ေၾကးအိုးက ဆိုင္မွာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ္မႈပါဘဲ။ စိတ္မပူပါနဲ႕ ။ ဟင္းရည္က အဓိက က်တာမို႕ အခု ေပးထားတဲ့ ခ်က္နည္းအတိုင္းသာ ခ်က္ပါ ။ တထပ္တည္း မက်ရင္ေတာင္ စားရတာ စိတ္တိုင္းေတာ့ က်ပါမယ္ ။ အသားလံုးတဲ့ အခါမွာလည္း တရုပ္မဆလာ ၾကိဳက္ရင္ ထည့္ျပီး ႏွပ္ထားႏိုင္ပါတယ္ ။ အသားလံုးကို ငါးဖယ္ထည့္ လံုးႏိုင္ရင္ေတာ့ အေကာင္းဆံုးပါဘဲ ။ ငါးဖယ္ ၀ယ္မရႏိုင္ခဲ့ရင္ေတာ့ ေကာ္မႈန္႕ နုုိင္နုုင္ေလးနဲ႕ လံုးေပးပါ ။

ပါဝင္ပစၥည္းမ်ား

ၾကက္ရိုး (သို.မဟုတ္)

၀က္ရိုး အူစံု ၊ အသည္းစံု ေတာက္ေတာက္စင္းထားေသာ အသား
ငံုးဥ

ပဲျပား

မုန္ညင္းစိမ္း

ဆန္ျပား၊ ၾကာဆံ

ဘဲငန္းပ်ံ ငရုပ္ဆီ

ရွာလကာရည္

ငရုပ္သီးစိမ္း

ၾကက္သြန္ျဖဴ

ဟင္းရည္

အရိုးကို ေရေဆးျပီး အိုးၾကီးၾကီးထဲတြင္ ေရ ရိုးရိုးနွင့္ ထည့္ျပဳတ္ပါ၊ ဆား ၊ အခ်ိဳမႈန္႔သံုးလိုုလွ်င္ အခ်ိဳမႈန္႔ထည့္လို႔ ရတယ္၊ ဒါေပမဲ့ ၾကက္သားမႈန္႔ မထည့္ပါနဲ႔၊ အရသာကို ေျပာင္းသြားႏိုင္လို႔ပါ၊ ေနာက္ျပီး သၾကားကို ခ်ိန္ဆျပီးထည့္ပါ၊ အခ်ိဳေလးေလး ျဖစ္ေအာင္ ခ်ိန္ဆထည့္ပါ၊ အရိုးမ်ား နူး ေနသည္အထိ ျပဳတ္ေပးပါ။

***သတိျပဳရန္မွာ အထက္ပါ အစာပလာမ်ားမွ လြဲျပီး တျခား ေကာင္းနိုင္မည္ ထင္သည့္ အရာမ်ား ေလွ်ာက္မထည့္ပါနဲ႔။ အထူးသျဖင့္ ဂ်င္း၊ တရုပ္နံနံ လံုး၀ မထည့္ရ။

အသားနွင့္ အရြက္မ်ား ျပင္ဆင္ျခင္း

ေတာက္ေတာက္စင္းထားေသာ အသားမ်ားကို ေကာ္မွဳန္.၊ ဆား၊ အခ်ိဳမႈန္.၊ ျကက္ဥ အကာ( နွေျမာလွ်င္ အနွစ္ပါ ထည့္)၊ တရုပ္ျကက္သြန္မိတ္၊ ငရုပ္ေကာင္း တို.နွင့္ နယ္ျပီး နွပ္ထားပါ၊

မုန္ညင္းစိမ္းကို အရြက္ေခြ်ထားပါ၊

အသည္းအျမစ္၊ အူစံု အသည္းစံုကို ေရစင္စင္ေဆး၊ အေနေတာ္လွီး ျပီး ဆား၊ အခ်ိဳမႈန္.တို.နွင့္ နယ္ထားပါ၊ အမ်ိဳးအစား တခု ခ်င္းဆီကို ေရလဲျပီး တခု ခ်င္းစီ ျပဳတ္ပါ၊ ဗန္းထဲတြင္ အသင့္ျပင္ထားပါ၊

( ဟင္းရည္ ထဲတြင္ အလြယ္ ထည့္မျပဳတ္ပါနွင့္)

ငံုးဥ ကို ျပဳတ္၊ အခြံႏြာ အသင့္ျပင္ထားပဲျပားကုိ လိုသေလာက္ လြာထားပါ၊

ဆန္ျပား နွင့္ ျကာဆံ ကို ေရစိမ္ျပီ စစ္ထား၊ ျပီးရင္ ဗန္းထဲတြင္ ခင္းထားပါ၊

နွမ္းဆီ ငရုပ္ေကာင္း ျပင္ဆင္ထားျခင္း –နွမ္းဆီကို ပူေအာင္ ဒယ္အိုးမွာ တည္၊ ခြက္ထဲမွာ ငရုပ္ေကာငး္ ေလွာ္ေထာင္းကို ထည့္ထား၊ ေနာက္ ဆီပူ ေလာင္းထည့္ ျပီး ပြဲျပင္မည့္ နားတြင္ အဆင္သင့္ ျပင္ထားပါ၊

ပြဲျပင္နည္း

သီးသန္႔ လက္ကိုင္ အိုးထဲတြင္ တပြဲစာ ဟင္းရည္ထည့္၊ ပြက္ေအာင္တည္၊တည္ေနခ်ိန္တြင္ အသားကို လံုးျပီး ထည့္၊အူစံု အသည္းစံုထည့္၊ၾကာဆံ (သို.) ဆန္ျပားကို အလိုရွိသေလာက္ထည့္ျပဳတ္၊

ပဲျပား၊ ငံုးဥ ထည့္၊အရြက္စိမ္း ေနာက္ဆံုးမွ ထည့္၊ပြက္ပြက္ဆူလာလွ်င္ အသား က်တ္မက်တ္ ခ်ိန္ဆ ျပီးမွ ပန္းကန္ထဲကို ေလာင္းထည့္ပါ။

ျပီးရင္ နွမ္းဆီ ငရုပ္ေကာင္း (သို.) ငရုပ္ေကာင္း ေလွာ္ေထာင္းကို လိုသေလာက္ထည့္ျပီး စားပါ။

ခ်ဥ္ရည္ ျပင္ဆင္နည္း

ငရုပ္သီး စိမ္း ကို ပါးပါးလွီး

ရွာလကာရည္ ၃ ဇြန္း

သျကား တဇြန္း

ဆား အနည္းငယ္

ငံျပာရည္ အနည္းငယ္ နွင့္ ေရအနည္းငယ္ ထည့္ ( ေရက်တ္ေအး)

အားလံုးကို ထည့္ေမြ၊ ျပီးလွ်င္ အခ်ဥ္ နဲ. အေပါ့ကို ျမည္း၊ လိုတာ ထပ္ထည့္

ငရုပ္ဆီ နွင့္ တြဲျပီ ေၾကးအိုးကို စားႏိုင္ပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Knowledge Corner

#Unicode Version# ျဖင့္ဖတ္ပါ ။

ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့ ။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ ။ တထပ်တည်း မကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ် ။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ် ။ အသားလုံးကို ငါးဖယ်ထည့် လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ ။ ငါးဖယ် ဝယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နုင်လေးနဲ့ လုံးပေးပါ ။

ပါဝင်ပစ္စည်းများ

ကြက်ရိုး (သို.မဟုတ်)

ဝက်ရိုး အူစုံ ၊ အသည်းစုံ တောက်တောက်စင်းထားသော အသား
ငုံးဥ

ပဲပြား

မုန်ညင်းစိမ်း

ဆန်ပြား၊ ကြာဆံ

ဘဲငန်းပျံ ငရုပ်ဆီ

ရှာလကာရည်

ငရုပ်သီးစိမ်း

ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန့်သုံးလိုလျှင် အချိုမှုန့်ထည့်လို့ ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန့် မထည့်ပါနဲ့၊ အရသာကို ပြောင်းသွားနိုင်လို့ပါ၊ နောက်ပြီး သကြားကို ချိန်ဆပြီးထည့်ပါ၊ အချိုလေးလေး ဖြစ်အောင် ချိန်ဆထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ။

***သတိပြုရန်မှာ အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ့။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊

မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊

အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊

( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပဲပြားကို လိုသလောက် လွာထားပါ၊

ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း –နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

သီးသန့် လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊အူစုံ အသည်းစုံထည့်၊ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်၊

ပဲပြား၊ ငုံးဥ ထည့်၊အရွက်စိမ်း နောက်ဆုံးမှ ထည့်၊ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။

ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

ချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး

ရှာလကာရည် ၃ ဇွန်း

သကြား တဇွန်း

ဆား အနည်းငယ်

ငံပြာရည် အနည်းငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)

အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်

ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Knowledge Corner
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top