ေကာ့ေသာင္းခ႐ိုင္ ဘုတ္ျပင္းႏွင့္ ျပည္ႀကီးမ႑ိဳင္ ၿမိဳ႕နယ္တို႔ရွိ ေက်း႐ြာ တခ်ိဳ႕တြင္ ႐ြာထဲသို႔ ေတာဆင္း႐ိုင္းမ်ား မၾကာခဏ ဝင္ေရာက္ ေနာက္ယွက္ရန္မူျခင္းေၾကာင့္ ေက်း႐ြာေနေဒသခံမ်ားမွာ စိုးရိမ္မႈမ်ား ျမႇင့္တက္ ေနေၾကာင္း သိရသည္။

 တနသၤာရီတိုင္းေဒသႀကီး ဘုတ္ျပင္းၿမိဳ႕နယ္ႏွင့္ ျပည္ႀကီးမ႑ိဳင္ၿမိဳ႕တို႔သည္ ယခင္က လူသူအေရာက္ေပါက္ နည္းသည့္ ေဒသတစ္ခုျဖစ္ၿပီး၊  ေတာ႐ိုင္းတိရစာၦန္မ်ား ေပါမ်ားသည့္အျပင္ ေတာဆင္႐ိုင္းမ်ားေနထိုင္ က်က္စားသည့္ ေဒသတစ္ခုလည္း ျဖစ္သည္။ယခုအခါ ဆီအုန္း စိုက္ခင္းမ်ား ဝင္ေရာက္္လာၿပီးေနာက္ ေတာဆင္မ်ား ေပ်ာက္ကြယ္သြားခဲ့သည္။

“အခုတေလာ ဦးဇင္းတို႔ဘက္မွာ ဆင္အႏၲရာယ္နဲ႔ ပတ္သက္ၿပီး၊ ဒကာ/ ဒကာမေတြ သြားသတိ လာသတိေတြနဲ႔ ေနထိုင္ေနရပါတယ္။ တေလာကလည္း ႐ြာထဲကို ဝင္ၿပီး အသက္ ၁၃ ႏွစ္ ကေလးမေလး တစ္ဦး ဆင္နင္းလို႔ လူေသမႈေတြ ျဖစ္ခဲ့ေသးတယ္။ စိုက္ခင္းေတြလည္း မၾကာခဏ ဝင္ေရာက္ ဖ်က္ဆီးခံေနရတယ္”ဟု ျပည္ႀကီး မ႑ိဳင္ၿမိဳ႕၊ ေခ်ာင္းမြန္ေက်း႐ြာ စမ္းေရေအးေက်ာင္းတိုက္မွ ဆရာေတာ္ အရွင္မ႑လက ေျပာသည္။

 ယခုအခါမွာ အဆိုပါ ဆင္မ်ားေၾကာင့္ လူေနအိမ္မ်ားႏွင့္ လူမ်ား၏ အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္ ေသဆုံးေအာင္ ထိခိုက္လာမႈမ်ား ရွိေနၿပီး၊ ႐ြာသူ၊ ႐ြာသား ၄ ဦးထက္မနည္း ေသဆုံးမႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

 “ဆင္ေတြကေတာ့ အခု ရက္ပိုင္းမွာ ႐ြာထဲကို မၾကာခဏဆိုသလို ဝင္ေရာက္ေနတာ ေတြ႕ရပါတယ္။ ႐ြာသူ ႐ြာသားေတြကိုလည္း ညဘက္မွာ အိမ္ေအာက္ကို ဆင္းတာတို႔ ဥယ်ာဥ္ၿခံထဲကို သြားတာတို႔ သတိထားဖို႔ အၿမဲေျပာေနရပါတယ္။ အခုက ဆင္ေတြက လူကို ေတြ႕ရင္ ရန္မူပါတယ္။

လူနဲ႔ မေတြ႕ရင္ေတာ့ အိမ္ ေတြ ဖ်က္ဆီးတာေတြ ရွိသလို စိုက္ခင္း၊ ဥယ်ာဥ္ၿခံေတြ ဝင္ေရာက္ဖ်က္ဆီးတာေတြ ေန႔တိုင္း နီးပါး ႀကဳံေနရတယ္” ဟု ေခ်ာင္းမြန္ေအးေက်း႐ြာမွ ရာအိမ္မႉး ဦးလြင္မိုးသူက ေျပာၾကားသည္။

 ေတာဆင္႐ိုင္းမ်ားမွာ ႐ြာထဲသို႔ ၂ ေကာင္ ၃ ေကာင္မွ ၁၀ ေကာင္ အထိ ဝင္ေရာက္တတ္ေၾကာင္း၊ ေတာထဲတြင္ အေကာင္ေရ ၅၀ မွ ၁၀၀ အထိ ေတြ႕ဖူးေၾကာင္း ႐ြာသူ ႐ြာသားမ်ားထံမွ သိရသည္။

 “အခုဆိုရင္ ကြၽန္ေတာ္တို႔ ႐ြာသားေတြဟာ ဆင္္က လူကို အႏၲရာယ္ျပဳတာကိုပဲ ခံေနရပါတယ္။ ေျခာက္လန႔္ ဟန႔္တာလည္း သူတို႔ ထြက္မေျပးဘူး။ လက္နက္နဲ႔ ျပန္ပစ္ရင္လည္း သစ္ေတာက တားျမစ္ထားလို႔ ဥပေဒအရ အေရးယူခံရမွာ ေၾကာက္လို႔ ေန႔တိုင္း နီးပါး စိုးရိမ္ေနရတယ္”လို႔ အထက္ပါ ရာအိမ္မႉး ဦးလြင္မိုးသူက ထပ္ေလာင္း ေျပာဆိုသည္။

အဆိုပါကိစၥရပ္မ်ားအတြက္ အစိုးရအေနျဖင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ ေရွာက္ေပးရန္ ေဒသခံမ်ားက လိုလားလ်က္ရွိၿပီး ဆင္႐ိုင္းမ်ားအႏၲရာယ္ေၾကာင့္ လူေသဆုံးမႈမ်ား မျဖစ္ေပၚ ေစရန္ႏွင့္ ေတာဆင္႐ိုင္း သတ္ျဖတ္မႈမ်ားကို မျဖစ္ေပၚေစရန္အတြက္ ႀကိဳတင္စီမံမႈမ်ားကို ေဆာင္႐ြက္ သင့္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

 ကော့သောင်းခရိုင် ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင် မြို့နယ်တို့ရှိ ကျေးရွာ တချို့တွင် ရွာထဲသို့ တောဆင်းရိုင်းများ မကြာခဏ ဝင်ရောက် နောက်ယှက်ရန်မူခြင်းကြောင့် ကျေးရွာနေဒေသခံများမှာ စိုးရိမ်မှုများ မြှင့်တက် နေကြောင်း သိရသည်။

 တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်နှင့် ပြည်ကြီးမဏ္ဍိုင်မြို့တို့သည် ယခင်က လူသူအရောက်ပေါက် နည်းသည့် ဒေသတစ်ခုဖြစ်ပြီး၊  တောရိုင်းတိရစ္ဆာန်များ ပေါများသည့်အပြင် တောဆင်ရိုင်းများနေထိုင် ကျက်စားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။ယခုအခါ ဆီအုန်း စိုက်ခင်းများ ဝင်ရောက်လာပြီးနောက် တောဆင်များ ပျောက်ကွယ်သွားခဲ့သည်။

“အခုတလော ဦးဇင်းတို့ဘက်မှာ ဆင်အန္တရာယ်နဲ့ ပတ်သက်ပြီး၊ ဒကာ/ ဒကာမတွေ သွားသတိ လာသတိတွေနဲ့ နေထိုင်နေရပါတယ်။ တလောကလည်း ရွာထဲကို ဝင်ပြီး အသက် ၁၃ နှစ် ကလေးမလေး တစ်ဦး ဆင်နင်းလို့ လူသေမှုတွေ ဖြစ်ခဲ့သေးတယ်။ စိုက်ခင်းတွေလည်း မကြာခဏ ဝင်ရောက် ဖျက်ဆီးခံနေရတယ်”ဟု ပြည်ကြီး မဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာ စမ်းရေအေးကျောင်းတိုက်မှ ဆရာတော် အရှင်မဏ္ဍလက ပြောသည်။

 ယခုအခါမှာ အဆိုပါ ဆင်များကြောင့် လူနေအိမ်များနှင့် လူများ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက် သေဆုံးအောင် ထိခိုက်လာမှုများ ရှိနေပြီး၊ ရွာသူ၊ ရွာသား ၄ ဦးထက်မနည်း သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 “ဆင်တွေကတော့ အခု ရက်ပိုင်းမှာ ရွာထဲကို မကြာခဏဆိုသလို ဝင်ရောက်နေတာ တွေ့ရပါတယ်။ ရွာသူ ရွာသားတွေကိုလည်း ညဘက်မှာ အိမ်အောက်ကို ဆင်းတာတို့ ဥယျာဉ်ခြံထဲကို သွားတာတို့ သတိထားဖို့ အမြဲပြောနေရပါတယ်။ အခုက ဆင်တွေက လူကို တွေ့ရင် ရန်မူပါတယ်။

လူနဲ့ မတွေ့ရင်တော့ အိမ်တွေ ဖျက်ဆီးတာတွေ ရှိသလို စိုက်ခင်း၊ ဥယျာဉ်ခြံတွေ ဝင်ရောက်ဖျက်ဆီးတာတွေ နေ့တိုင်း နီးပါး ကြုံနေရတယ်” ဟု ချောင်းမွန်အေးကျေးရွာမှ ရာအိမ်မှူး ဦးလွင်မိုးသူက ပြောကြားသည်။

 တောဆင်ရိုင်းများမှာ ရွာထဲသို့ ၂ ကောင် ၃ ကောင်မှ ၁၀ ကောင် အထိ ဝင်ရောက်တတ်ကြောင်း၊ တောထဲတွင် အကောင်ရေ ၅၀ မှ ၁၀၀ အထိ တွေ့ဖူးကြောင်း ရွာသူ ရွာသားများထံမှ သိရသည်။

 “အခုဆိုရင် ကျွန်တော်တို့ ရွာသားတွေဟာ ဆင်က လူကို အန္တရာယ်ပြုတာကိုပဲ ခံနေရပါတယ်။ ခြောက်လန့် ဟန့်တာလည်း သူတို့ ထွက်မပြေးဘူး။ လက်နက်နဲ့ ပြန်ပစ်ရင်လည်း သစ်တောက တားမြစ်ထားလို့ ဥပဒေအရ အရေးယူခံရမှာ ကြောက်လို့ နေ့တိုင်း နီးပါး စိုးရိမ်နေရတယ်”လို့ အထက်ပါ ရာအိမ်မှူး ဦးလွင်မိုးသူက ထပ်လောင်း ပြောဆိုသည်။

အဆိုပါကိစ္စရပ်များအတွက် အစိုးရအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိပြီး ဆင်ရိုင်းများအန္တရာယ်ကြောင့် လူသေဆုံးမှုများ မဖြစ်ပေါ် စေရန်နှင့် တောဆင်ရိုင်း သတ်ဖြတ်မှုများကို မဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံမှုများကို ဆောင်ရွက် သင့်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top