Busကားေပၚ ကြၽန္မတက္သြားေတာ့ လက္ထဲမွာပိုက္ဆံ၂ေထာင္ ပါလာတယ္အလုပ္မွာထမင္းစားမွာက1800 ကားခက၂၀၀..ကြက္တိ ။
ကားေပၚမွာေ႐ွ႕ဆုံးခုံမွာေနရာရတယ္..အာ့ဒီမွာ..ေခ်ာင္ေလးမွာကုတ္ကုတ္ေလးနဲ႔..
မ်က္ရည္ေတြဝဲေနတဲ့.အသက္(၇၀)ေက်ာ္ခန္႔႐ွိတဲ့ အရမ္းဆင္းရဲခ်ိဳ႕တဲ့ပုံရတဲ့ အဘုိးတေယာက္ကုိ သြားေတြ႔တယ္ ။
ကုိယ့္ေဘးမွာထိုင္ေနတဲ့သူေတြကုိ ေဝ့ဝဲၾကည့္လိုက္ေတာ့ အသက္ခပ္လတ္လတ္ပိုင္းေတြအမ်ားႀကီး..
သူတို႔ကုိ အာ့အဘိုးအိုႀကီးကုိမျမင္ၾကဘူးလားဆုိတဲ့ အၾကည့္မ်ိဳးနဲ႔ အားမနာတမ္းၾကည့္ပလိုက္မိတယ္ ။
တခ်ိဳ႕ဆုိ အာ့အဘိုးအိုေျခေထာက္ေတြေတာင္ တက္နင္းၾကတယ္ ။
ေဘးနားကအန္တီႀကီးကုိေမးၾကည့္ေတာ့..
အာ့တာ ေတာင္းစားႀကီးေလ ဘယ္သူကသူ႔ကုိခုံေပးမွာလဲရြံဖုိ႔လဲ ေကာင္းတာကုိးတဲ့<<
သူ႔ကုိသနားၿပီးေနရာေပးလိုက္ရင္ သူမ်ားေတြေတာင္မလုပ္တာ ကုိယ္ကHeroလုပ္စရာလားတဲ့

ေဘးကေကာင္ေလးတေယာက္ကဝင္ေျပာလိုက္တာပါ..။
ကြၽန္မ မစဥ္စားေတာ့ပဲ ခ်က္ျခင္းထၿပီး ပါလာတဲ့ပိုက္ဆံ၂ေထာင္လုံးေပးၿပီး..
“ဘဘ လာ သမီးခုံလာထိုင္ဆုိၿပီး..တြဲေခၚေပးလိုက္တယ္..
စိတ္ထဲမွာလဲ ငါ့အေဖအေမသာဆုိရင္ဆိုတဲ့ အေတြးေတြနဲ႔မ်က္ရည္ေတာင္ဝဲတယ္ကားခ၂၀၀မ႐ွိလို႔ပါဆုိၿပီးေျပာစီးလာတယ္..ကားေပၚမွာအသိေတြလဲပါေကာင္းပါႏိုင္တယ္ ဒါမယ့္မ႐ွက္ပါဘူး..
အခုစာေရးေနတဲ့အခ်ိန္ ကြၽန္မဖ်ားေနတယ္ေလအစာလြန္ၿပီးဗိုက္ေတြေအာင့္လို႔..
ဘာျဖစ္ျဖစ္ေက်နပ္မိတယ္။
သူတစ္ပါး မ်က္ရည္ကို ကိုယ့္မ်က္လံုးကက်တတ္သူ သူတစ္ပါး အပူကို ကိုယ့္အပူလုပ္ၿပီး ေဖးမကူညီတတ္သူဆိုရင္
ဘယ္ဘာသာ၀င္ ဘယ္လူမ်ိဳးကိုမဆို သူေတာ္ေကာင္းလို႔သတ္မွတ္ၿပီးေလးစားၾကည္ညိဳသင့္ပါတယ္ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: shinnkhyant
#Unicode Version# ျဖင့္ဖတ္ပါ ။
ဒီနေ့ ဂုဏ်သိက္ခာနဲ့မေတ္တာတရားကိုလဲလှယ်ခဲ့တယ်
Busကားပေါ် ကျွန်မတက်သွားတော့ လက်ထဲမှာပိုက်ဆံ၂ထောင် ပါလာတယ်အလုပ်မှာထမင်းစားမှာက1800 ကားခက၂၀၀..ကွက်တိ ။
ကားပေါ်မှာရှေ့ဆုံးခုံမှာနေရာရတယ်..အာ့ဒီမှာ..ချောင်လေးမှာကုတ်ကုတ်လေးနဲ့..
မျက်ရည်တွေဝဲနေတဲ့.အသက်(၇၀)ကျော်ခန့်ရှိတဲ့ အရမ်းဆင်းရဲချို့တဲ့ပုံရတဲ့ အဘိုးတယောက်ကို သွားတွေ့တယ် ။
ကိုယ့်ဘေးမှာထိုင်နေတဲ့သူတွေကို ဝေ့ဝဲကြည့်လိုက်တော့ အသက်ခပ်လတ်လတ်ပိုင်းတွေအများကြီး..
သူတို့ကို အာ့အဘိုးအိုကြီးကိုမမြင်ကြဘူးလားဆိုတဲ့ အကြည့်မျိုးနဲ့ အားမနာတမ်းကြည့်ပလိုက်မိတယ် ။
တချို့ဆို အာ့အဘိုးအိုခြေထောက်တွေတောင် တက်နင်းကြတယ် ။
ဘေးနားကအန်တီကြီးကိုမေးကြည့်တော့..
အာ့တာ တောင်းစားကြီးလေ ဘယ်သူကသူ့ကိုခုံပေးမှာလဲရွံဖို့လဲ ကောင်းတာကိုးတဲ့<<
သူ့ကိုသနားပြီးနေရာပေးလိုက်ရင် သူများတွေတောင်မလုပ်တာ ကိုယ်ကHeroလုပ်စရာလားတဲ့
ဘေးကကောင်လေးတယောက်ကဝင်ပြောလိုက်တာပါ..။
ကျွန်မ မစဉ်စားတော့ပဲ ချက်ခြင်းထပြီး ပါလာတဲ့ပိုက်ဆံ၂ထောင်လုံးပေးပြီး..
“ဘဘ လာ သမီးခုံလာထိုင်ဆိုပြီး..တွဲခေါ်ပေးလိုက်တယ်..
စိတ်ထဲမှာလဲ ငါ့အဖေအမေသာဆိုရင်ဆိုတဲ့ အတွေးတွေနဲ့မျက်ရည်တောင်ဝဲတယ်ကားခ၂၀၀မရှိလို့ပါဆိုပြီးပြောစီးလာတယ်..ကားပေါ်မှာအသိတွေလဲပါကောင်းပါနိုင်တယ် ဒါမယ့်မရှက်ပါဘူး..
အခုစာရေးနေတဲ့အချိန် ကျွန်မဖျားနေတယ်လေအစာလွန်ပြီးဗိုက်တွေအောင့်လို့..
ဘာဖြစ်ဖြစ်ကျေနပ်မိတယ်။
သူတစ်ပါး မျက်ရည်ကို ကိုယ့်မျက်လုံးကကျတတ်သူ သူတစ်ပါး အပူကို ကိုယ့်အပူလုပ်ပြီး ဖေးမကူညီတတ်သူဆိုရင်
ဘယ်ဘာသာဝင် ဘယ်လူမျိုးကိုမဆို သူတော်ကောင်းလို့သတ်မှတ်ပြီးလေးစားကြည်ညိုသင့်ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: shinnkhyant