ချစ်​စရာ​ကောင်းတဲ့သူမကို​တော့ ခင်​ပွန်းဖြစ်​သူက အရမ်းကို အချစ်​ပို​နေတာပါ။


Credit:BurmeseAsia

#Unicode Version#
ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိခဲ့တဲ့မင်းသမီးချောလေးနန္ဒာလှိုင်ကတော့
လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ်သမီးလေးတွေရယ်နဲ့အတူသာယာပျော်ရွှင်တဲ့မိသားစုဘဝကိုဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းသူလေး နန္ဒာလှိုင်ကတော့ မကြာခဏဆိုသလ
ို ရောက်တဲ့နေရာတိုင်းမှာ ဈေးသည်တွေဆီက ပစ္စည်းတွေအားပေးပြီး ပျော်ရွှင်စေသူတစ်ဦးပါ။လတ်တလောမှာတော့နန္ဒာလှိုင်ကခင်ပွန်းနဲ့ခရီးထွက်ရင်း ဈေးသည်တွေဆီက အသီးအနှံတွေ အားပေးနေတာ တွေရပါတယ်။
ချစ်စရာကောင်းတဲ့သူူမကိုတော့ ခင်ပွန်းဖြစ်သူက အရမ်းကို အချစ်ပိုနေတာပါ။

ချစ်ပရိသတ်တွေအတွက် ရောက်တဲ့နေရာတိုင်းက ဈေးသည်တွေဆီက အားပေးတတ်တဲ့ဇနီးကြောင့်ပီတိဖြစ်နေတဲ့နန္ဒာလှိုင်ရဲ့ခင်ပွန်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
နန္ဒာလှိုင်ဆို ဈေးသည်တွေက ဝိုင်းနေတာပဲနော်။နန္ဒာလှိုင်ရဲ့ခင်ပွန်းကတော့ “၆ နာရီ နဲ့ရောက်မဲ့ခရီးကို ၈:၃၀ ကြာသွားရခြင်း အကြောင်းရင်း..” ဆိုပြီး ကြည်နူးစွာ ရေးသားထားတာ ပဲ ဖြစ်ပါတယ်။
အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့နန္ဒာလှိုင်ရဲ့ခင်ပွန်းကတော့ တော်တော်လေး ချစ်တတ်လွန်းသူပါပဲနော်။

ပရိသတ်တွေအရမ်းချစ်ကြတဲ့သရုပ်ဆောင်နန္ဒာလှိုင်ကတော့အနုပညာအလုပ်တွေမလုပ်တော့တာနှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်းသူမရဲ့အကြောင်းကိုပရိသတ်တွေကစိတ်ဝင်တစားနဲ့ရှိနေကြဆဲပဲဖြစ်ပါတယ်။
မကြာခဏဆိုသလိုသမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကိုပရိသတ်တွေအတွက်ဝေမျှပေးလေ့ရှိတဲ့မေမေနန္ဒာလှိုင်ကတော့
သမီးလေးတွေကိုလည်းအရမ်းချစ်တာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေလည်း ဈေးသည်တွေကို မအားပေးရမနေနိုင်တဲ့နန္ဒာလှိုင်ကိုကိုချစ်ရင်Shareသွားကြဖို့ မမေ့ပါနဲ့နော်။

ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top