ေကာ္ဖီေသာက္ရင္ ပူပူေလးမွႀကိဳက္တယ္၊ လက္ဖက္ရည္ပူပူခ်ိဳခ်ိဳေလး ခံတြင္းေတြ႕လိုက္တာဆိုတဲ့ သူေလးေတြ သတိထားေနာ္။ အစားအစာပူပူေႏြးေႏြးစားပါဆိုေပမယ့္ အရမ္းပူေနရင္ေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးရွိလာဖို႔ ရွိေနပါတယ္ေနာ္။ အရမ္းပူတုန္းမွာစားလိုက္တာက လွ်ာက်က္သြားလို႔ အရသာခံရတာ အေႏွာင့္အယွက္ျဖစ္သြား႐ုံေလာက္ေပါ့ ဘာေတြမ်ားျဖစ္လာမွာမို႔လို႔လဲလို႔ ေတြးေနလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကိုဖတ္ၾကည့္လိုက္ပါေနာ္။

အရမ္းပူတာေတြစားတဲ့အခါ

အရမ္းပူတဲ့အစားအစာေတြ၊ လက္ဖက္ရည္ပူပူ၊ ေရေႏြးပူပူေသာက္တတ္သူေတြက အစာေရမ်ိဳကင္ဆာျဖစ္ႏိုင္ေျခပိုမ်ားေနပါတယ္ေနာ္။ အေမရိကန္ ကင္ဆာ အဖြဲ႕ႀကီးရဲ႕ ၂၀၁၉ ခုႏွစ္မွာထုတ္ျပန္လိုက္တဲ့ စစ္တမ္းအရ အစာေရမ်ိဳကင္ဆာခံစားရသူအေရအတြက္က ၁၇၆၅၀ ဦးတိုးလာခဲ့ၿပီး အစာေရမ်ိဳကင္ဆာေၾကာင့္ အခုႏွစ္ကုန္ပိုင္းမ်ာ လူဦးေရ ၁၆၀၀၀ ဦးေလာက္ေသဆုံးႏိုင္တယ္၊လို႔ သိရပါတယ္။

အစာေရမ်ိဳကင္ဆာရွိသူေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းခန႔္ဟာ ေရာဂါရွိတယ္လို႔ သိရွိရၿပီးေနာက္ ၅ ႏွစ္အၾကာမွာ ေသဆုံးခဲ့ၾကပါတယ္။ အစာေရမ်ိဳကင္ဆာျဖစ္ေစႏိုင္တဲ့ အခ်က္ေတြကေတာ့ အမ်ားႀကီးပါ။ အစာေျခရည္ျပန္ဆန္တက္တာေၾကာင့္ အစာေရမ်ိဳကင္ဆာျဖစ္ႏိုင္သလို ျပဳျပင္ထားတဲ့အသားေတြ အစားမ်ားၿပီး သစ္သီးေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ အစားနည္းတာေၾကာင့္ အစာေရမ်ိဳကင္ဆာျဖစ္ရတာပါ။

သုေတသီေတြမၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအသစ္တစ္ရပ္အရကေတာ့ အၿမဲလိုလို ခပ္ပူပူအရာေတြကို စားတာ ေရေႏြးပူပူ၊ ဟင္းရည္ပူပူေတြေသာက္တာကလည္း အစာေရမ်ိဳကင္ဆာျဖစ္ႏိုင္ေျခကိုတိုးေစႏိုင္တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။

ေလ့လာမႈအတြင္း အသက္ ၄၀ ကေန ၇၅ ႏွစ္အ႐ြယ္ လူအေယာက္ ၅၀၀၀၀ ေက်ာ္ကို ၂၀၀၄ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ၁၀ ႏွစ္နဲ႔ တစ္လၾကာေလ့လာခဲ့ပါတယ္။ ေလ့လာမႈအတြင္း ေလ့လာမႈမွာပါဝင္သူ ၃၁၇ ဦးက အစာေရမ်ိဳကင္ဆာကို ခံစားခဲ့ရပါတယ္။

သုေတသီေတြက အပူခ်ိန္ ၆၀ ဒီဂရီ စင္တီဂရိတ္အထက္ရွိေနတဲ့ အရမ္းပူတဲ့ ေသာက္စရာေတြကို ေသာက္သုံးတာက အစာေရမ်ိဳကိုထိခိုက္ေစႏိုင္ပါတယ္။ ပုံမွန္ကေတာ့ အပူခ်ိန္ ၆၀ ဒီဂရီစင္တီဂရိတ္ေအာင္ ခပ္ေႏြးေႏြးအေနအထားမွာသာ စားသုံးသင့္တာလို႔ဆိုပါတယ္။ အရမ္းပူတယ္လို႔ သတ္မွတ္ထားတဲ့ အပူခ်ိန္ ၆၀ ဒီဂရီအထက္ရွိေနတဲ့ ေသာက္စရာေတြကို တစ္ေန႔ကို ၇၀၀ မီလီလီတာ ေသာက္သုံးသူေတြက အျခားသူေတြထက္ အစာေရမ်ိဳကင္ဆာျဖစ္ႏိုင္ေျခ ၉၀ ရာခိုင္ႏႈန္းပိုမ်ားေနတယ္။လို႔ ေလ့လာမႈအသစ္တစ္ရပ္အရသိရွိရပါတယ္၊ လို႔ေျပာၾကားခဲ့ပါတယ္။

အေကာင္းဆုံးကေတာ့ အရမ္းပူတဲ့အစားအစာေတြကို မစားသုံးခင္မွာ အပူခ်ိန္ကို ၆၀ ဒီဂရီစင္တီဂရိတ္ေအာက္ျဖစ္ေအာင္ အရင္ဆုံးအေအးခံေပးပါ။ ျဖစ္ႏိုင္ရင္ အစားအစာေတြကို ပူပူေလာေလာမစားပါနဲ႔။ ေရေႏြးၾကမ္းကစလို႔ ေကာ္ဖီ၊လက္ဖက္ရည္နဲ႔ ဟင္းရည္အဆုံး အကုန္လုံးကို အေအးခံၿပီးမွာေသာက္ပါ။ အေအးခံဆိုလို႔ လုံးဝေအးစက္သြားတဲ့အထိေတာ့မဟုတ္ဘူးေပါ့။ ခပ္ေႏြးေႏြးေလးဆိုလည္း အဆင္ေျပပါတယ္ေနာ္။

အစားတစ္လုတ္ေၾကာင့္ ခႏၶာကိုယ္မွာ ထိခိုက္တာေတြမျဖစ္လာဖို႔ အရမ္းပူတာေတြမစားဘဲ သင့္တင့္တဲ့အပူခ်ိန္မွာပဲ အရသာရွိရွိေလးစားလိုက္ပါေနာ္။ အရမ္းပူတာမွႀကိဳက္တယ္ဆိုရင္ေတာင္ သတိေလးနဲ႔ယွဥ္လို႔ စားသုံးေပးပါ။ Hello ဆရာဝန္ပရိသတ္ႀကီးအေနနဲ႔လည္း ပူတာမွႀကိဳက္တယ္ဆိုရင္ေတာင္ အရမ္းမပူေစဖို႔ သတိထားေပးပါေနာ္။ ေကာ္ဖီပူပူ၊ လက္ဖက္ရည္ပူပူေလးက အရမ္းပူရင္ အစာေရမ်ိဳကို ထိခိုက္ႏိုင္ပါေၾကာင္း…………..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aye Thi Mon

#Unicode Version# ျဖင့္ဖတ္ပါ ။

ကော်ဖီသောက်ရင် ပူပူလေးမှကြိုက်တယ်၊ လက်ဖက်ရည်ပူပူချိုချိုလေး ခံတွင်းတွေ့လိုက်တာဆိုတဲ့ သူလေးတွေ သတိထားနော်။ အစားအစာပူပူနွေးနွေးစားပါဆိုပေမယ့် အရမ်းပူနေရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးရှိလာဖို့ ရှိနေပါတယ်နော်။ အရမ်းပူတုန်းမှာစားလိုက်တာက လျှာကျက်သွားလို့ အရသာခံရတာ အနှောင့်အယှက်ဖြစ်သွားရုံလောက်ပေါ့ ဘာတွေများဖြစ်လာမှာမို့လို့လဲလို့ တွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါနော်။

အရမ်းပူတာတွေစားတဲ့အခါ

အရမ်းပူတဲ့အစားအစာတွေ၊ လက်ဖက်ရည်ပူပူ၊ ရေနွေးပူပူသောက်တတ်သူတွေက အစာရေမျိုကင်ဆာဖြစ်နိုင်ခြေပိုများနေပါတယ်နော်။ အမေရိကန် ကင်ဆာ အဖွဲ့ကြီးရဲ့ ၂၀၁၉ ခုနှစ်မှာထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ အစာရေမျိုကင်ဆာခံစားရသူအရေအတွက်က ၁၇၆၅၀ ဦးတိုးလာခဲ့ပြီး အစာရေမျိုကင်ဆာကြောင့် အခုနှစ်ကုန်ပိုင်းမျာ လူဦးရေ ၁၆၀၀၀ ဦးလောက်သေဆုံးနိုင်တယ်၊လို့ သိရပါတယ်။

အစာရေမျိုကင်ဆာရှိသူတွေရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ ရောဂါရှိတယ်လို့ သိရှိရပြီးနောက် ၅ နှစ်အကြာမှာ သေဆုံးခဲ့ကြပါတယ်။ အစာရေမျိုကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။ အစာခြေရည်ပြန်ဆန်တက်တာကြောင့် အစာရေမျိုကင်ဆာဖြစ်နိုင်သလို ပြုပြင်ထားတဲ့အသားတွေ အစားများပြီး သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အစားနည်းတာကြောင့် အစာရေမျိုကင်ဆာဖြစ်ရတာပါ။

သုတေသီတွေမကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရကတော့ အမြဲလိုလို ခပ်ပူပူအရာတွေကို စားတာ ရေနွေးပူပူ၊ ဟင်းရည်ပူပူတွေသောက်တာကလည်း အစာရေမျိုကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုအတွင်း အသက် ၄၀ ကနေ ၇၅ နှစ်အရွယ် လူအယောက် ၅၀၀၀၀ ကျော်ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၁၀ နှစ်နဲ့ တစ်လကြာလေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်း လေ့လာမှုမှာပါဝင်သူ ၃၁၇ ဦးက အစာရေမျိုကင်ဆာကို ခံစားခဲ့ရပါတယ်။

သုတေသီတွေက အပူချိန် ၆၀ ဒီဂရီ စင်တီဂရိတ်အထက်ရှိနေတဲ့ အရမ်းပူတဲ့ သောက်စရာတွေကို သောက်သုံးတာက အစာရေမျိုကိုထိခိုက်စေနိုင်ပါတယ်။ ပုံမှန်ကတော့ အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်အောင် ခပ်နွေးနွေးအနေအထားမှာသာ စားသုံးသင့်တာလို့ဆိုပါတယ်။ အရမ်းပူတယ်လို့ သတ်မှတ်ထားတဲ့ အပူချိန် ၆၀ ဒီဂရီအထက်ရှိနေတဲ့ သောက်စရာတွေကို တစ်နေ့ကို ၇၀၀ မီလီလီတာ သောက်သုံးသူတွေက အခြားသူတွေထက် အစာရေမျိုကင်ဆာဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းပိုများနေတယ်။လို့ လေ့လာမှုအသစ်တစ်ရပ်အရသိရှိရပါတယ်၊ လို့ပြောကြားခဲ့ပါတယ်။

အကောင်းဆုံးကတော့ အရမ်းပူတဲ့အစားအစာတွေကို မစားသုံးခင်မှာ အပူချိန်ကို ၆၀ ဒီဂရီစင်တီဂရိတ်အောက်ဖြစ်အောင် အရင်ဆုံးအအေးခံပေးပါ။ ဖြစ်နိုင်ရင် အစားအစာတွေကို ပူပူလောလောမစားပါနဲ့။ ရေနွေးကြမ်းကစလို့ ကော်ဖီ၊လက်ဖက်ရည်နဲ့ ဟင်းရည်အဆုံး အကုန်လုံးကို အအေးခံပြီးမှာသောက်ပါ။ အအေးခံဆိုလို့ လုံးဝအေးစက်သွားတဲ့အထိတော့မဟုတ်ဘူးပေါ့။ ခပ်နွေးနွေးလေးဆိုလည်း အဆင်ပြေပါတယ်နော်။

အစားတစ်လုတ်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာတွေမဖြစ်လာဖို့ အရမ်းပူတာတွေမစားဘဲ သင့်တင့်တဲ့အပူချိန်မှာပဲ အရသာရှိရှိလေးစားလိုက်ပါနော်။ အရမ်းပူတာမှကြိုက်တယ်ဆိုရင်တောင် သတိလေးနဲ့ယှဉ်လို့ စားသုံးပေးပါ။ Hello ဆရာဝန်ပရိသတ်ကြီးအနေနဲ့လည်း ပူတာမှကြိုက်တယ်ဆိုရင်တောင် အရမ်းမပူစေဖို့ သတိထားပေးပါနော်။ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူလေးက အရမ်းပူရင် အစာရေမျိုကို ထိခိုက်နိုင်ပါကြောင်း…………..

ဖိုးသူတော် (www.phothutaw.com)
Credit: Aye Thi Mon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top