ထိုင္းႏိုင္ငံ၊ ေခါ့ဖီဖီကၽြန္းမွာ ၿဗိတိန္ႏုိင္ငံသူ ကမၻာလွည့္ခရီးသည္ မိန္းကေလးကို အဓမၼျပဳက်င့္ခဲ့တဲ့ ေလွသမားတဦးကို ဖမ္းဆီးခဲ့တယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

တရားခံအမ်ိဳးသားရဲ႕ နာမည္ကိုေတာ့ ထုတ္ေဖာ္မေျပာဘဲ သူ႔ကို ကရာဘိ ကမ္း႐ုိးတန္း ကၽြန္းတကၽြန္းမွာ ၿပီးခဲ့တဲ့ ဧၿပီ ၁၇ ရက္ေန႔က ဖမ္းမိခဲ့တယ္လို႔ ထိုင္းရဲဌာန ေျပာေရးဆိုခြင့္ရွိသူ တဦးျဖစ္တဲ့ ခရစၥနာ ဖတ္ထနာခ်ာ႐ုိဝမ္က ေျပာပါတယ္။

ရဲေတြက သူ႔ကို စီစီတီဗြီကင္မရာ မွတ္တမ္းနဲ႔ တျခားသက္ေသေတြနဲ႔အတူ ေျခရာခံ ဖမ္းဆီးႏိုင္ခဲ့တာလို႔ သတင္းမွာ ေဖာ္ျပပါတယ္။

အမည္ေဖာ္ျပမထားတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ၿဗိတိန္မိန္းကေလးဟာ ဧၿပီ ၁၅ ရက္ေန႔က လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္ခံခဲ့ရတယ္လို႔ ရဲေတြကို တိုင္ၾကားခဲ့တာပါ။

အခင္းျဖစ္ခ်ိန္က သူမဟာ ဟိုတယ္စားေသာက္ဆိုင္အျပင္မွာ အရက္မူးၿပီး အိပ္ေပ်ာ္ေနခဲ့တာမို႔ တရားခံကို မမွတ္မိေၾကာင္း ထြက္ဆိုခဲ့တယ္လို႔ ခရစၥနာက ေျပာပါတယ္။

သူဟာ ထိုင္းႏိုင္ငံကို တကိုယ္ေတာ္ ခရီးထြက္လာခဲ့သူတဦးျဖစ္ကာ ဧၿပီ ၁၄ ရက္ေန႔ ညပိုင္းမွာေတာ့ အိုင္းရစ္ခ်္အမ်ိဳးသားတဦးနဲ႔အတူ အျပင္ထြက္ၿပီး အရက္ေသာက္ခဲ့ၾကတာပါ။ အဲဒီေနာက္ ည ၁ နာရီေလာက္ ဘားပိတ္သြားခ်ိန္မွာ တည္းခိုရာ ဟိုတယ္အခန္းဆီ ျပန္လာခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူမဟာ ေနာက္ဟိုတယ္တခုရဲ႕ ကမ္းစပ္ စားေသာက္ဆိုင္ျပင္ပမွာ အိပ္ေပ်ာ္သြားခဲ့တယ္လို႔ ဆိုပါတယ္။

ရဲေတြကို တိုင္ၾကားခဲ့ၿပီးေနာက္ သူ႔ကို ေဆးစစ္မႈေတြ လုပ္ခဲ့ၾကၿပီးေနာက္ မၾကာခင္မွာပဲ ခုလို ဖမ္းဆီးႏိုင္ခဲ့တာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံ၊ ခေါ့ဖီဖီကျွန်းမှာ ဗြိတိန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ လှေသမားတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

တရားခံအမျိုးသားရဲ့ နာမည်ကိုတော့ ထုတ်ဖော်မပြောဘဲ သူ့ကို ကရာဘိ ကမ်းရိုးတန်း ကျွန်းတကျွန်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲဌာန ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ခရစ္စနာ ဖတ်ထနာချာရိုဝမ်က ပြောပါတယ်။

ရဲတွေက သူ့ကို စီစီတီဗွီကင်မရာ မှတ်တမ်းနဲ့ တခြားသက်သေတွေနဲ့အတူ ခြေရာခံ ဖမ်းဆီးနိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

အမည်ဖော်ပြမထားတဲ့ အသက် ၂၁ နှစ်အရွယ် ဗြိတိန်မိန်းကလေးဟာ ဧပြီ ၁၅ ရက်နေ့က လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံခဲ့ရတယ်လို့ ရဲတွေကို တိုင်ကြားခဲ့တာပါ။

အခင်းဖြစ်ချိန်က သူမဟာ ဟိုတယ်စားသောက်ဆိုင်အပြင်မှာ အရက်မူးပြီး အိပ်ပျော်နေခဲ့တာမို့ တရားခံကို မမှတ်မိကြောင်း ထွက်ဆိုခဲ့တယ်လို့ ခရစ္စနာက ပြောပါတယ်။

သူဟာ ထိုင်းနိုင်ငံကို တကိုယ်တော် ခရီးထွက်လာခဲ့သူတဦးဖြစ်ကာ ဧပြီ ၁၄ ရက်နေ့ ညပိုင်းမှာတော့ အိုင်းရစ်ချ်အမျိုးသားတဦးနဲ့အတူ အပြင်ထွက်ပြီး အရက်သောက်ခဲ့ကြတာပါ။ အဲဒီနောက် ည ၁ နာရီလောက် ဘားပိတ်သွားချိန်မှာ တည်းခိုရာ ဟိုတယ်အခန်းဆီ ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမဟာ နောက်ဟိုတယ်တခုရဲ့ ကမ်းစပ် စားသောက်ဆိုင်ပြင်ပမှာ အိပ်ပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေကို တိုင်ကြားခဲ့ပြီးနောက် သူ့ကို ဆေးစစ်မှုတွေ လုပ်ခဲ့ကြပြီးနောက် မကြာခင်မှာပဲ ခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top