20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းအေရွ႕ဘက္(၂) မိုင္ခန႔္အကြာ ေလာက္စာေတာင္အနီး ယာေတာတစ္ခုတြင္ ဆယ္ေက်ာ္သက္႐ြယ္ လူငယ္တစ္ဦး ေသဆုံးေနသည္ကို မတ္ ၃၁ ရက္က ေတြ႕ရွိခဲ့ေၾကာင္း မိုးညႇင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ေသဆုံးသူ အသက္(၁၃) ႏွစ္ရွိ ေမြးရာပါဉာဏ္ရည္အားနည္းသူ ေမာင္ဂြၽန္လုံဘုရ္ဟု စုံစမ္းသိရွိရၿပီး ၎ေပ်ာက္ဆုံးေနသည္မွာ ၃ ရက္ခန႔္ ရွိၿပီ ျဖစ္ကာ အစာေရစာျပတ္လပ္ေသဆုံးသည္ဟု လတ္တေလာတြင္ ရဲတပ္ဖြဲ႕မွ ယူဆထားသည္။

ျဖစ္စဥ္မွာ မတ္ ၂၇ ရက္ နံနက္ ၁၀ နာရီခန႔္က ေလာက္စာေတာင္အနီးရွိ ၎ ဖခင္ ဦးရိန္ကုတ္၏ ယာခင္းထဲမွ ထြက္သြားခဲ့သည္ဟု သိရသည္။ ေသဆုံးသူအား မိုးညႇင္းၿမိဳ႕မရဲစခန္းမွ လူေပ်ာက္အမွတ္စဥ္(၂/၁၉) ျဖင့္ လိုက္လံရွာေဖြေနၿပီး ယခုလို ေသဆုံးေနသည္ကို ရွာေဖြေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

၎၏အေလာင္းကို ဦးေလးျဖစ္သူ ဦးထိန္လင္းက မိုးညႇင္းၿမိဳ႕ အေရွ႕စုရပ္ကြက္၊ ေလာက္စာေတာင္ေပၚဘုရား၏ ေတာင္ဘက္မိုင္ဝက္ခန႔္အကြာ ယာေတာထဲတြင္ မတ္ ၃၁ ရက္ နံနက္ နာရီအခ်ိန္က ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ေသဆုံးခ်ိန္တြင္ ၎၏ပါးစပ္ႏွင့္ ဘယ္/ညာ ေျခသလုံးတို႔တြင္ ပြန္းျခစ္ဒဏ္ရာမ်ားေတြ႕ရွိရ၍ ေမာင္ဂြၽန္လုံဘုရ္အား ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္/မဟုတ္ စစ္ေဆးေဆာင္႐ြက္ႏိုင္ရန္  ေသမႈေသခင္းအမွတ္စဥ္ (၈/၁၉) ျဖင့္ အမႈဖြင့္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း မိုးညႇင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်(၂) မိုင်ခန့်အကွာ လောက်စာတောင်အနီး ယာတောတစ်ခုတွင် ဆယ်ကျော်သက်ရွယ် လူငယ်တစ်ဦး သေဆုံးနေသည်ကို မတ် ၃၁ ရက်က တွေ့ရှိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူ အသက်(၁၃) နှစ်ရှိ မွေးရာပါဉာဏ်ရည်အားနည်းသူ မောင်ဂျွန်လုံဘုရ်ဟု စုံစမ်းသိရှိရပြီး ၎င်းပျောက်ဆုံးနေသည်မှာ ၃ ရက်ခန့် ရှိပြီ ဖြစ်ကာ အစာရေစာပြတ်လပ်သေဆုံးသည်ဟု လတ်တလောတွင် ရဲတပ်ဖွဲ့မှ ယူဆထားသည်။

ဖြစ်စဉ်မှာ မတ် ၂၇ ရက် နံနက် ၁၀ နာရီခန့်က လောက်စာတောင်အနီးရှိ ၎င်း ဖခင် ဦးရိန်ကုတ်၏ ယာခင်းထဲမှ ထွက်သွားခဲ့သည်ဟု သိရသည်။ သေဆုံးသူအား မိုးညှင်းမြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ်(၂/၁၉) ဖြင့် လိုက်လံရှာဖွေနေပြီး ယခုလို သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်း၏အလောင်းကို ဦးလေးဖြစ်သူ ဦးထိန်လင်းက မိုးညှင်းမြို့ အရှေ့စုရပ်ကွက်၊ လောက်စာတောင်ပေါ်ဘုရား၏ တောင်ဘက်မိုင်ဝက်ခန့်အကွာ ယာတောထဲတွင် မတ် ၃၁ ရက် နံနက် နာရီအချိန်က တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးချိန်တွင် ၎င်း၏ပါးစပ်နှင့် ဘယ်/ညာ ခြေသလုံးတို့တွင် ပွန်းခြစ်ဒဏ်ရာများတွေ့ရှိရ၍ မောင်ဂျွန်လုံဘုရ်အား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန်  သေမှုသေခင်းအမှတ်စဉ် (၈/၁၉) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top