ကေလးအရြယ္တုန္းကလည္း သ႐ုပ္ေဆာင္ေကာင္းခ်က္ေတြ ခ်စ္ဖုိ႔ေကာင္းမႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကုိ ရ႐ွိခဲ့သလုိ အသက္ႀကီးလာေတာ့လည္း မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကုိ ရ႐ွိထားေနတဲ့ သ႐ုပ္ေဆာင္အိစိေကြးကေတာ့ လက္႐ွိအခ်ိန္မွာ ပရိသတ္ေတြၾကားမွာ မိန္းကေလးကုိ ဝတ္စားလိမ္းခ်ယ္ၿပီး Challenge တစ္ခုကုိ လုပ္ေဆာင္ခဲ့ကာ ေယာက္်ားေလးပရိသတ္ေရာ မိန္းကေလးပါ ေရးပန္းစားေနၿပီး ငယ္ငယ္တုန္းကလည္း ေယာက္်ားေလးျဖစ္ေၾကာင္း ပုဆုိးလွန္ျပခဲ့ရဖူးတယ္လုိ႔ MC ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

အိစိေကြးက “ပထမကေတာ့ စိတ္ကူးမ႐ွိဘူး။ အေမကေျပာတယ္ “ဟဲ့ ဟိုမွာသူမ်ားေတြလုပ္ေနတယ္ေပါ့ေလ”။ ကြၽန္ေတာ္ငယ္ငယ္တုန္းကလဲ မိန္းကေလးပံုစံေလးေတြလုပ္ဖူးေနၾကဆိုေတာ့ “ဟဲ့ နင္လုပ္ပါလား”တဲ့။ “မားမားကလဲ ငယ္ငယ္တုန္းကပဲတူမွာ ႀကီးေတာ့ဘယ္လိုလုပ္တူေတာ့မွာတုန္း” လို႔ေျပာလိုက္ေပမယ့္ လုပ္ၾကည့္မယ္ဆိုၿပီး challenge ေလးတင္လိိုက္တယ္။ေဆးထိုးေကာင္းၾကတဲ့ကြၽန္ေတာ့္ပရိသတ္ေတြက ေဆးဝိုင္းထိုးလိုက္ၾကတာပဲ။ အဲ့တာနဲ႔ challenge ကလဲျပည့္သြားၿပီဆိုေတာ့ မျဖစ္မေနလုပ္ရေတာ့မယ္ အဲ့ေတာ့လုပ္မယ္ဆိုၿပီး လုပ္လုိက္ရတယ္။ မိတ္ကပ္ေတြလိမ္းၿပီးေတာ့ ကိုယ့္ကိုယ္ကိုေတာင္မထင္ထားဘူး ျပင္ၾကည့္ရင္းနဲ႔ ကိုယ့္႐ုပ္ကိုယ္ေတာင္မမွတ္မိဘူး။ သူငယ္​ခ်င္​းတခ်ိဳ႕ဆိုရင္ ကြၽန္ေတာ္ျပင္ေနရင္းနဲ႔ေရာက္လာတယ္ အိစိေရာဆိုၿပီး လိုက္႐ွာၾကတယ္။ “ငါဒီမွာေလ”ဆိုေတာ့ “ဟာေယာက်္ားသံႀကီးနဲ႔”ဆိုၿပီးေျပာၾကတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လဲ ဘယ္သူနဲ႔တူလို႔တူမွန္းမသိဘူး။ တခ်ိဳ႕ပရိသတ္ေတြကေတာ့ေျပာၾကတယ္ ကိုရီးယားမေလးနဲ႔တူတယ္ comment မွာ mention ေတြေခၚၿပီးနင္နဲ႔တူတယ္ ဘယ္သူနဲ႔တူတယ္ဆုိၿပီး ေျပာၾကတယ္။ ဘယ္လုိပဲ ျဖစ္ျဖစ္ ေတာ္ေတာ္ကုိ စည္ကားေနတာေပါ့။

အဲ့အခ်ိန္တုန္းက ပူတာပဲသိတယ္ မိန္းကေလးလုိဝတ္ရတာ ဟုိနားကက်ပ္ ဒီနားက က်ပ္တကယ္မေနတတ္ဘူး ဆံပင္အတု စြတ္ထားတာ ပုိဆုိးတယ္ အဲ့လုိေတြက ငယ္ငယ္ေလးကတည္းက မၾကဳိက္တာ ငယ္ငယ္တုန္းက မိန္းကေလးလုိဝတ္ၿပီး႐ုိက္ရမယ္ဆုိရင္ ငုိေရာေလ။ တစ္ခါမွတ္မွတ္ရရ႐ွဴတင္မွာ မိန္းကေလးလုိဝတ္ၿပီး ႐ုိက္ရတာ အဲ့တာကုိ ႐ွဴတင္ကုိလာၾကည့္တဲ့ အဲ့ရပ္ကြက္နားက ေကာင္းေလးတစ္ေယာက္က ၾကည့္ၿပီး ကြၽန္ေတာ္ မိန္းကေလးလုိျပင္တာကု္ ကြၽန္ေတာ့္ကုိၾကဳိက္တာ ၾကဳိက္ၿပီး ေတာက္ေလွ်ာက္လုိက္ၾကည့္တာဟေရာင္ ငါေယာက္်ားေလးကြဆုိၿပီးေတာ့ ပုဆုိးလွန္ျပလုိက္တာ ဟုိေကာင္ေလးက ထြက္ေျပးေရာ အဲ့တာေတာ့အမွတ္တရပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

ကလေးအရွယ်တုန်းကလည်း သရုပ်ဆောင်ကောင်းချက်တွေ ချစ်ဖို့ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို အသက်ကြီးလာတော့လည်း မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားနေတဲ့ သရုပ်ဆောင်အိစိကွေးကတော့ လက်ရှိအချိန်မှာ ပရိသတ်တွေကြားမှာ မိန်းကလေးကို ဝတ်စားလိမ်းချယ်ပြီး Challenge တစ်ခုကို လုပ်ဆောင်ခဲ့ကာ ယောက်ျားလေးပရိသတ်ရော မိန်းကလေးပါ ရေးပန်းစားနေပြီး ငယ်ငယ်တုန်းကလည်း ယောက်ျားလေးဖြစ်ကြောင်း ပုဆိုးလှန်ပြခဲ့ရဖူးတယ်လို့ MC ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

အိစိကွေးက “ပထမကတော့ စိတ်ကူးမရှိဘူး။ အမေကပြောတယ် “ဟဲ့ ဟိုမှာသူများတွေလုပ်နေတယ်ပေါ့လေ”။ ကျွန်တော်ငယ်ငယ်တုန်းကလဲ မိန်းကလေးပုံစံလေးတွေလုပ်ဖူးနေကြဆိုတော့ “ဟဲ့ နင်လုပ်ပါလား”တဲ့။ “မားမားကလဲ ငယ်ငယ်တုန်းကပဲတူမှာ ကြီးတော့ဘယ်လိုလုပ်တူတော့မှာတုန်း” လို့ပြောလိုက်ပေမယ့် လုပ်ကြည့်မယ်ဆိုပြီး challenge လေးတင်လိုက်တယ်။ဆေးထိုးကောင်းကြတဲ့ကျွန်တော့်ပရိသတ်တွေက ဆေးဝိုင်းထိုးလိုက်ကြတာပဲ။ အဲ့တာနဲ့ challenge ကလဲပြည့်သွားပြီဆိုတော့ မဖြစ်မနေလုပ်ရတော့မယ် အဲ့တော့လုပ်မယ်ဆိုပြီး လုပ်လိုက်ရတယ်။ မိတ်ကပ်တွေလိမ်းပြီးတော့ ကိုယ့်ကိုယ်ကိုတောင်မထင်ထားဘူး ပြင်ကြည့်ရင်းနဲ့ ကိုယ့်ရုပ်ကိုယ်တောင်မမှတ်မိဘူး။ သူငယ်ချင်းတချို့ဆိုရင် ကျွန်တော်ပြင်နေရင်းနဲ့ရောက်လာတယ် အိစိရောဆိုပြီး လိုက်ရှာကြတယ်။ “ငါဒီမှာလေ”ဆိုတော့ “ဟာယောကျ်ားသံကြီးနဲ့”ဆိုပြီးပြောကြတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဘယ်သူနဲ့တူလို့တူမှန်းမသိဘူး။ တချို့ပရိသတ်တွေကတော့ပြောကြတယ် ကိုရီးယားမလေးနဲ့တူတယ် comment မှာ mention တွေခေါ်ပြီးနင်နဲ့တူတယ် ဘယ်သူနဲ့တူတယ်ဆိုပြီး ပြောကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တော်တော်ကို စည်ကားနေတာပေါ့။

အဲ့အချိန်တုန်းက ပူတာပဲသိတယ် မိန်းကလေးလိုဝတ်ရတာ ဟိုနားကကျပ် ဒီနားက ကျပ်တကယ်မနေတတ်ဘူး ဆံပင်အတု စွတ်ထားတာ ပိုဆိုးတယ် အဲ့လိုတွေက ငယ်ငယ်လေးကတည်းက မကြိုက်တာ ငယ်ငယ်တုန်းက မိန်းကလေးလိုဝတ်ပြီးရိုက်ရမယ်ဆိုရင် ငိုရောလေ။ တစ်ခါမှတ်မှတ်ရရရှူတင်မှာ မိန်းကလေးလိုဝတ်ပြီး ရိုက်ရတာ အဲ့တာကို ရှူတင်ကိုလာကြည့်တဲ့ အဲ့ရပ်ကွက်နားက ကောင်းလေးတစ်ယောက်က ကြည့်ပြီး ကျွန်တော် မိန်းကလေးလိုပြင်တာကု် ကျွန်တော့်ကိုကြိုက်တာ ကြိုက်ပြီး တောက်လျှောက်လိုက်ကြည့်တာဟရောင် ငါယောက်ျားလေးကွဆိုပြီးတော့ ပုဆိုးလှန်ပြလိုက်တာ ဟိုကောင်လေးက ထွက်ပြေးရော အဲ့တာတော့အမှတ်တရပါ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top