မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းရွိ သာသနာေရးအတြက္ တင္သြင္းစီးနင္းခြင့္ျပဳထားေသာ RLG (သာသနာေရး) နံပါတ္တပ္ဆင္ထားသည့္ ေမာ္ေတာ္ယာဥ္မ်ားကို ရဟန္းသံဃာမ်ား အမွန္တကယ္ ပိုင္ဆိုင္ျခင္းရွိမရွိ စစ္ေဆးမည္ျဖစ္ေၾကာင္း ယင္းၿမိဳ႕နယ္ သာသနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ဥကၠ႒ ဆရာေတာ္ ဦးဝီဒူရက မိန္႔ၾကားသည္။

“ကိုယ္ေတာ္ပိုင္ကားဟုတ္မဟုတ္ စိစစ္မွာျဖစ္ပါတယ္။ မေတာ္တာတစ္ခုခုျဖစ္လို႔ရွိရင္ ဘုန္းႀကီးေက်ာင္း နံပါတ္နဲ႔ဆိုရင္ ျပႆနာတစ္ခုခုျဖစ္ရင္ ဘုန္ႀကီးတို႔ဆီပဲေရာက္မွာ။ ဒီေတာ့ အလုပ္မ႐ႈပ္ခင္ကတည္းက ရွင္းထားတဲ့သေဘာပါပဲ။ ျပႆနာတက္မွ လိုက္ရွာေနရင္ ခက္ေနမယ္”ဟု ၎က မိန္႔ၾကားသည္။

ပထမျပန္စာေမးပြဲအတြင္း စာေျဖရဟန္း၊ သာမေဏမ်ား သမဏသာ႐ုပၸျဖစ္ေစေရးအတြက္ ၿမိဳ႕နယ္အတြင္း လွည့္လည္စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိရာ RLG (သာသနာေရးနံပါတ္) နံပါတ္ေမာ္ေတာ္ယာဥ္မ်ားတြင္ ရဟန္း၊ သာမေဏမ်ား လုံးဝမပါၾကဘဲ လူပုဂၢိဳလ္မ်ားသာ စီးနင္းအသုံးျပဳေနသည္ကို ေတြ႔ျမင္ေနရေၾကာင္း ခ်မ္းေအးသာစံၿမိဳ႕နယ္၊ သာသနာေတာ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔မွ ဆရာေတာ္အခ်ိဳ႕က မိန္႔ၾကားသည္။

ဧၿပီလ ၄ ရက္ေန႔မွစတင္ၿပီး အဆုိပါယာဥ္မ်ားကို ေစာင့္ၾကည့္စစ္ေဆးျခင္းမ်ား ျပဳလုပ္မည္ျဖစ္ၿပီး သာသနာေရးမွတ္ပုံတင္ နံပါတ္ကားမ်ားကို ရဟန္း၊ သာမေဏမ်ားပိုင္ဆိုင္မႈမရွိဘဲ လူပုဂၢိဳလ္မ်ားမွ ပုိင္ဆိုင္ေၾကာင္းေတြ႔ရပါက အေရးယူျခင္းမ်ားကို ၿမိဳ႕နယ္သံဃနာယကအဖြဲ႔၏ ၫႊန္ၾကားခ်က္အတိုင္း ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ခ်မ္းေအးသာစံၿမိဳ႕နယ္၊ သာသနာေတာ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ထံမွ သိရသည္။

RLG (သာသနာေရးနံပါတ္) နံပါတ္ေမာ္ေတာ္ယာဥ္မ်ားကုိ ရဟန္း၊ သံဃာမ်ား အထူးသျဖင့္ ေက်ာင္းထုိင္မ်ားအတြက္ စီးနင္းရန္ အစုိးရက အခြန္ကင္းလြတ္ခြင့္မ်ားေပး၍ ျပည္ပမွ တင္သြင္းစီးနင္းခြင့္ျပဳလ်က္ရွိသည္။ ထုိ႔ေၾကာင့္ ကားေဈးကြက္အတြင္း ယင္းနံပါတ္မ်ားကို လုိက္လံဝယ္ယူသည့္ ေဈးကြက္ ယခင္က ရွိခဲ့ၿပီး ယခုေနာက္ပိုင္း တျဖည္းျဖည္း ေပ်ာက္ကြယ္လာခဲ့ျခင္းျဖစ္ေၾကာင္း ကားဝယ္ေရာင္းမ်ားထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice Daily

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သာသနာရေးအတွက် တင်သွင်းစီးနင်းခွင့်ပြုထားသော RLG (သာသနာရေး) နံပါတ်တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို ရဟန်းသံဃာများ အမှန်တကယ် ပိုင်ဆိုင်ခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း ယင်းမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝီဒူရက မိန့်ကြားသည်။

“ကိုယ်တော်ပိုင်ကားဟုတ်မဟုတ် စိစစ်မှာဖြစ်ပါတယ်။ မတော်တာတစ်ခုခုဖြစ်လို့ရှိရင် ဘုန်းကြီးကျောင်း နံပါတ်နဲ့ဆိုရင် ပြဿနာတစ်ခုခုဖြစ်ရင် ဘုန်ကြီးတို့ဆီပဲရောက်မှာ။ ဒီတော့ အလုပ်မရှုပ်ခင်ကတည်းက ရှင်းထားတဲ့သဘောပါပဲ။ ပြဿနာတက်မှ လိုက်ရှာနေရင် ခက်နေမယ်”ဟု ၎င်းက မိန့်ကြားသည်။

ပထမပြန်စာမေးပွဲအတွင်း စာဖြေရဟန်း၊ သာမဏေများ သမဏသာရုပ္ပဖြစ်စေရေးအတွက် မြို့နယ်အတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ RLG (သာသနာရေးနံပါတ်) နံပါတ်မော်တော်ယာဉ်များတွင် ရဟန်း၊ သာမဏေများ လုံးဝမပါကြဘဲ လူပုဂ္ဂိုလ်များသာ စီးနင်းအသုံးပြုနေသည်ကို တွေ့မြင်နေရကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်အချို့က မိန့်ကြားသည်။

ဧပြီလ ၄ ရက်နေ့မှစတင်ပြီး အဆိုပါယာဉ်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး သာသနာရေးမှတ်ပုံတင် နံပါတ်ကားများကို ရဟန်း၊ သာမဏေများပိုင်ဆိုင်မှုမရှိဘဲ လူပုဂ္ဂိုလ်များမှ ပိုင်ဆိုင်ကြောင်းတွေ့ရပါက အရေးယူခြင်းများကို မြို့နယ်သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

RLG (သာသနာရေးနံပါတ်) နံပါတ်မော်တော်ယာဉ်များကို ရဟန်း၊ သံဃာများ အထူးသဖြင့် ကျောင်းထိုင်များအတွက် စီးနင်းရန် အစိုးရက အခွန်ကင်းလွတ်ခွင့်များပေး၍ ပြည်ပမှ တင်သွင်းစီးနင်းခွင့်ပြုလျက်ရှိသည်။ ထို့ကြောင့် ကားဈေးကွက်အတွင်း ယင်းနံပါတ်များကို လိုက်လံဝယ်ယူသည့် ဈေးကွက် ယခင်က ရှိခဲ့ပြီး ယခုနောက်ပိုင်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ခြင်းဖြစ်ကြောင်း ကားဝယ်ရောင်းများထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Voice Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top