႔ပင္ ႀကိဳးစားသင္ျပေသာ္လည္း တိုးတက္မလာ။ ဆရာမ ေျပာသမွ်ကိုလည္း နားလည္ပံုမရပဲ မ်က္လံုး ျပဴးေၾကာင္ေၾကာင္ျဖင့္ ၾကည့္ေနတတ္သည္။ အတန္းသားမ်ားက သူ႔ကို ေမာင္န ဟု စၾကသည္။ ၾကာေတာ့ နာမည္ရင္းေပ်ာက္ကာ ေမာင္နဟုသာ တြင္ေနသည္။

စာသင္မရသည့္အဆံုး ဆရာမက ေမာင္နအေမကို ဆင့္ေခၚသည္။ ကေလးအေျခအေနကို အမွန္အတိုင္းေျပာျပေတာ့ ေမာင္နအေမက လက္မခံ။ သူ႔သားသည္ ကမ႓ာေပၚတြင္ အေတာ္ဆံုးသူ ျဖစ္ရမည္ဟု ယံုၾကည္သည္။ အျခားအတန္းေဖာ္ မ်ားကပါ သူ႔သားကို ႏွိမ့္ခ်ဆက္ဆံေနသည္ကို သိေသာ္ ေမာင္နအေမသည္ မခံစားႏိုင္ေတာ့။ ေမာင္နကို ေက်ာင္းထုတ္ ကာ သူ႔ကိုအထင္ေသးသူမ်ားႏွင့္ေဝးရာ တနယ္တေက်းသို႔ ေျပာင္းေ႐ႊ႕သြားေလသည္။

ႏွစ္ သံုးဆယ္ခန္႔ ၾကာသြားသည္။ ဆရာမသည္ က်န္းမာေရးအရ ေဆးပင္စင္ ယူလိုက္ရသည္။ ႏွလံုးေရာဂါသည္ သက္သာမလာ။ ဆိုးသထက္ဆိုးလာေသာေၾကာင့္ ဆရာဝန္မ်ားက ခြဲစိတ္ကုသမႈ ခံယူရန္ အၾကံေပးၾကသည္။ ယေန႔ ျမန္မာျပည္တြင္ အေတာ္ဆံုး ႏွလံုးအထူးကုရွိေၾကာင္း၊ သူကုသမွ် အဖိတ္အစင္မရွိ အားလံုးေရာဂါေပ်ာက္ကင္းၾကေၾကာင္း ေျပာျပၾကသည္။ ဆရာမသည္ ေၾကာက္လွေသာ္လည္း ထိုအထူးကုႏွင့္ဆိုလွ်င္ ခြဲစိတ္ကုသခံဖို႔ သေဘာတူလိုက္သည္။

ခြဲစိတ္မႈ ေအာင္ျမင္သည္။ မိသားစုဝင္မ်ား ယခုမွ သက္ျပင္းခ်ႏိုင္သည္။ ဆရာမကို ခြဲခန္းထဲမွ လူနာခန္းထဲသို႔ သယ္ေဆာင္ လာသည္။ သတိမရေသးေသာ္လည္း အားလံုး ပံုမွန္အတိုင္းျဖစ္ေနၿပီ။ အသက္ရႉစက္ႏွင့္ အျခားပိုက္မ်ားကေတာ့ တပ္ထား ရဆဲ ျဖစ္သည္။ အထူးကု ဆရာဝန္ႀကီးက ဆရာမ သတိျပန္ရသည့္တိုင္ ေစာင့္ေနေပးသည္။ သူ႔ ငယ္စဥ္က ဆရာမ ျဖစ္ေၾကာင္း၊ ယခုလို ျပန္ဆံုၿပီး ကူညီခြင့္ရတာ ဝမ္းသာေၾကာင္း၊ ဆရာမကေတာ့ သူ႔ကို မွတ္မိမယ္ မထင္ေၾကာင္း၊ ေဆးကုသ စရိတ္အားလံုးကို သူက တာဝန္ယူမည္ျဖစ္ေၾကာင္း ေျပာျပသည္။ မိသားစုဝင္မ်ား ဝမ္းသာၾကသည္။

ဆရာမ သတိျပန္ရလာသည္။ နႈတ္ခမ္းလႈပ္လာၿပီး အသံတိုးတိုး ထြက္လာသည္။ မ်က္လံုးကို အားယူဖြင့္သည္။ အထူးကု ဆရာဝန္ႀကီးက ႐ုတ္တရက္ မလႈပ္ဖို႔ စိတ္ေအးေအးထားဖို႔ႏွင့္ ခြဲစိတ္မႈေအာင္ျမင္ေၾကာင္း ဆရာမ ေရာဂါေတြ ေပ်ာက္ၿပီ ျဖစ္ေၾကာင္း ေျပာျပသည္။ ဆရာမ မ်က္လံုးမ်ား ၾကည္လင္သြားခ်ိန္တြင္ ဆရာဝန္ႀကီးကို ျမင္ရသည္။ “ဆရာမ ေနရတာ သက္သာလား။ ကၽြန္ေတာ့ကို မွတ္မိလား။ ဆရာမတပည့္ေလ” ဟု ေမးသည္။ အေတာ္ၾကာ စိုက္ၾကည့္ၿပီးေသာ္ ဆရာမ သည္ မွတိမိေၾကာင္းေခါင္းဆတ္ျပရင္း မ်က္လံုးအိမ္မွ မ်က္ရည္မ်ား က်လာသည္။ ဆရာဝန္ႀကီးလည္း မ်က္ရည္စို႔လာၿပီး “ဆရာမ မငိုပါနဲ႔ေတာ့။ ေရာဂါေတြေပ်ာက္ၿပီပဲ။ စိတ္ေအးေအးထားၿပီး အနားယူပါ။ ကၽြန္ေတာ္ရံုးခန္းမွာ လိုအပ္တာေလး ေတြ သြားစီစဥ္လိုက္ပါအံုးမယ္” ဟုဆိုကာ ထြက္သြားေလသည္။ အနီးက သန္႔ရွင္းေရးဝန္ထမ္းကိုလည္း အခန္းေသခ်ာျပင္ဆင္ေပးဖို႔ မွာသြားခဲ့သည္။

သူထြက္သြားၿပီးေနာက္ ဆရာမ အေမာေဖာက္လာသည္။ ပါးစပ္မွ တစ္ခုခုေျပာေနေသာ္လည္း အသက္ရႉပိုက္ေၾကာင့္ ဝူးဝူးဝါးဝါးသာ ၾကားရသည္။ ဆရာမ မ်က္ႏွာသည္ တျဖည္းျဖည္း ျဖဴရာမွ အ ျပာေရာင္သန္းလာသည္။ ဆရာဝန္ႀကီးကို အေျပးအလႊားသြားေခၚပါေသာ္လည္း ေနာက္က်သြားေလၿပီ။ ဆရာဝန္ႀကီးေရာက္လာေသာ္ အသက္မမီေတာ့ေခ်။

ခြဲစိပ္မႈ ေအာင္ျမင္ပါလွ်က္ႏွင့္ ဘာေၾကာင့္ ယခုလို ျဖစ္ရတာလဲဟု မိသားစုဝင္မ်ားက ေမးခြန္းထုတ္ၾကသည္။ ဆရာဝန္ႀကီး က မ်က္ရည္ၾကားမွ အားယူရင္း မခ်ိတင္ကဲႏွင့္ “လြန္ခဲ့တဲ့ ႏွစ္ေပါင္းသံုးဆယ္ေလာက္က အရမ္းညဏ္ထိုင္းတဲ့ ေမာင္နဆို တဲ့ ဆရာမ တပည့္ေလးကို မွတ္မိၾကပါသလား ခင္ဗ်ာ” ဟု ေမးေလသည္။ ဆရာမ အမ်ိဳးမ်ားက မွတ္မိေၾကာင္းေျပာရင္း သူတို႔ပါ ရင္ခုန္ စိတ္လႈပ္ရွားလာၾကသည္။

ဆရာဝန္ႀကီးက ဆက္လက္ၿပီး ” အဲဒီေခြးမသားက အခုဒီေဆးရံုမွာ သန္႔ရွင္းေရးလုပ္ေနတာ။ ခုနက သူ႔ဖုန္စုပ္စက္ကို တပ္ဖို႔ ဆရာမရဲ႕ အသက္ရႉစက္ရဲ႕ ပလပ္ကို ဆြဲျဖဳတ္သြားတယ္ေလ။ ဒီေလာက္ ညဏ္တုန္းတဲ့ေကာင္ကို သူငယ္ခ်င္းခ်င္း ဆိုတဲ့ မ်က္ႏွာနဲ႔ အလုပ္ခန္႔လိုက္မိတာ ကၽြန္ေတာ္ကိုယ္ ကၽြန္ေတာ္ ဘယ္လိုမွ ခြင့္မလႊတ္ႏိုင္ဘူးဗ်ာ” ဟုေျပာရင္း ငိုခ်လိုက္ ေလေတာ့သည္။ (အကယ္လို႔ သင္သည္ ဆရာဝန္ႀကီးကို ေမာင္နဟု ထင္ေနခဲ့သည္ရွိေသာ္ ျမန္မာဇာတ္ကားမ်ား အလြန္အကၽြံ ၾကည့္ျခင္းကို ေလွ်ာ့ခ်ဖို႔ ေမတၱာေရွ႕ထား သတိေပးစကား ဆိုလိုက္ရပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္းေရးသားသူ

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ခါက မူလတန်း ကျောင်းတစ်ခုတွင် အလွန်ညဏ်ထိုင်းသော ကျောင်းသားတစ်ယောက်ရှိသည်။ ဘာသာရပ်တိုင်းတွင် အားနည်းပြီး ဆရာမက မည်သို့ပင် ကြိုးစားသင်ပြသော်လည်း တိုးတက်မလာ။ ဆရာမ ပြောသမျှကိုလည်း နားလည်ပုံမရပဲ မျက်လုံး ပြူးကြောင်ကြောင်ဖြင့် ကြည့်နေတတ်သည်။ အတန်းသားများက သူ့ကို မောင်န ဟု စကြသည်။ ကြာတော့ နာမည်ရင်းပျောက်ကာ မောင်နဟုသာ တွင်နေသည်။

စာသင်မရသည့်အဆုံး ဆရာမက မောင်နအမေကို ဆင့်ခေါ်သည်။ ကလေးအခြေအနေကို အမှန်အတိုင်းပြောပြတော့ မောင်နအမေက လက်မခံ။ သူ့သားသည် ကမ္ဘာပေါ်တွင် အတော်ဆုံးသူ ဖြစ်ရမည်ဟု ယုံကြည်သည်။ အခြားအတန်းဖော် များကပါ သူ့သားကို နှိမ့်ချဆက်ဆံနေသည်ကို သိသော် မောင်နအမေသည် မခံစားနိုင်တော့။ မောင်နကို ကျောင်းထုတ် ကာ သူ့ကိုအထင်သေးသူများနှင့်ဝေးရာ တနယ်တကျေးသို့ ပြောင်းရွှေ့သွားလေသည်။

နှစ် သုံးဆယ်ခန့် ကြာသွားသည်။ ဆရာမသည် ကျန်းမာရေးအရ ဆေးပင်စင် ယူလိုက်ရသည်။ နှလုံးရောဂါသည် သက်သာမလာ။ ဆိုးသထက်ဆိုးလာသောကြောင့် ဆရာဝန်များက ခွဲစိတ်ကုသမှု ခံယူရန် အကြံပေးကြသည်။ ယနေ့ မြန်မာပြည်တွင် အတော်ဆုံး နှလုံးအထူးကုရှိကြောင်း၊ သူကုသမျှ အဖိတ်အစင်မရှိ အားလုံးရောဂါပျောက်ကင်းကြကြောင်း ပြောပြကြသည်။ ဆရာမသည် ကြောက်လှသော်လည်း ထိုအထူးကုနှင့်ဆိုလျှင် ခွဲစိတ်ကုသခံဖို့ သဘောတူလိုက်သည်။

ခွဲစိတ်မှု အောင်မြင်သည်။ မိသားစုဝင်များ ယခုမှ သက်ပြင်းချနိုင်သည်။ ဆရာမကို ခွဲခန်းထဲမှ လူနာခန်းထဲသို့ သယ်ဆောင် လာသည်။ သတိမရသေးသော်လည်း အားလုံး ပုံမှန်အတိုင်းဖြစ်နေပြီ။ အသက်ရှူစက်နှင့် အခြားပိုက်များကတော့ တပ်ထား ရဆဲ ဖြစ်သည်။ အထူးကု ဆရာဝန်ကြီးက ဆရာမ သတိပြန်ရသည့်တိုင် စောင့်နေပေးသည်။ သူ့ ငယ်စဉ်က ဆရာမ ဖြစ်ကြောင်း၊ ယခုလို ပြန်ဆုံပြီး ကူညီခွင့်ရတာ ဝမ်းသာကြောင်း၊ ဆရာမကတော့ သူ့ကို မှတ်မိမယ် မထင်ကြောင်း၊ ဆေးကုသ စရိတ်အားလုံးကို သူက တာဝန်ယူမည်ဖြစ်ကြောင်း ပြောပြသည်။ မိသားစုဝင်များ ဝမ်းသာကြသည်။

ဆရာမ သတိပြန်ရလာသည်။ နှုတ်ခမ်းလှုပ်လာပြီး အသံတိုးတိုး ထွက်လာသည်။ မျက်လုံးကို အားယူဖွင့်သည်။ အထူးကု ဆရာဝန်ကြီးက ရုတ်တရက် မလှုပ်ဖို့ စိတ်အေးအေးထားဖို့နှင့် ခွဲစိတ်မှုအောင်မြင်ကြောင်း ဆရာမ ရောဂါတွေ ပျောက်ပြီ ဖြစ်ကြောင်း ပြောပြသည်။ ဆရာမ မျက်လုံးများ ကြည်လင်သွားချိန်တွင် ဆရာဝန်ကြီးကို မြင်ရသည်။ “ဆရာမ နေရတာ သက်သာလား။ ကျွန်တော့ကို မှတ်မိလား။ ဆရာမတပည့်လေ” ဟု မေးသည်။ အတော်ကြာ စိုက်ကြည့်ပြီးသော် ဆရာမ သည် မှတိမိကြောင်းခေါင်းဆတ်ပြရင်း မျက်လုံးအိမ်မှ မျက်ရည်များ ကျလာသည်။ ဆရာဝန်ကြီးလည်း မျက်ရည်စို့လာပြီး “ဆရာမ မငိုပါနဲ့တော့။ ရောဂါတွေပျောက်ပြီပဲ။ စိတ်အေးအေးထားပြီး အနားယူပါ။ ကျွန်တော်ရုံးခန်းမှာ လိုအပ်တာလေး တွေ သွားစီစဉ်လိုက်ပါအုံးမယ်” ဟုဆိုကာ ထွက်သွားလေသည်။ အနီးက သန့်ရှင်းရေးဝန်ထမ်းကိုလည်း အခန်းသေချာပြင်ဆင်ပေးဖို့ မှာသွားခဲ့သည်။

သူထွက်သွားပြီးနောက် ဆရာမ အမောဖောက်လာသည်။ ပါးစပ်မှ တစ်ခုခုပြောနေသော်လည်း အသက်ရှူပိုက်ကြောင့် ဝူးဝူးဝါးဝါးသာ ကြားရသည်။ ဆရာမ မျက်နှာသည် တဖြည်းဖြည်း ဖြူရာမှ အ ပြာရောင်သန်းလာသည်။ ဆရာဝန်ကြီးကို အပြေးအလွှားသွားခေါ်ပါသော်လည်း နောက်ကျသွားလေပြီ။ ဆရာဝန်ကြီးရောက်လာသော် အသက်မမီတော့ချေ။

ခွဲစိပ်မှု အောင်မြင်ပါလျှက်နှင့် ဘာကြောင့် ယခုလို ဖြစ်ရတာလဲဟု မိသားစုဝင်များက မေးခွန်းထုတ်ကြသည်။ ဆရာဝန်ကြီး က မျက်ရည်ကြားမှ အားယူရင်း မချိတင်ကဲနှင့် “လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က အရမ်းညဏ်ထိုင်းတဲ့ မောင်နဆို တဲ့ ဆရာမ တပည့်လေးကို မှတ်မိကြပါသလား ခင်ဗျာ” ဟု မေးလေသည်။ ဆရာမ အမျိုးများက မှတ်မိကြောင်းပြောရင်း သူတို့ပါ ရင်ခုန် စိတ်လှုပ်ရှားလာကြသည်။

ဆရာဝန်ကြီးက ဆက်လက်ပြီး ” အဲဒီခွေးမသားက အခုဒီဆေးရုံမှာ သန့်ရှင်းရေးလုပ်နေတာ။ ခုနက သူ့ဖုန်စုပ်စက်ကို တပ်ဖို့ ဆရာမရဲ့ အသက်ရှူစက်ရဲ့ ပလပ်ကို ဆွဲဖြုတ်သွားတယ်လေ။ ဒီလောက် ညဏ်တုန်းတဲ့ကောင်ကို သူငယ်ချင်းချင်း ဆိုတဲ့ မျက်နှာနဲ့ အလုပ်ခန့်လိုက်မိတာ ကျွန်တော်ကိုယ် ကျွန်တော် ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူးဗျာ” ဟုပြောရင်း ငိုချလိုက် လေတော့သည်။ (အကယ်လို့ သင်သည် ဆရာဝန်ကြီးကို မောင်နဟု ထင်နေခဲ့သည်ရှိသော် မြန်မာဇာတ်ကားများ အလွန်အကျွံ ကြည့်ခြင်းကို လျှော့ချဖို့ မေတ္တာရှေ့ထား သတိပေးစကား ဆိုလိုက်ရပါသည်။)

ဖိုးသူတော် (www.phothutaw.com)
Credit: မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top