20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၁ ခုတုိ႔မွာ ဧၿပီ ၄ ရက္ေန႔အထိ အခ်ိန္အခါမဟုတ္ မုိးရြာသြန္းၿပီး ေလျပင္းတုိက္ မုိးႀကိဳးပစ္တာေတြ ျဖစ္ေပၚႏုိင္တယ္လုိ႔ မုိးဇလက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

မေန႔မြန္းလြဲ ၁ နာရီခြဲ တိုင္းထြာခ်က္အရ အေနာက္ဘက္က ေ႐ြ႕လ်ားလာတဲ့ ေလေပြလႈိင္းေတြနဲ႔ အေရွ႕ဘက္က ေ႐ြ႕လ်ားလာတဲ့ ေလေပြလႈိင္းေတြရဲ႕ အရွိန္ေၾကာင့္ မတ္ ၃၁ ရက္ေန႔ညေနက စၿပီး ဧၿပီ ၄ ရက္ေန႔အထိ …

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔မွာ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ စစ္ကိုင္း တိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊

တနသၤာရီ တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္တယ္လုိ႔ ျပည္သူေတြအေနနဲ႔ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းျခင္းနဲပအတူ ေလျပင္းမ်ားတိုက္ခတ္ျခင္း၊

ေလျပင္းနဲ႔အတူ ထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လၽွပ္စီးလက္ျခင္းနဲ႔ မိုးသီးေႂကြျခင္း စတဲ့ မိုးေလဝသျဖစ္စဥ္ေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳၾကဖုိ႔ မုိးဇလက အႀကံျပဳထားပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: dvb

#Unicode Version#
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုတို့မှာ ဧပြီ ၄ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက် မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေနဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် မတ် ၃၁ ရက်နေ့ညနေက စပြီး ဧပြီ ၄ ရက်နေ့အထိ …

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနဲပအတူ လေပြင်းများတိုက်ခတ်ခြင်း၊

လေပြင်းနဲ့အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top