တည္​ၿငိမ္​​ေနတဲ့ပင္​လယ္​ေရျပင္​ႀကီးကို ၾကည္​့ရင္​း အသက္​ ၅၀ ဝန္​းက်င္​ အ႐ြယ္​ ဦးထြန္​းဝင္​းတစ္​​ေယာက္​ မ်က္​ရည္​စတခ်ိဳ႕ကို ဘယ္​သူမွ မျမင္​​ေအာင္​ သုတ္​​ေနရွာတယ္။

ဦးထြန္​းဝင္​းဘဝက လြန္​ခဲ့တဲ့ ၃ ပတ္ခန္​႔ က မိသားစု စံုစံုလင္​လင္​ နွင္​့ တကယ္​့ကို ​ေပ်ာ္​စရ​ာ​ေကာင္​းလြန္​းလွတယ္။ ဦးထြန္​းဝင္​းဟာ တနသၤာရီတိုင္​း၊ က်ြန္​းစု ၿမိဳ႕နယ္​​ ေျမနီ​ေတာင္​ ဆိုတဲ့ ပင္​လယ္​႐ြာ​ေလး တ႐ြာမွာ မိသားစုနဲ႔အတူ ​ေနထိုင္​ရင္​း ​ငါးမုတ္​ပိုက္​ လုပ္​ငန္​းျဖင္​့ ​အသက္​​ေမြးဝမ္​း​ေၾကာင္​း ျပဳ​ေနရသူ တစ္​ဦးျဖစ္တယ္။

၄င္းတြင္​ သားသမီး ၆ေယာက္​ရွိပီး အႀကီး ၃​ေယာက္​ကို ပညာဆံုးခန္​းတိုင္​​ေအာင္​ မသင္​​ေပးနိုင္​ျခင္​း​ေၾကာင္​့ အငယ္​ ၂​ေယာက္​အား ဘြဲ႕ရပညာတတ္​ျဖစ္​​ရန္​ ၄င္း၌ဆႏၵအျပည္​့အဝရွိ​ေနတာပါ။ဒါေၾကာင္​့လည္း ငါးမုတ္​ပိုက္​ လုပ္​ငန္​းကို ယခင္​ထက္​ အဆ​ေပါင္​းမ်ားစြာ အပင္​ပမ္​းခံၿပီးပိုမို ႀကိဳးစားလာတယ္။

သားသမီးပညာတတ္​ရမည္​ဆိုတဲ့ ​ေမ်ွာ္​လင္​့ခ်က္​နဲ႔ ဦးထြန္​းဝင္​းဟာ အဘယ္​အ​ေၾကာင္​း​ေၾကာင္​့ မွ ပင္​ပမ္​းတယ္လို႔ မၿငီးညဴခဲ့ပါဘူး။ထို႔ျပင္​ ဦးထြန္​းဝင္​းဟာ လုပ္​​ေဖာ္​ကိုင္​ဖက္​အခ်င္​းခ်င္​း နားလည္​ စာနာတတ္​တယ္၊ ကူညီတတ္​တယ္၊ ႐ြာသူ႐ြာသားမ်ားနွင္​့လည္​း ခ်စ္​ခ်စ္​ခင္​​ခင္ေနတတ္​သူတစ္​ဦးျဖစ္​တဲ့ အတြက္​ ဦးထြန္​းဝင္​း ကိုအနီး​ေက်း႐ြာမ်ားကပါ ခင္​မင္​ ၾကတယ္။

ဒီလိုနဲ႔ဘဝကို မၿငီးမညဴ ရုန္​းကန္​​ေန​ၿပီး ​ေစတနာအလြန္​​ေကာင္​း​တဲ့ ဦးထြန္​းဝင္​း ဘဝထဲ​သို႔မထင္​မွတ္​​ေသာ ကံၾကမၼာဆိုးတခု ရုတ္တရက္​တြင္​ဝင္​​ေရာက္​လာ​ပါေတာ့တယ္။

​ေရလမ္​းခရီးျဖင့္ ေျမနီ​ေတာင္​​ေက်း႐ြာမွ စက္​​ေလွနဲ႔ မိနစ္​၃၀ ဝန္​းက်င္​ခန္​႔သာ​ေမာင္​းရတဲ့ ကံ​ေမာ္​တိုက္​နယ္​ေက်း႐ြာသို႔ ​ေရခဲဝယ္​ရန္​ ဦးထြန္​းဝင္​း​ေရာက္​ရွိ​ေန​ေလၿပီ။

ငါးဖမ္​းပိုက္​ေလွမ်ားအတြက္​​ေရခဲ လိုလ်ွင္​ အနီးဝန္​းက်င္​႐ြာအားလံုးက ကံ​ေမာ္​တြင္​ဝယ္​ရတာျဖစ္တယ္။​ေရခဲစက္​မွ ​ေရခဲမ်ားကို ​ေရဆိပ္​တံတား​ေအာက္​တြင္​ရပ္​ထား​တဲ့ စက္​​ေလွမ်ားအတြင္​းသို႔ သာလပတ္​ မိုးကာစ ​မ်ား​ေပၚမွ စက္​ျဖင္​့ႀကိတ္​ၿပီး ထည္​့​ေပးရတယ္။

ဒီလိုႀကိတ္ထည္​့ရာမွာ လူကိုအႏၲရာယ္​ ျဖစ္​​ေစနိုင္​တဲ့ စက္​မ်ားအသံုးျပဳရျခင္​း​ေၾကာင္​့ အထူးသတိထား ရပါတယ္။​ေစတနာ​ေကာင္​း​ေသာ ဦးထြန္​းဝင္​းတစ္​​ေယာက္​ ထို႔​ေန႔က ​ေရခဲစက္​လုပ္​သား မ်ားအင္​အားမမ်ွျခင္​း​ေၾကာင္​့ ဝင္​​ေရာက္​ကူညီရာမွ မ​ေတာ္​တဆျဖစ္​ကာ ဘယ္ဘက္လက္​ တစ္ဖက္​ ျဖတ္​ပစ္​လိုက္​ရပါေတာ့တယ္။

ထိုသို႔ အ​ေရး​ေပၚျပသနာ ျဖစ္​သြားျခင္​းကို ​ေရခဲ စက္​ပိုင္​ရွင္​ မွ တစံုတရာ ကူညီ​​ေျဖရွင္​း​ေပးမႈ ​ေဆးကု​ေသး​ေပးမႈ ဘာတခုမွကိုျပဳမူ​ေဆာင္​႐ြက္​ျခင္​း မျပဳလုပ္​​ေပးခဲ့ပါ။

အမွန္​တကယ္​ဆိုလ်ွင္​ ၄င္းက ေရခဲစက္မွဝန္​ထမ္​းမ်ားကို ကူညီရာမွ ျဖစ္​သြားျခင္​း အတြက္​ အနည္​းနဲ႔အမ်ား ​ဦးထြန္​းဝင္​းမိသားစုက ​ကူညီ​ေပး​ေစလိုၾကတယ္။ပင္​လယ္​႐ြာအေတာ္မ်ားမ်ားဟာ အမ်ားအားျဖင္​့ ဥပ​ေဒနွင္​့လည္​း​ေဝးၾကတယ္ ပညာ​ေရးအားျဖင္​့လည္​း ​ေနွာက္​​ေနွး​ၾကတယ္။

ဒီ့အတြက္​​ေၾကာင္​့ ပိုက္​ဆံရွိ လူကံုထံတို႔ဟာ မရွိဆင္​းရဲသားမ်ားက အလုပ္​လုပ္​ကိုင္​ရာတြင္​ ခ်ိဳးနွိမ္​မႈမ်ားစြာရွိၾကပါတယ္။ ယခု ဦးထြန္​းဝင္​း ကဲ့သို႔ ျဖစ္​သြား​ေသာ အမႈအခင္​းတြင္​ ​ေရခဲစက္​ ပိုင္​ရွင္​တြင္​အထူးတာဝန္​ရွိပါတယ္။

၄င္းအ​ေနျဖင္​့ မိမိ​ေရခဲစက္​တြင္​ ယခုကဲသို႔ အႏၲာရယ္​ အခ်ိန္​မ​ေ႐ြး ျဖစ္​​ေပၚနိုင္​တဲ့အတြက္​ အျပင္​လူ​ေပးမဝင္​ျခင္​း ၊ စက္​ရံုအတြင္​းလုပ္​ကိုင္​​ေန​ေသာ လုပ္​သားမ်ားအား Safety First မ်ား လုပ္​​ေဆာင္​​ေပးျခင္​း မ်ား ျပဳလုပ္​ထား​ေပးသင္​့ပါတယ္။

ဦးထြန္​းဝင္​းမွ ယခုကဲ့သို႔ ကိစၥရပ္​ျဖစ္​​ေပၚျခင္​းကို အျပင္​လူဟူ၍ အ​ေၾကာင္​းျပၿပီး လ်စ္​လ်ဴ ရႈနိုင္​​ေပမယ့္ ၄င္းစက္​ရံုအတြင္​း လုပ္​သားတစ္ဦးဦး မေတာ္တဆမႈျဖစ္​ပါကလည္​း ယခုကဲ့သို႔ လ်စ္​လ်ဴရႈျခင္​း ၊ ​ေဆးကုသမႈ မ​ေပးျခင္​းမ်ားကို ဆက္​လက္​ လုပ္​သြားနိုင္​ပါတယ္။

အဘယ္​​ေၾကာင္​့ဆို​ေသာ္​ ယခုကဲ့သို႔ ​ေက်း႐ြာမ်ားတြင္​ လုပ္​ကိုင္​​ေန​တဲ့ လုပ္​သား ၊ဝန္​ထမ္​းမ်ားတြင္​ အလုပ္​သမားဥပ​ေဒကို မသိ၊ အလုပ္​သမားကက္​ မရွိ ျခင္​း​ေၾကာင္​့ပင္​ျဖစ္​တယ္။အလုပ္​သမားဥပ​ေဒ​ေရးရာမ်ားကိုသိရွိ​တဲ့ လုပ္​ငန္​းရွင္​မ်ားကလည္​း ရိုးသား​ေသာ လုပ္​သားမ်ားကို ျပန္​လည္​မ်ွ​ေဝျခင္​းတစံုတရာမရွိခဲ့ ျခင္​းက ပင္​လယ္​ျပင္​တြင္​ လုပ္​​ေန​ေသာ လုပ္​သားမ်ား၊ ဝန္​ထမ္​းမ်ား အတြက္​ ရင္​​ေလးစရာပင္​ျဖစ္​ေတာ့တယ္။

တာဝန္​ယူလုပ္​ကိုင္​​ေသာ အုပ္​ခ်ဳပ္​သူပညာတတ္​မ်ားမွလည္​း အလုပ္​သမားဥပ​ေဒဆိုင္​ရာမ်ားကို အလုပ္​သမားမ်ားထံ သို႔ တိုက္​ရိုက္​အသိ​ေပး မ်ွ​ေဝ​ေပး​ေစခ်င္​ပါတယ္။အခုဆိုရင္ ဦးထြန္​းဝင္​းတစ္​​ေယာက္​ အသက္​ရွင္​လ်က္​နွင္​့ ဘဝတခု ဆံုးရံႈးခဲ့ရ​ေပၿပီ။သူ၏ သားသမီးမ်ားကို သူ​ေမ်ွာ္​လင့္​့ထားတဲ့ ပညာတတ္​ဘြဲ႕ရျဖစ္​ရန္​ကိုလည္​း သူ႔အ​ေနျဖင္​့ မစြမ္​း​ေဆာင္​နိုင္​​ေတာ့​ပါ။

မိသားတစ္စုလံုးမွီခိုအားထား​ေနရ​ေသာဦးထြန္​းဝင္​းဘဝ ယခုကဲ့သို႔ လက္​တဖက္​ျဖတ္​ခံရျခင္​းဟာ တစ္မိသားစုလံုးရဲ႕ လက္​တဖက္​ျဖတ္​ခံရျခင္​းနွင္​့တူ​ေၾကာင္း ရင္​နစ္စြာ သူ႔ သမီး​ေလးက ဆိုလာပါတယ္။​ေဆးကု​​ေပး​တဲ့ တိုက္​နယ္​​ေဆးရံုအုပ္​ကလည္​း ယခုကိစၥသည္​ မႈခင္​းဆိုင္​ရာကိစၥ ျဖစ္​သည္​ကို မသိ​ေလ​ေရာလားဟု အထင္​မွားခ်င္​စရာပင္​။

မည္​သို႔ပင္​ဆို​ေစကာမူ ဦးထြန္​းဝင္​းမိသားစု မွ မၾကာမီရက္​ပိုင္​းအတြင္​း စည္​းကမ္​းခ်က္​မ်ား မသတ္​မွတ္​ထားတဲ့ ​ေရခဲစက္​ပိုင္​ရွင္​အားတရားစြဲ ဆိုသြား​ေတာ့မည္​ဟုသိရပါတယ္။

ယခု​ေဆာင္​းပါးအား​ေရးရျခင္​းရဲ႕ရည္​႐ြယ္​ခ်က္​မွာ ​ေဒသခံမ်ား အလုပ္​သမားဥပ​ေဒကို ​ေသခ်ာ​ေလ့လာရန္​နွင္​့ အလုပ္​သမားကက္​မ်ားကို လုပ္​​ေဆာင္​ရန္​ပင္​ျဖစ္​ပါေၾကာင္း ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ပင္​လယ္​သူ ( via )ျမတ္ထြဋ္ (ၿမိတ္)

#Unicode Version#
တည်ငြိမ်နေတဲ့ပင်လယ်ရေပြင်ကြီးကို ကြည့်ရင်း အသက် ၅၀ ဝန်းကျင် အရွယ် ဦးထွန်းဝင်းတစ်ယောက် မျက်ရည်စတချို့ကို ဘယ်သူမှ မမြင်အောင် သုတ်နေရှာတယ်။

ဦးထွန်းဝင်းဘဝက လွန်ခဲ့တဲ့ ၃ ပတ်ခန့် က မိသားစု စုံစုံလင်လင် နှင့် တကယ့်ကို ပျော်စရာကောင်းလွန်းလှတယ်။ ဦးထွန်းဝင်းဟာ တနင်္သာရီတိုင်း၊ ကျွန်းစု မြို့နယ် မြေနီတောင် ဆိုတဲ့ ပင်လယ်ရွာလေး တရွာမှာ မိသားစုနဲ့အတူ နေထိုင်ရင်း ငါးမုတ်ပိုက် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရသူ တစ်ဦးဖြစ်တယ်။

၎င်းတွင် သားသမီး ၆ယောက်ရှိပီး အကြီး ၃ယောက်ကို ပညာဆုံးခန်းတိုင်အောင် မသင်ပေးနိုင်ခြင်းကြောင့် အငယ် ၂ယောက်အား ဘွဲ့ရပညာတတ်ဖြစ်ရန် ၎င်း၌ဆန္ဒအပြည့်အဝရှိနေတာပါ။ဒါကြောင့်လည်း ငါးမုတ်ပိုက် လုပ်ငန်းကို ယခင်ထက် အဆပေါင်းများစွာ အပင်ပမ်းခံပြီးပိုမို ကြိုးစားလာတယ်။

သားသမီးပညာတတ်ရမည်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဦးထွန်းဝင်းဟာ အဘယ်အကြောင်းကြောင့် မှ ပင်ပမ်းတယ်လို့ မငြီးညူခဲ့ပါဘူး။ထို့ပြင် ဦးထွန်းဝင်းဟာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နားလည် စာနာတတ်တယ်၊ ကူညီတတ်တယ်၊ ရွာသူရွာသားများနှင့်လည်း ချစ်ချစ်ခင်ခင်နေတတ်သူတစ်ဦးဖြစ်တဲ့ အတွက် ဦးထွန်းဝင်း ကိုအနီးကျေးရွာများကပါ ခင်မင် ကြတယ်။

ဒီလိုနဲ့ဘဝကို မငြီးမညူ ရုန်းကန်နေပြီး စေတနာအလွန်ကောင်းတဲ့ ဦးထွန်းဝင်း ဘဝထဲသို့မထင်မှတ်သော ကံကြမ္မာဆိုးတခု ရုတ်တရက်တွင်ဝင်ရောက်လာပါတော့တယ်။

ရေလမ်းခရီးဖြင့် မြေနီတောင်ကျေးရွာမှ စက်လှေနဲ့ မိနစ်၃၀ ဝန်းကျင်ခန့်သာမောင်းရတဲ့ ကံမော်တိုက်နယ်ကျေးရွာသို့ ရေခဲဝယ်ရန် ဦးထွန်းဝင်းရောက်ရှိနေလေပြီ။

ငါးဖမ်းပိုက်လှေများအတွက်ရေခဲ လိုလျှင် အနီးဝန်းကျင်ရွာအားလုံးက ကံမော်တွင်ဝယ်ရတာဖြစ်တယ်။ရေခဲစက်မှ ရေခဲများကို ရေဆိပ်တံတားအောက်တွင်ရပ်ထားတဲ့ စက်လှေများအတွင်းသို့ သာလပတ် မိုးကာစ များပေါ်မှ စက်ဖြင့်ကြိတ်ပြီး ထည့်ပေးရတယ်။

ဒီလိုကြိတ်ထည့်ရာမှာ လူကိုအန္တရာယ် ဖြစ်စေနိုင်တဲ့ စက်များအသုံးပြုရခြင်းကြောင့် အထူးသတိထား ရပါတယ်။စေတနာကောင်းသော ဦးထွန်းဝင်းတစ်ယောက် ထို့နေ့က ရေခဲစက်လုပ်သား များအင်အားမမျှခြင်းကြောင့် ဝင်ရောက်ကူညီရာမှ မတော်တဆဖြစ်ကာ ဘယ်ဘက်လက် တစ်ဖက် ဖြတ်ပစ်လိုက်ရပါတော့တယ်။

ထိုသို့ အရေးပေါ်ပြသနာ ဖြစ်သွားခြင်းကို ရေခဲ စက်ပိုင်ရှင် မှ တစုံတရာ ကူညီဖြေရှင်းပေးမှု ဆေးကုသေးပေးမှု ဘာတခုမှကိုပြုမူဆောင်ရွက်ခြင်း မပြုလုပ်ပေးခဲ့ပါ။

အမှန်တကယ်ဆိုလျှင် ၎င်းက ရေခဲစက်မှဝန်ထမ်းများကို ကူညီရာမှ ဖြစ်သွားခြင်း အတွက် အနည်းနဲ့အများ ဦးထွန်းဝင်းမိသားစုက ကူညီပေးစေလိုကြတယ်။ပင်လယ်ရွာအတော်များများဟာ အများအားဖြင့် ဥပဒေနှင့်လည်းဝေးကြတယ် ပညာရေးအားဖြင့်လည်း နှောက်နှေးကြတယ်။

ဒီ့အတွက်ကြောင့် ပိုက်ဆံရှိ လူကုံထံတို့ဟာ မရှိဆင်းရဲသားများက အလုပ်လုပ်ကိုင်ရာတွင် ချိုးနှိမ်မှုများစွာရှိကြပါတယ်။ ယခု ဦးထွန်းဝင်း ကဲ့သို့ ဖြစ်သွားသော အမှုအခင်းတွင် ရေခဲစက် ပိုင်ရှင်တွင်အထူးတာဝန်ရှိပါတယ်။

၎င်းအနေဖြင့် မိမိရေခဲစက်တွင် ယခုကဲသို့ အန္တာရယ် အချိန်မရွေး ဖြစ်ပေါ်နိုင်တဲ့အတွက် အပြင်လူပေးမဝင်ခြင်း ၊ စက်ရုံအတွင်းလုပ်ကိုင်နေသော လုပ်သားများအား Safety First များ လုပ်ဆောင်ပေးခြင်း များ ပြုလုပ်ထားပေးသင့်ပါတယ်။

ဦးထွန်းဝင်းမှ ယခုကဲ့သို့ ကိစ္စရပ်ဖြစ်ပေါ်ခြင်းကို အပြင်လူဟူ၍ အကြောင်းပြပြီး လျစ်လျူ ရှုနိုင်ပေမယ့် ၎င်းစက်ရုံအတွင်း လုပ်သားတစ်ဦးဦး မတော်တဆမှုဖြစ်ပါကလည်း ယခုကဲ့သို့ လျစ်လျူရှုခြင်း ၊ ဆေးကုသမှု မပေးခြင်းများကို ဆက်လက် လုပ်သွားနိုင်ပါတယ်။

အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ ကျေးရွာများတွင် လုပ်ကိုင်နေတဲ့ လုပ်သား ၊ဝန်ထမ်းများတွင် အလုပ်သမားဥပဒေကို မသိ၊ အလုပ်သမားကက် မရှိ ခြင်းကြောင့်ပင်ဖြစ်တယ်။အလုပ်သမားဥပဒေရေးရာများကိုသိရှိတဲ့ လုပ်ငန်းရှင်များကလည်း ရိုးသားသော လုပ်သားများကို ပြန်လည်မျှဝေခြင်းတစုံတရာမရှိခဲ့ ခြင်းက ပင်လယ်ပြင်တွင် လုပ်နေသော လုပ်သားများ၊ ဝန်ထမ်းများ အတွက် ရင်လေးစရာပင်ဖြစ်တော့တယ်။

တာဝန်ယူလုပ်ကိုင်သော အုပ်ချုပ်သူပညာတတ်များမှလည်း အလုပ်သမားဥပဒေဆိုင်ရာများကို အလုပ်သမားများထံ သို့ တိုက်ရိုက်အသိပေး မျှဝေပေးစေချင်ပါတယ်။အခုဆိုရင် ဦးထွန်းဝင်းတစ်ယောက် အသက်ရှင်လျက်နှင့် ဘဝတခု ဆုံးရှုံးခဲ့ရပေပြီ။သူ၏ သားသမီးများကို သူမျှော်လင့့်ထားတဲ့ ပညာတတ်ဘွဲ့ရဖြစ်ရန်ကိုလည်း သူ့အနေဖြင့် မစွမ်းဆောင်နိုင်တော့ပါ။

မိသားတစ်စုလုံးမှီခိုအားထားနေရသောဦးထွန်းဝင်းဘဝ ယခုကဲ့သို့ လက်တဖက်ဖြတ်ခံရခြင်းဟာ တစ်မိသားစုလုံးရဲ့ လက်တဖက်ဖြတ်ခံရခြင်းနှင့်တူကြောင်း ရင်နစ်စွာ သူ့ သမီးလေးက ဆိုလာပါတယ်။ဆေးကုပေးတဲ့ တိုက်နယ်ဆေးရုံအုပ်ကလည်း ယခုကိစ္စသည် မှုခင်းဆိုင်ရာကိစ္စ ဖြစ်သည်ကို မသိလေရောလားဟု အထင်မှားချင်စရာပင်။

မည်သို့ပင်ဆိုစေကာမူ ဦးထွန်းဝင်းမိသားစု မှ မကြာမီရက်ပိုင်းအတွင်း စည်းကမ်းချက်များ မသတ်မှတ်ထားတဲ့ ရေခဲစက်ပိုင်ရှင်အားတရားစွဲ ဆိုသွားတော့မည်ဟုသိရပါတယ်။

ယခုဆောင်းပါးအားရေးရခြင်းရဲ့ရည်ရွယ်ချက်မှာ ဒေသခံများ အလုပ်သမားဥပဒေကို သေချာလေ့လာရန်နှင့် အလုပ်သမားကက်များကို လုပ်ဆောင်ရန်ပင်ဖြစ်ပါကြောင်း ။

ဖိုးသူတော်(www.phothutaw.com)
Credit:ပင်လယ်သူ ( via )မြတ်ထွဋ် (မြိတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top