



# Unicode Version # ဖြင့် ဖတ်ပါ #


ယမန်နှစ်တုန်းက ကမ္ဘာ့ နိုင်ငံပေါင်း ၅၃ နိုင်ငံက လူပေါင်း ၁၁၃ သန်းကျော်လောက် ဆိုးဝါးတဲ့ ဆာလောင်ငတ်မွတ်မှုနဲ့ တွေ့ကြုံခံစားခဲ့ရကြောင်း ကုလသမဂ္ဂက ဧပြီ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ပွဲတွေ၊ ရာသီဥတု ဘေးဒုက္ခဆိုးတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုကို အဓိက ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အာဖရိကဒေသကတော့ အဆိုးဝါးဆုံး ထိခိုက်ခံစားခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သွားပါတယ်။

ယခုလို ယမန်နှစ်က ကမ္ဘာတစ်ဝှမ်း အငတ်ဘေးနဲ့ ကြုံတွေ့ခံစားခဲ့ရတဲ့ စုစုပေါင်း လူဦးရေရဲ့ သုံးချိုးနှစ်ချိုးလောက်ကတော့ နိုင်ငံ ရှစ်နိုင်ငံက ပြည်သူတွေဖြစ်ပြီး ယင်းနိုင်ငံတွေထဲမှာ ယီမင်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့  ပါဝင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ပါတယ်။

အဓိကအားဖြင့် အာဖရိကဒေသတွေက အဆိုးဝါးဆုံး ခံစားခဲ့ရတာဖြစ်ပြီး ယင်း တိုက်က လူပေါင်း ၇၂ သန်းလောက်က ယခုလို ဆိုးရွားတဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ FAO ရဲ့ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှု ဒါရိုက်တာ ဒိုမစ်နစ် ဘော်ဂျွန်က ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top