



Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး၊ အမှတ်(၃)တိုးဂိတ် တိုးဂိတ်ငွေကောက်ခံတဲ့ အခန်းကို ခရီးသည်တင်ယာဉ်တစီးက ဒီနေ့မနက်  ၆ နာရီ ၁၅ မိနစ်လောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို အောင်ဖြိုးမင်း မောင်းနှင်လာတဲ့ ခရီးသည်တင် မှန်လုံယာဉ်က  အရှိန်မထိန်းနိုင်ဘဲ အမှတ် (၃) တိုးဂိတ် LANE 7 ငွေကောက်ခံတဲ့အခန်းကို ဝင်ရောက်တိုက်မိခဲ့တာပါ။

တိုးဂိတ်ငွေကောက်ခံတဲ့ အခန်းအတွင်းရှိ ကျော်ကျော်နိုင် ၁၉ နှစ်မှာ ဒဏ်ရာရခဲ့ပါတယ်။

တိုးဂိတ်အား ဝင်ရောက်တိုက်ခဲ့တဲ့ ယာဉ်မောင်းအောင်ဖြိုးမင်းကို အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top