စုိင္းစုိင္းခမ္းလႈိင္ရဲ႕ သီခ်င္းေတြဟာ သီခ်င္းထြက္ၿပီးတဲ့အခ်ိန္မွာ ေအာင္ျမင္မႈရတာနည္းတယ္လုိ႔ဆုိပါတယ္။ ‘’ ငါ့ရည္းစားက ပုိမုိက္တယ္’’ သီခ်င္းကလည္း တစ္ႏွစ္အၾကာမွသာ ေအာင္ျမင္လာတဲ့သီခ်င္းျဖစ္တယ္လုိ႔ စိုင္းစုိင္းကေျပာပါတယ္။

စုိင္းစုိင္းခမ္းလႈိင္က သူ႔ သီခ်င္းေတြရဲ႕ ေအာင္ျမင္မႈအေပၚ အခုလုိေျပာျပလာပါတယ္။ လက္ရွိေအာင္ျမင္မႈရေနတဲ့ ‘’ငါ့ရည္းစားက ပုိမုိက္တယ္’’ သီခ်င္းကလည္း ထြက္ရွိၿပီး ၁ ႏွစ္ေက်ာ္အၾကာမွသာ ေအာင္ျမင္မႈရရွိလာတာျဖစ္တယ္လုိ႔ သူကဆိုပါတယ္။ 



‘’ေတာေဂၚလီက လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ ၂၀၀၇ April ၁ ရက္ေန႔ကထြက္တာပါ တစ္ႏွစ္လံုး ဘာသံမွမၾကားရဘဲ ေနာက္ႏွစ္ ၂၀၀၈ က်ေတာ့ ဘယ္သြားသြားၾကားေနရတဲ့သီခ်င္း ျဖစ္ခဲ့ဖူးတယ္။ အခု ကၽြန္ေတာ္္တို႔ရဲ႕ ငါ့ရည္းစားကပိုမိုက္တယ္ သီခ်င္းက မႏွစ္က April ၁ ရက္ေန႔မွာထြက္တယ္ တစ္ႏွစ္အၾကာမွာေတာ့ JOOX မွာ ၂ ပတ္ဆက္တိုက္ နံပါတ္တစ္ ျဖစ္လာပါၿပီ။ အားေပးတဲ့ပရိသတ္မ်ားကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။ Sai’’  ဆုိၿပီးေတာ့ ဧၿပီလ ၁၈ ရက္ေန႔ ေန႔လယ္ ၁၁ နာရီ ၁၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။

‘’ငါ့ရည္းစားက ပုိမုိက္တယ္’’ သီခ်င္းဟာ City FM ၂၇ ႏွစ္ျပည့္ ပြဲမွာ စုိင္းစုိင္း၊ နႏၵစုိင္း၊ ဂၽြန္၊ ဘန္နီၿဖဳိး၊ ကိကိေက်ာ္ေဇာ၊ Snare နဲ႔ G-Fatt တုိ႔ အဖြဲ႕ အတူတူ အားပါးတရ သီဆုိေဖ်ာ္ေျဖၿပီးေနာက္ပုိင္း ပရိသတ္အားေပးမႈ ပုိမုိရရွိလာတဲ့သီခ်င္းျဖစ္ပါတယ္။ အဲဒီေနာက္ ဒီ သီခ်င္းေလးရဲ႕ MTV ကုိလည္း Animation အမုိက္စားေတြနဲ႔ ၇ လ ၾကာေအာင္ ပုံေဖာ္ခဲ့ရတယ္လို႔ မီဒီယာအင္တာဗ်ဴးေတြမွာ စုိင္းစုိင္းက ေျဖဆုိထားတာ ေတြ႔ရပါတယ္။



အခုဆုိရင္ေတာ့ ‘’ ငါ့ရည္းစားက ပုိမုိက္တယ္’’ လူငယ္ပုိင္းအရြယ္၊ ကေလးအရြယ္ တုိ႔ရဲ႕ အႀကိဳက္ဆုံး သီခ်င္းတစ္ပုဒ္ျဖစ္လုိ႔ေနပါၿပီ။ သႀကၤန္မွာလည္း မ႑ာပ္တုိင္း မ႑ာပ္တုိင္းမွာ မပါမျဖစ္ ဖြင့္ရတဲ့ သီခ်င္းျဖစ္ခဲ့ပါေသးတယ္။

အဲဒီေနာက္ စုိင္းစုိင္းက သူ႔ရဲ႕ သီခ်င္းေတြဟာ ထြက္ထြက္ခ်င္းမွာ ေအာင္ျမင္မႈခ်က္ခ်င္းရခဲ့တာ မဟုုတ္တဲ့အေၾကာင္း ေျပာျပလာပါတယ္။

‘’ကၽြန္ေတာ့္သီခ်င္းေတြဟာ ထြက္ထြက္ခ်င္းဘယ္ေတာ့မွ မေပါက္ဘူး အနည္းဆံုးတစ္ႏွစ္တန္သည္  ႏွစ္ႏွစ္တန္သည္ေစာင့္ခဲ့ရတာခ်ည္းပါပဲ။ ေဖေဖာ္ဝါရီမွတ္တမ္းထြက္တုန္းက ပထမေျခာက္လ တစ္ႏွစ္နီးပါးေလာက္ ဘယ္မွသိပ္မေရာက္လို႔ စိတ္ညစ္ေနခဲ့ဖူးတယ္’’ လုိ႔ သူကဆုိပါတယ္။

စုိင္းစုိင္း (Sai Sai Kham Leng)ဟာသရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႕ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာအာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။



အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္းဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေဟာ သီချင်းထွက်ပြီးတဲ့အချိန်မှာ အောင်မြင်မှုရတာနည်းတယ်လို့ဆိုပါတယ်။ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကလည်း တစ်နှစ်အကြာမှသာ အောင်မြင်လာတဲ့သီချင်းဖြစ်တယ်လို့ စိုင်းစိုင်းကပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူ့ သီချင်းတွေရဲ့ အောင်မြင်မှုအပေါ် အခုလိုပြောပြလာပါတယ်။ လက်ရှိအောင်မြင်မှုရနေတဲ့ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကလည်း ထွက်ရှိပြီး ၁ နှစ်ကျော်အကြာမှသာ အောင်မြင်မှုရရှိလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။ 

‘’တောဂေါ်လီက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၇ April ၁ ရက်နေ့ကထွက်တာပါ တစ်နှစ်လုံး ဘာသံမှမကြားရဘဲ နောက်နှစ် ၂၀၀၈ ကျတော့ ဘယ်သွားသွားကြားနေရတဲ့သီချင်း ဖြစ်ခဲ့ဖူးတယ်။ အခု ကျွန်တော်တို့ရဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်းက မနှစ်က April ၁ ရက်နေ့မှာထွက်တယ် တစ်နှစ်အကြာမှာတော့ JOOX မှာ ၂ ပတ်ဆက်တိုက် နံပါတ်တစ် ဖြစ်လာပါပြီ။ အားပေးတဲ့ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ Sai’’  ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းဟာ City FM ၂၇ နှစ်ပြည့် ပွဲမှာ စိုင်းစိုင်း၊ နန္ဒစိုင်း၊ ဂျွန်၊ ဘန်နီဖြိုး၊ ကိကိကျော်ဇော၊ Snare နဲ့ G-Fatt တို့ အဖွဲ့ အတူတူ အားပါးတရ သီဆိုဖျော်ဖြေပြီးနောက်ပိုင်း ပရိသတ်အားပေးမှု ပိုမိုရရှိလာတဲ့သီချင်းဖြစ်ပါတယ်။ အဲဒီနောက် ဒီ သီချင်းလေးရဲ့ MTV ကိုလည်း Animation အမိုက်စားတွေနဲ့ ၇ လ ကြာအောင် ပုံဖော်ခဲ့ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ စိုင်းစိုင်းက ဖြေဆိုထားတာ တွေ့ရပါတယ်။

အခုဆိုရင်တော့ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ လူငယ်ပိုင်းအရွယ်၊ ကလေးအရွယ် တို့ရဲ့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်လို့နေပါပြီ။ သြင်္ကန်မှာလည်း မဏ္ဍာပ်တိုင်း မဏ္ဍာပ်တိုင်းမှာ မပါမဖြစ် ဖွင့်ရတဲ့ သီချင်းဖြစ်ခဲ့ပါသေးတယ်။

အဲဒီနောက် စိုင်းစိုင်းက သူ့ရဲ့ သီချင်းတွေဟာ ထွက်ထွက်ချင်းမှာ အောင်မြင်မှုချက်ချင်းရခဲ့တာ မဟုတ်တဲ့အကြောင်း ပြောပြလာပါတယ်။

‘’ကျွန်တော့်သီချင်းတွေဟာ ထွက်ထွက်ချင်းဘယ်တော့မှ မပေါက်ဘူး အနည်းဆုံးတစ်နှစ်တန်သည်  နှစ်နှစ်တန်သည်စောင့်ခဲ့ရတာချည်းပါပဲ။ ဖေဖော်ဝါရီမှတ်တမ်းထွက်တုန်းက ပထမခြောက်လ တစ်နှစ်နီးပါးလောက် ဘယ်မှသိပ်မရောက်လို့ စိတ်ညစ်နေခဲ့ဖူးတယ်’’ လို့ သူကဆိုပါတယ်။

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top