၂၀၀၉-၂၀၁၀ Global Report အရ  ရန္ကုန္တိုင္းတြင္ တီဘီေရာဂါကူးစက္မႈ မ်ားေနၿပီး၊ ေဆးယဥ္ပါး တီဘီ ၅၀ ရာခိုင္ႏႈန္းႏွင့္ ႐ိုး႐ိုးတီဘီေရာဂါသည္ ၂၀ ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံးျဖစ္ေနေၾကာင္း  အမ်ိဳးသားတီဘီေရာဂါတိုက္ဖ်က္ေရးစီမံကိန္း ၊ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခ်ိဳခ်ိဳစန္းက ေျပာသည္။

“တိုင္းေဒသႀကီးျပည္နယ္မွာေတာ့ အားလုံးသိတဲ့အတိုင္းပဲ။ ရန္ကုန္တိုင္းက လူဦးေရလည္း အမ်ားဆုံး ျဖစ္တယ္။ လူဦးေရ သိပ္သည္းမႈကလည္း အရမ္းမ်ားတဲ့အတြက္ေၾကာင့္မို႔လို႔ ရန္ကုန္တိုင္းကေတာ့ ကူးစက္မႈ အမ်ားဆုံးျဖစ္ၿပီးေတာ့ တီဘီေရာဂါျဖစ္ပြားမႈကလည္း ရန္ကုန္တိုင္းမွာ တစ္ႏိုင္ငံလုံးရဲ႕ျဖစ္ပြားမႈရဲ႕  ႐ိုး႐ိုး တီဘီ ၂ဝရာခိုင္ႏႈန္းရွိၿပီးေတာ့ ေဆးယဥ္ပါးတီဘီဆိုရင္ ၅၀ ရာခိုင္ႏႈန္းနီးပါးေလာက္ရွိပါတယ္”ဟု ၎က ေျပာသည္။

၎က ဆက္လက္ၿပီး “ရန္ကုန္တိုင္းဆိုရင္ ဟိုးအရင္ကတည္းက မိုဘိုင္းအဖြဲ႕ေတြနဲ႔ ဆင္ေျခဖုံးရပ္ကြက္ေတြအထိ သြားၿပီးေတာ့ တီဘီကို ရွာေဖြတယ္ေပါ့။ ေနာက္ၿပီးေတာ့ ျပည္သူလူထုအေျချပဳ ဆိုတဲ့ Volunteer  ေတြနဲ႔ က်န္းမာေရးလုပ္သားေတြကို Local NGO၊ INGO ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ လူထုၾကားမွာ တီဘီ သံသယလူနာေတြကို က်န္းမာေရးဌာနကို လႊဲေျပာင္းေပးတယ္။

အခုက်ေတာ့ ဒီထက္ပိုၿပီးေတာ့ ဆက္လုပ္ဖို႔လည္း ရွိတယ္ေပ့ါ။ ဒီထက္ပိုၿပီး ပူးေပါင္းၿပီးေတာ့ လုပ္မယ္။ရႏိုင္တဲ့ နည္းေပါင္းစုံ သူ႔ကို ထိန္းခ်ဳပ္ လုပ္ႏိုင္မယ့္နည္းေပါင္းစုံကို စဥ္းစားၿပီးလုပ္မယ္” ဟု ၎က ဆိုသည္။

ယေန႔ ဧၿပီ ၂၄ ရက္ေန႔က ေနျပည္ေတာ္ရွိ ေဟာ္တယ္ MAX တြင္ က်င္းပျပဳလုပ္သည့္ႏိုင္ငံတဝွမ္းတီဘီေရာဂါစစ္တမ္းေကာက္ယူျခင္း(၂၀၁၇-၂၀၁၈) Dissemination Workshop တြင္ ၎က မီဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ေျဖဆိုခဲ့ျခင္းျဖစ္သည္။

တစ္ကမ႓ာလုံး၌ တစ္ႏွစ္လွ်င္ လူဦးေရ ၁၀ သန္းခန႔္သည္ တီဘီေရာဂါကူးစက္ခံေနရၿပီး  ၁.၃ သန္းခန႔္ ေသဆုံးေနရေၾကာင္းႏွင့္၂၀၀၉-၂၀၁၀ မွ ေကာက္ယူထားသည့္ Prevalent Survey (ပ်ံ႕ႏွံ႔ေသာ ေကာက္ယူမႈ) ႏွင့္ ျမန္မာႏိုင္ငံမွ ေပးပို႔ေသာ စစ္တမ္းအရ ျမန္မာႏိုင္ငံတြင္ လူဦးေရတစ္သိန္းတြင္ တီဘီေရာဂါ ၃၅၈ ဦးျဖစ္ပြားၿပီး ၅၁ ဦးခန႔္ ေသဆုံးေနသည္ဟု ခန႔္မွန္းထားေၾကာင္း သိရသည္။

ရန္ကုန္တိုင္းတြင္းမွာေတာ့ လူဦးေရထူထပ္သည့္ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ေတာင္ဒဂုံ စသည့္ ေနရာမ်ားတြင္ အျဖစ္မ်ားၿပီး မိမိကိုယ္ကိုယ္ တီဘီေရာဂါျဖစ္ပြားေနၿပီဟု သံသယရွိပါက က်န္းမာေရးဝန္ႀကီးဌာန၏ တီဘီေရာဂါ အခမဲ့ကုသေပးသည့္ေဆးခန္းမ်ားကို အျမန္ဆုံးသြားေရာက္သင့္ေၾကာင္း ေဒါက္တာခ်ိဳခ်ိဳစန္းက ဆက္လက္ေျပာသည္။

“တီဘီ သံသယရွိတယ္ဆိုရင္ နီးစပ္ရင္ က်န္းမာေရးဌာနကို သြားပါ။ ေဝးရင္ ပုဂၢလိကေဆးခန္းေတြနဲ႔ ခ်ိတ္ထားတာရွိတယ္။ ေနေဆးခန္းေပါ့။ ျပည္သူေတြက ေနေဆးခန္းလို႔ အသိမ်ားတယ္။ ကြၽန္မတို႔က PSI လို႔ ေခၚတယ္။ ေနာက္ ျမန္မာႏိုင္ငံဆရာဝန္အသင္းနဲ႔ ပူးေပါင္းလုပ္ထားတဲ့ ေဆးခန္းေတြရွိတယ္။

အဲ့ဒီေဆးခန္းေတြကို သြားလို႔ရပါတယ္။ ကြၽန္မတို႔ဆီက ေထာက္ပံ့တဲ့ေဆးေတြနဲ႔ ကုသေပးတာပါ။ အဓိကကေတာ့ ေဆးကုဖို႔ပါပဲ။ ကိုယ္အဆင္ေျပၿပီး လက္လွမ္းမီတဲ့ေနရာမွာ ကုလို႔ ရပါတယ္”ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္ႏွင့္ တစ္ႏွစ္ ေရာဂါျဖစ္ပြားမႈႏႈန္းသည္ ၃ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းထိ ေလ်ာ့နည္းလာေၾကာင္းႏွင့္ Prevalent Survey (ပ်ံ႕ႏွံ႔ေသာ ေကာက္ယူမႈ) ၂၀၀၉-၂၀၁၀ ႏွင့္ ၂၀၁၇-၂၀၁၈ ကို ႏႈိင္းယွဥ္ၾကည့္လွ်င္ ၁၀ ႏွစ္အတြင္း ၅၀ ရာခိုင္ႏႈန္းခန႔္ က်ဆင္းလာေၾကာင္း သိရသည္။

“ဒီလ ေမလကုန္ေလာက္က်ရင္ WHO ႐ုံးခ်ဳပ္ကအဖြဲ႕ေတြကေန လာၿပီးေတာ့ ထြက္လာတဲ့ အေျဖေတြ ကိုလာၾကည့္မယ္ ။ ၾကည့္ၿပီးေတာ့ ျပန္တြက္ေပးမယ္။ ျပန္တြက္ၿပီးေတာ့ ကြၽန္မတို႔ အေျဖက အဲ့က်ရင္ထြက္မယ္။

ဒါကေတာ့ Prevalent လို႔ေခၚတယ္။ခန႔္မွန္းတာ ၿပီးခဲ့တဲ့ဟာနဲ႔ ဘယ္ေလာက္က်တယ္ဆိုတာကိုခန႔္မွန္းတာ တကယ္တြက္ခ်က္တာကေတာ့ ထပ္လာမယ္”ဟု အမ်ိဳးသားတီဘီေရာဂါတိုက္ဖ်က္ေရးစီမံကိန္း ၊ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခ်ိဳခ်ိဳစန္းကေျပာသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ တီဘီေရာဂါျဖစ္ပြားမႈႏႈန္းကို ၂၀၀၉-၂၀၁၀ မွ ေကာက္ယူထားသည့္ Prevalent Survey (ပ်ံ႕ႏွံ႔ေသာေကာက္ယူမႈ ) ျဖင့္သာသိရွိေနရၿပီး ၂၀၁၇ -၂၀၁၈ (National TB Prevalence Survey Result )ကို လာမည့္ေမလတြင္ ထြက္ရွိလာပါက ေရာဂါျဖစ္ပြားမႈွုႏႈန္း အေရအတြက္ အတိအက်ကို သိရွိရေတာ့မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


၂၀၀၉-၂၀၁၀ Global Report အရ  ရန်ကုန်တိုင်းတွင် တီဘီရောဂါကူးစက်မှု များနေပြီး၊ ဆေးယဉ်ပါး တီဘီ ၅၀ ရာခိုင်နှုန်းနှင့် ရိုးရိုးတီဘီရောဂါသည် ၂၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေကြောင်း  အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုချိုစန်းက ပြောသည်။

“တိုင်းဒေသကြီးပြည်နယ်မှာတော့ အားလုံးသိတဲ့အတိုင်းပဲ။ ရန်ကုန်တိုင်းက လူဦးရေလည်း အများဆုံး ဖြစ်တယ်။ လူဦးရေ သိပ်သည်းမှုကလည်း အရမ်းများတဲ့အတွက်ကြောင့်မို့လို့ ရန်ကုန်တိုင်းကတော့ ကူးစက်မှု အများဆုံးဖြစ်ပြီးတော့ တီဘီရောဂါဖြစ်ပွားမှုကလည်း ရန်ကုန်တိုင်းမှာ တစ်နိုင်ငံလုံးရဲ့ဖြစ်ပွားမှုရဲ့  ရိုးရိုး တီဘီ ၂ဝရာခိုင်နှုန်းရှိပြီးတော့ ဆေးယဉ်ပါးတီဘီဆိုရင် ၅၀ ရာခိုင်နှုန်းနီးပါးလောက်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်လက်ပြီး “ရန်ကုန်တိုင်းဆိုရင် ဟိုးအရင်ကတည်းက မိုဘိုင်းအဖွဲ့တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေအထိ သွားပြီးတော့ တီဘီကို ရှာဖွေတယ်ပေါ့။ နောက်ပြီးတော့ ပြည်သူလူထုအခြေပြု ဆိုတဲ့ Volunteer  တွေနဲ့ ကျန်းမာရေးလုပ်သားတွေကို Local NGO၊ INGO တွေနဲ့ ပူးပေါင်းပြီးတော့ လူထုကြားမှာ တီဘီ သံသယလူနာတွေကို ကျန်းမာရေးဌာနကို လွှဲပြောင်းပေးတယ်။

အခုကျတော့ ဒီထက်ပိုပြီးတော့ ဆက်လုပ်ဖို့လည်း ရှိတယ်ပေ့ါ။ ဒီထက်ပိုပြီး ပူးပေါင်းပြီးတော့ လုပ်မယ်။ရနိုင်တဲ့ နည်းပေါင်းစုံ သူ့ကို ထိန်းချုပ် လုပ်နိုင်မယ့်နည်းပေါင်းစုံကို စဉ်းစားပြီးလုပ်မယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ဧပြီ ၂၄ ရက်နေ့က နေပြည်တော်ရှိ ဟော်တယ် MAX တွင် ကျင်းပပြုလုပ်သည့်နိုင်ငံတဝှမ်းတီဘီရောဂါစစ်တမ်းကောက်ယူခြင်း(၂၀၁၇-၂၀၁၈) Dissemination Workshop တွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံး၌ တစ်နှစ်လျှင် လူဦးရေ ၁၀ သန်းခန့်သည် တီဘီရောဂါကူးစက်ခံနေရပြီး  ၁.၃ သန်းခန့် သေဆုံးနေရကြောင်းနှင့်၂၀၀၉-၂၀၁၀ မှ ကောက်ယူထားသည့် Prevalent Survey (ပျံ့နှံ့သော ကောက်ယူမှု) နှင့် မြန်မာနိုင်ငံမှ ပေးပို့သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် လူဦးရေတစ်သိန်းတွင် တီဘီရောဂါ ၃၅၈ ဦးဖြစ်ပွားပြီး ၅၁ ဦးခန့် သေဆုံးနေသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင်းမှာတော့ လူဦးရေထူထပ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ စသည့် နေရာများတွင် အဖြစ်များပြီး မိမိကိုယ်ကိုယ် တီဘီရောဂါဖြစ်ပွားနေပြီဟု သံသယရှိပါက ကျန်းမာရေးဝန်ကြီးဌာန၏ တီဘီရောဂါ အခမဲ့ကုသပေးသည့်ဆေးခန်းများကို အမြန်ဆုံးသွားရောက်သင့်ကြောင်း ဒေါက်တာချိုချိုစန်းက ဆက်လက်ပြောသည်။

“တီဘီ သံသယရှိတယ်ဆိုရင် နီးစပ်ရင် ကျန်းမာရေးဌာနကို သွားပါ။ ဝေးရင် ပုဂ္ဂလိကဆေးခန်းတွေနဲ့ ချိတ်ထားတာရှိတယ်။ နေဆေးခန်းပေါ့။ ပြည်သူတွေက နေဆေးခန်းလို့ အသိများတယ်။ ကျွန်မတို့က PSI လို့ ခေါ်တယ်။ နောက် မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ ပူးပေါင်းလုပ်ထားတဲ့ ဆေးခန်းတွေရှိတယ်။

အဲ့ဒီဆေးခန်းတွေကို သွားလို့ရပါတယ်။ ကျွန်မတို့ဆီက ထောက်ပံ့တဲ့ဆေးတွေနဲ့ ကုသပေးတာပါ။ အဓိကကတော့ ဆေးကုဖို့ပါပဲ။ ကိုယ်အဆင်ပြေပြီး လက်လှမ်းမီတဲ့နေရာမှာ ကုလို့ ရပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်နှင့် တစ်နှစ် ရောဂါဖြစ်ပွားမှုနှုန်းသည် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ လျော့နည်းလာကြောင်းနှင့် Prevalent Survey (ပျံ့နှံ့သော ကောက်ယူမှု) ၂၀၀၉-၂၀၁၀ နှင့် ၂၀၁၇-၂၀၁၈ ကို နှိုင်းယှဉ်ကြည့်လျှင် ၁၀ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရသည်။

“ဒီလ မေလကုန်လောက်ကျရင် WHO ရုံးချုပ်ကအဖွဲ့တွေကနေ လာပြီးတော့ ထွက်လာတဲ့ အဖြေတွေ ကိုလာကြည့်မယ် ။ ကြည့်ပြီးတော့ ပြန်တွက်ပေးမယ်။ ပြန်တွက်ပြီးတော့ ကျွန်မတို့ အဖြေက အဲ့ကျရင်ထွက်မယ်။

ဒါကတော့ Prevalent လို့ခေါ်တယ်။ခန့်မှန်းတာ ပြီးခဲ့တဲ့ဟာနဲ့ ဘယ်လောက်ကျတယ်ဆိုတာကိုခန့်မှန်းတာ တကယ်တွက်ချက်တာကတော့ ထပ်လာမယ်”ဟု အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုချိုစန်းကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၀၉-၂၀၁၀ မှ ကောက်ယူထားသည့် Prevalent Survey (ပျံ့နှံ့သောကောက်ယူမှု ) ဖြင့်သာသိရှိနေရပြီး ၂၀၁၇ -၂၀၁၈ (National TB Prevalence Survey Result )ကို လာမည့်မေလတွင် ထွက်ရှိလာပါက ရောဂါဖြစ်ပွားမှုှုနှုန်း အရေအတွက် အတိအကျကို သိရှိရတော့မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top