၂၀၀၃ခုႏွစ္ကစျပီးျမက္ခင္းစိမ္းေတြေပၚမွာ ယံုၾကည္ခ်က္အျပည့္နဲ႔ ႏိုင္ငံ့ဂုဏ္ကို ေရကုန္ေရခမ္း ႀကိဳးစားထမ္းခဲ့တဲ့သူ ၊ စြမ္းရည္ျပည့္ကစားသမားတစ္ေယာက္ျဖစ္ၿပီး ျမန္မာျပည္သူျပည္သားေတြအေပၚအေကာင္းဆံုးေဖ်ာ္ေျဖတင္ဆက္ေပးႏိုင္ခဲ့တဲ့ အမ်ဳိးသသမီးေဘာလံုးကစားသမားတစ္ေယာက္ရိွပါတယ္ ။ သူကသန္းသန္းေထြးပါ ။

လက္ေရြးစင္ကစားသမားဘဝကအနားယူသြားေပမယ့္ ပရိသတ္ေတြရဲ႕ရင္ထဲမွာ ျမန္မာလက္ေရြးစင္အမ်ိဳးသမီးေဘာလံုးအသင္းရဲ႕ေက်ာနံပါတ္ကေတာ့သူမပဲျဖစ္ေနဦးမယ္ ထင္ပါတယ္ ။

အခုPann Pwint မီဒီယာနဲ႔အတင္တာဗ်ဴးတစ္ခုမွာ သန္းသန္းေထြးက သူရဲ႕ေဘာလံုးအေပၚခံယူခ်က္တစ္ခ်ိဳ႕ကိုေျပာျပသြားတာေတြရိွပါတယ္ ။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔က သန္းသန္းေထြးကို ခ်စ္ခင္အားေပးၾကတဲ့မိတ္ေဆြေတြသိရေအာင္ေဖာ္ျပေပးလိုက္ရပါတယ္ခင္ဗ်ာ ။

လက္ရိွဘဝေနထုိင္ပံုကို သန္းသန္းေထြးက Life Style ကေတာ့ ထူးထူးျခားျခားမရိွဘူး ေဘာလံုးနဲ႔ပတ္သက္တဲ့ဟာပဲရိွတယ္။ ေဘာလံုးမကစားေတာ့ေပမယ့္ ဒီလိုေပ်ာ္ပြဲေလးေတြကစားတယ္ ခ်စ္ၾကည္ေရးပြဲေလးေတြကစားတယ္ ။ၿပီးရင္ ပရဟိတပြဲေလးေတြကစားေပးတယ္ ။

နယ္ဆိုလည္းသြားကစားေပးတယ္ ။ အားရင္အသလိုမ်ိဳးကေလးေတြနဲ႔ၾကံဳရင္ၾကံဳသလိုမ်ိဳး သြားၿပီးကစားေပးတယ္ ။ပိတ္တဲ့ရင္မွာ သင္တန္းေက်ာင္းေလးေတြရိွရင္သြားကူညီေပးတယ္ ဒီထဲမွာပဲလည္ပတ္ေနတာ ။ ထူးထူးျခားျခားႀကီးသီးသန္႔ႀကီးမလုပ္ဘူး ။ အိမ္မွာေနလည္း အိမ္မွာ ေဘာလံုးပြဲကည့္တယ္ ။



စိတ္ဝင္စားတဲ့ဟာ ေဘာလံုးနဲ႔ပတ္သက္တဲ့ဟာေတြေတာ့အကုန္လံုးလုပ္ျဖစ္ပါတယ္ ။ ဆိုၿပီးေျပာျပသြားၿပီး ဦးေဇာ္ေဇာ္ရဲ႕ပံ့ပိုးမႈေတြကိုလည္း ေဘာလံုးကန္လာတဲ့ေတာက္ေလွ်ာက္မွာ အမ်ိဳးသမီးအသင္းရယ္မဟုတ္ဘူး ေဘာလံုးေလာကႀကီးတစ္ခုလံုး ျမႇင့္တင္ေအာင္အေကာင္းဆံုးဖန္တီးေပးတယ္ ။အစြမ္းကုန္သူကပံ့ပိုးေပးတယ္ ။ သူရဲ႕ေက်းဇူးကအမ်ားႀကီးရိွပါတယ္ ။ ဆိုၿပီးလည္းေျပာသြားပါတယ္ ။

ေဘာလံုးကန္လာတာရဲ႕ေတာက္ေလွ်ာက္မွာ ကိုယ့္ေရာက္ခ်င္သေလာက္ ကိုယ္မွန္းထား သေလာက္ေရာက္ခဲ့လားဆိုတဲ့ေမးခြန္းကို “ ေဘာလံုးကန္လာတဲ့ေတာက္ေလွ်ာက္မွာေတာ့ ကိုယ္လိုခ်င္တဲ့ကိုယ္ရည္မွန္းခ်က္တစ္ခုကိုေရာက္တယ္လို႔ပဲေျပာရမွာေပါ့ ။

ဘာပဲေျပာေျပာပရိသတ္ေတြအခုကိုယ့္ကိုအားေပးလာတဲ့အခါက်ေတာ့ ဝမ္းသာတယ္။ အဲ့ဒီအတြကေရာက္ခဲ့တယ္။အခုလက္ရွိရည္ရြယ္ခ်က္ကေတာ့ ေဘာလံုးမကန္ေတာ့ဘဲ နားလိုက္ေပမယ့္ဇြဲကပင္မွာ လက္ေထာက္နည္းျပလုပ္ေနတယ္။ေဘာလံုးထဲမွာပဲ႐ိွေနတဲ့အတြက္ ေပ်ာ္လည္းေပ်ာ္ပါတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ေနာက္ၿပီးအရင္ကစားသမားနဲ႔အခုကစားသမားေတြရဲ႕ကြာျခားခ်က္ေတြကိုလည္း “ကၽြန္မတို႔စ ကစားအခ်ိန္တုန္းကေတာ့ ကြာလတီကစားသမားေတြမ်ားတယ္။ နဂိုကတည္းကအရည္အေသြးနဂိုကတည္းက ပင္ကိုယ္ပါလာတဲ့ကစားသမားေလးေတြ အရည္အခ်င္းျပည့္တဲ့ကစားသမားေတြ႐ိွတယ္။

အခုေနာက္ပိုင္းကေလးေတြကေတာ့ နည္းနည္းဟိုဟာေပါ့ စိတ္ဓာတ္ပိုင္းဆိုင္ရာေလးေတြလည္းအားနည္းတာေလးေတြတခ်ိဳ႕႐ိွတယ္။ ညီမတုန္းကဆိုရင္ေတာ့ႏိုင္ခ်င္စိတ္အရမ္းျပင္းပ်တယ္။ေသေသေက်ေက်ဆိုတဲ့စိတ္က အေယာက္၂၀႐ိွရင္အကုန္လံုးက႐ိုက္သြင္းထားစရာမလိုဘဲစိတ္အျပည့္႐ိွတယ္။

အခုေနာက္ပိုင္းကေလးကေလးေတြကေတာ့နည္းနည္းစိတ္ဓာတ္ပိုင္းဆိုင္ရာလိုေသးတယ္။ ၿပီးရင္သူမ်ားႏိုင္ငံနဲ႔ယွဥ္လာရင္ သူမ်ားႏိုင္ငံက အရမ္းတက္လာတဲ့အခါက်ေတာ့ အခုလက္႐ိွအေနအထားရဲ႕သံုးေလးဆေလာက္ပိုလုပ္မွကိုသူတို႔ရမွာေပါ့ေနာ္။ သူLevel ကိုယ္Levelသြားလို႔ကေတာ့ ေနာက္က်န္ဖို႔ပဲ႐ိွတာေပါ့။



သူေဘာလံုးျပန္ကစားခ်င္တဲ့စိတ္ကိုလည္း “တစ္ခါတေလက်ရင္ ေနာက္ထပ္ေလး၊ ငါး၊ေျခာက္ႏွစ္ေလာက္ငယ္လိုက္ခ်င္တယ္လို႔။ဒီလိုအားေပးတဲ့ေခတ္နဲ႔ကိုယ္စိတ္ဝင္စားမယ့္အလုပ္ကိုလုပ္ရမယ္ဆို။အခုကကိုယ္ကနားလိုက္တဲ့အခ်ိန္က်ေတာ့ေလတစ္ခါတစ္ေလက်ရင္ႏွေျမာတာေပါ့။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ကစားသမားေတြအတြက္အာမခံခ်က္ေတြကိုလည္း “ကိုယ္ေတြတုုန္းကလည္းပံုအပ္ခဲ့တာပဲ ကိုယ္ေတြပံုအပ္ခဲ့တာမွ သူတို႔အခုဆိုရင္ ေနာက္မ်ိဳးဆက္သစ္ေတြပံုအပ္တာကေလးႏွစ္ ငါးႏွစ္ေလာက္ပဲျဖစ္မယ္။ကိုယ္ေတြတုန္းကဆိုရင္ဆယ္စုႏွစ္တစ္ခုေက်ာ္တယ္။

အခုစီနီယာကစားသမားေတြကအစပံုအပ္ခဲ့တာ။ အဲ့ဒီတုန္းက အာမခံခ်က္ဆိုတာဘာမွန္းမသိခဲ့ဘူး ။အဲ့ဒီလက္ေရြးစင္ကစားသမားအေဟာင္းေတြနားလိုက္တဲ့အခ်ိန္မွာဒီလိုအခြင့္အေရးေတြမရလိုက္ၾကဘူး။မီတာဆိုလို႔ညီမနဲ႔စမ္းစမ္းေမာ္ေလာက္ပဲမီတယ္။

အခုေနာက္ပိုင္းပံ့ပိုးမႈေတြကိုေပါ့။ အခုေနာက္ပိုင္းကစားသမားေတြက်ေတာ့ဘာပဲေျပာေျပာ Professionalျဖစ္သြားၿပီ ကုိယ္လုပ္ရင္ကိုယ္ရမယ္။ သူတို႔ကိုေျပာတာဒါလည္းစီးပြားေရးပဲ ။ ကိုယ္ဝါသနာပါတဲ့အေပၚမွာ တစိုက္မတ္မတ္နဲ႔ေကာင္းေအာင္လုပ္ ။



ဂုဏ္႐ိွတဲ့အလုပ္ကိုလုပ္ရတာ။ ညီမအေနနဲ႔ကေတာ့ တစိုက္မတ္မတ္လုပ္ ကိုယ္လုပ္ရင္ကိုယ္ရမွာေပါ့ေနာ္ၿပီးသြားရင္ ႏိုင္ငံကိုကုိယ္စားျပဳရတဲ့အတြက္ကိုယ္လည္းဂုဏ္႐ိွတယ္ လုပ္လည္းလုပ္ေစခ်င္တယ္”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


၂၀၀၃ခုနှစ်ကစပြီးမြက်ခင်းစိမ်းတွေပေါ်မှာ ယုံကြည်ချက်အပြည့်နဲ့ နိုင်ငံ့ဂုဏ်ကို ရေကုန်ရေခမ်း ကြိုးစားထမ်းခဲ့တဲ့သူ ၊ စွမ်းရည်ပြည့်ကစားသမားတစ်ယောက်ဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေအပေါ်အကောင်းဆုံးဖျော်ဖြေတင်ဆက်ပေးနိုင်ခဲ့တဲ့ အမျိုးသသမီးဘောလုံးကစားသမားတစ်ယောက်ရှိပါတယ် ။ သူကသန်းသန်းထွေးပါ ။

လက်ရွေးစင်ကစားသမားဘဝကအနားယူသွားပေမယ့် ပရိသတ်တွေရဲ့ရင်ထဲမှာ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းရဲ့ကျောနံပါတ်ကတော့သူမပဲဖြစ်နေဦးမယ် ထင်ပါတယ် ။



အခုPann Pwint မီဒီယာနဲ့အတင်တာဗျူးတစ်ခုမှာ သန်းသန်းထွေးက သူရဲ့ဘောလုံးအပေါ်ခံယူချက်တစ်ချို့ကိုပြောပြသွားတာတွေရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့က သန်းသန်းထွေးကို ချစ်ခင်အားပေးကြတဲ့မိတ်ဆွေတွေသိရအောင်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ ။

လက်ရှိဘဝနေထိုင်ပုံကို သန်းသန်းထွေးက Life Style ကတော့ ထူးထူးခြားခြားမရှိဘူး ဘောလုံးနဲ့ပတ်သက်တဲ့ဟာပဲရှိတယ်။ ဘောလုံးမကစားတော့ပေမယ့် ဒီလိုပျော်ပွဲလေးတွေကစားတယ် ချစ်ကြည်ရေးပွဲလေးတွေကစားတယ် ။ပြီးရင် ပရဟိတပွဲလေးတွေကစားပေးတယ် ။

နယ်ဆိုလည်းသွားကစားပေးတယ် ။ အားရင်အသလိုမျိုးကလေးတွေနဲ့ကြုံရင်ကြုံသလိုမျိုး သွားပြီးကစားပေးတယ် ။ပိတ်တဲ့ရင်မှာ သင်တန်းကျောင်းလေးတွေရှိရင်သွားကူညီပေးတယ် ဒီထဲမှာပဲလည်ပတ်နေတာ ။ ထူးထူးခြားခြားကြီးသီးသန့်ကြီးမလုပ်ဘူး ။ အိမ်မှာနေလည်း အိမ်မှာ ဘောလုံးပွဲကည့်တယ် ။

စိတ်ဝင်စားတဲ့ဟာ ဘောလုံးနဲ့ပတ်သက်တဲ့ဟာတွေတော့အကုန်လုံးလုပ်ဖြစ်ပါတယ် ။ ဆိုပြီးပြောပြသွားပြီး ဦးဇော်ဇော်ရဲ့ပံ့ပိုးမှုတွေကိုလည်း ဘောလုံးကန်လာတဲ့တောက်လျှောက်မှာ အမျိုးသမီးအသင်းရယ်မဟုတ်ဘူး ဘောလုံးလောကကြီးတစ်ခုလုံး မြှင့်တင်အောင်အကောင်းဆုံးဖန်တီးပေးတယ် ။အစွမ်းကုန်သူကပံ့ပိုးပေးတယ် ။ သူရဲ့ကျေးဇူးကအများကြီးရှိပါတယ် ။ ဆိုပြီးလည်းပြောသွားပါတယ် ။

ဘောလုံးကန်လာတာရဲ့တောက်လျှောက်မှာ ကိုယ့်ရောက်ချင်သလောက် ကိုယ်မှန်းထား သလောက်ရောက်ခဲ့လားဆိုတဲ့မေးခွန်းကို “ ဘောလုံးကန်လာတဲ့တောက်လျှောက်မှာတော့ ကိုယ်လိုချင်တဲ့ကိုယ်ရည်မှန်းချက်တစ်ခုကိုရောက်တယ်လို့ပဲပြောရမှာပေါ့ ။

ဘာပဲပြောပြောပရိသတ်တွေအခုကိုယ့်ကိုအားပေးလာတဲ့အခါကျတော့ ဝမ်းသာတယ်။ အဲ့ဒီအတွကရောက်ခဲ့တယ်။အခုလက်ရှိရည်ရွယ်ချက်ကတော့ ဘောလုံးမကန်တော့ဘဲ နားလိုက်ပေမယ့်ဇွဲကပင်မှာ လက်ထောက်နည်းပြလုပ်နေတယ်။ဘောလုံးထဲမှာပဲရှိနေတဲ့အတွက် ပျော်လည်းပျော်ပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

နောက်ပြီးအရင်ကစားသမားနဲ့အခုကစားသမားတွေရဲ့ကွာခြားချက်တွေကိုလည်း “ကျွန်မတို့စ ကစားအချိန်တုန်းကတော့ ကွာလတီကစားသမားတွေများတယ်။ နဂိုကတည်းကအရည်အသွေးနဂိုကတည်းက ပင်ကိုယ်ပါလာတဲ့ကစားသမားလေးတွေ အရည်အချင်းပြည့်တဲ့ကစားသမားတွေရှိတယ်။

အခုနောက်ပိုင်းကလေးတွေကတော့ နည်းနည်းဟိုဟာပေါ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလေးတွေလည်းအားနည်းတာလေးတွေတချို့ရှိတယ်။ ညီမတုန်းကဆိုရင်တော့နိုင်ချင်စိတ်အရမ်းပြင်းပျတယ်။သေသေကျေကျေဆိုတဲ့စိတ်က အယောက်၂၀ရှိရင်အကုန်လုံးကရိုက်သွင်းထားစရာမလိုဘဲစိတ်အပြည့်ရှိတယ်။

အခုနောက်ပိုင်းကလေးကလေးတွေကတော့နည်းနည်းစိတ်ဓာတ်ပိုင်းဆိုင်ရာလိုသေးတယ်။ ပြီးရင်သူများနိုင်ငံနဲ့ယှဉ်လာရင် သူများနိုင်ငံက အရမ်းတက်လာတဲ့အခါကျတော့ အခုလက်ရှိအနေအထားရဲ့သုံးလေးဆလောက်ပိုလုပ်မှကိုသူတို့ရမှာပေါ့နော်။ သူLevel ကိုယ်Levelသွားလို့ကတော့ နောက်ကျန်ဖို့ပဲရှိတာပေါ့။

သူဘောလုံးပြန်ကစားချင်တဲ့စိတ်ကိုလည်း “တစ်ခါတလေကျရင် နောက်ထပ်လေး၊ ငါး၊ခြောက်နှစ်လောက်ငယ်လိုက်ချင်တယ်လို့။ဒီလိုအားပေးတဲ့ခေတ်နဲ့ကိုယ်စိတ်ဝင်စားမယ့်အလုပ်ကိုလုပ်ရမယ်ဆို။အခုကကိုယ်ကနားလိုက်တဲ့အချိန်ကျတော့လေတစ်ခါတစ်လေကျရင်နှမြောတာပေါ့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ကစားသမားတွေအတွက်အာမခံချက်တွေကိုလည်း “ကိုယ်တွေတုန်းကလည်းပုံအပ်ခဲ့တာပဲ ကိုယ်တွေပုံအပ်ခဲ့တာမှ သူတို့အခုဆိုရင် နောက်မျိုးဆက်သစ်တွေပုံအပ်တာကလေးနှစ် ငါးနှစ်လောက်ပဲဖြစ်မယ်။ကိုယ်တွေတုန်းကဆိုရင်ဆယ်စုနှစ်တစ်ခုကျော်တယ်။

အခုစီနီယာကစားသမားတွေကအစပုံအပ်ခဲ့တာ။ အဲ့ဒီတုန်းက အာမခံချက်ဆိုတာဘာမှန်းမသိခဲ့ဘူး ။အဲ့ဒီလက်ရွေးစင်ကစားသမားအဟောင်းတွေနားလိုက်တဲ့အချိန်မှာဒီလိုအခွင့်အရေးတွေမရလိုက်ကြဘူး။မီတာဆိုလို့ညီမနဲ့စမ်းစမ်းမော်လောက်ပဲမီတယ်။

အခုနောက်ပိုင်းပံ့ပိုးမှုတွေကိုပေါ့။ အခုနောက်ပိုင်းကစားသမားတွေကျတော့ဘာပဲပြောပြော Professionalဖြစ်သွားပြီ ကိုယ်လုပ်ရင်ကိုယ်ရမယ်။ သူတို့ကိုပြောတာဒါလည်းစီးပွားရေးပဲ ။ ကိုယ်ဝါသနာပါတဲ့အပေါ်မှာ တစိုက်မတ်မတ်နဲ့ကောင်းအောင်လုပ် ။

ဂုဏ်ရှိတဲ့အလုပ်ကိုလုပ်ရတာ။ ညီမအနေနဲ့ကတော့ တစိုက်မတ်မတ်လုပ် ကိုယ်လုပ်ရင်ကိုယ်ရမှာပေါ့နော်ပြီးသွားရင် နိုင်ငံကိုကိုယ်စားပြုရတဲ့အတွက်ကိုယ်လည်းဂုဏ်ရှိတယ် လုပ်လည်းလုပ်စေချင်တယ်”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top