ယခုေခတ္ လူသားေတြဟာ ရာသီဥတု ေျပာင္းလဲမႈဒဏ္ကို ဆိုးဆိုးဝါးဝါး ခံစားေနရပါတယ္။ ဒါေၾကာင့္လည္း ရာသီဥတု ေျပာင္းလဲမႈဒဏ္ကို ခံႏိုင္ရည္ရွိဖို႔ နည္းမ်ိဳးစုံ ႀကံဆလာၾကပါတယ္။

အခုလည္း တ႐ုတ္ႏိုင္ငံဟာ ရာသီဥတု ေျပာင္းလဲမႈဒဏ္ကို တနည္းတဖုံ ခံႏိုင္ရည္ရွိေအာင္ “သစ္ေတာၿမိဳ႕ေတာ္”လို႔ အမည္ေပးထားတဲ့ စီမံကိန္းတခုကို အေကာင္အထည္ေဖာ္ ေဆာက္လုပ္ေနပါတယ္။ တ႐ုတ္ႏိုင္ငံလိုပဲ မေလးရွားႏိုင္ငံကလည္း “သစ္ေတာၿမိဳ႕ေတာ္” စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာက္လုပ္ေနပါတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ ကမာၻႀကီးပူေႏြးလာမႈနဲ႔ ေလထုညစ္ညမ္းမႈကို ကာကြယ္ႏိုင္ဖို႔ ကမာၻ႔ပထမဆုံး သစ္ေတာၿမိဳ႕ေတာ္ကို ေဆာက္လုပ္ေနၿပီး ဒီ သစ္ေတာၿမိဳ႕ေတာ္ကိုေတာ့ သစ္ေတာေတြ သစ္ပင္ေတြက ဝန္းရံထားပါတယ္။

သစ္ေတာၿမိဳ႕ေတာ္ဟာ လူ ၃၀,၀၀၀ ေနထိုင္ႏိုင္မွာျဖစ္သလို ဟိုတယ္ေတြနဲ႔အတူ ေဆး႐ုံ တ႐ုံ၊ ေက်ာင္းတေက်ာင္းလည္း ပါဝင္ပါတယ္။ အဲဒီအရာေတြ အားလုံးကိုေတာ့ သစ္ပင္ေပါင္း ၄၀,၀၀၀ နဲ႔ အျခားအပင္မ်ိဳးစိတ္ေပါင္း ၁ သန္း ေလာက္က ဝန္းရံထားပါတယ္။

သစ္ေတာၿမိဳ႕ေတာ္မွာ စိုက္ပ်ိဳးထားတဲ့ အပင္ေတြက တႏွစ္ကို ပ်မ္းမွ် ကာဗြန္ဒိုင္ေအာက္ဆိုဒ္ တန္ခ်ိန္ ၁၀,၀၀၀ နဲ႔ ေလထုညစ္ညမ္းမႈ တန္ခ်ိန္ ၅၇ တန္ကို စုပ္ယူႏိုင္မွာျဖစ္ၿပီး ေအာက္ဆီဂ်င္ တန္ခ်ိန္ ၉၀၀ ကို ျပန္လည္ ထုတ္လုပ္ေပးပါလိမ့္မယ္။

သစ္ေတာၿမိဳ႕ေတာ္ဟာ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ၊ Liuzhou ေျမာက္ဘက္က ေတာေတာင္ ထူထပ္တဲ့ Guangxi ေဒသမွာ တည္ေဆာက္ထားတာျဖစ္ၿပီး ၁၇၅ ဟက္တာ (၄၃၁ ဒႆမ ၄၃၄ ဧက) အက်ယ္အဝန္းရွိပါတယ္။ ဒီ သစ္ေတာၿမိဳ႕ေတာ္ အတြင္းမွာဆိုရင္ေတာ့ စီးပြားေရးလုပ္ငန္းေတြကို လုပ္ေဆာင္ႏိုင္မွာျဖစ္သလို အနားယူ အပန္းေျဖလို႔ရတဲ့ ေနရာေတြကိုလည္း စီစဥ္ထားပါတယ္။

ဒီ သစ္ေတာၿမိဳ႕ေတာ္ ဒီဇိုင္းကိုေတာ့ ဗိသုကာပညာရွင္ Stefano Boeri Architetti က ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ ေဆာက္လုပ္ေရး တာဝန္ယူထားတဲ့ ကုမၸဏီရဲ႕ အေျပာအရဆိုရင္ သစ္ေတာ္ၿမိဳ႕ေတာ္ဟာ ဆူညံသံေတြကို ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္သလို ေလထုအပူခ်ိန္ကိုလည္း ေလွ်ာ့ခ်ေပးႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ပိုမိုေကာင္းမြန္တဲ့ အခ်က္ကေတာ့ ေက်းငွက္ တိရစာၦန္ေတြနဲ႔ ေသးငယ္တဲ့ ဇီဝမ်ိဳးကြဲ အမ်ိဳးမ်ိဳးကိုလည္း အေထာက္အပံ့ေပးႏိုင္မယ္လို႔ ဆိုပါတယ္။ ဒီစီမံကိန္းကိုေတာ့ ၂၀၂၁ ခုႏွစ္မွာ ၿပီးဆုံးမယ္လို႔ ခန႔္မွန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Irrawaddy

#Unicode Version# ျဖင့္ဖတ္ပါ ။

ယခုခေတ် လူသားတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ ဒါကြောင့်လည်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ နည်းမျိုးစုံ ကြံဆလာကြပါတယ်။

အခုလည်း တရုတ်နိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို တနည်းတဖုံ ခံနိုင်ရည်ရှိအောင် “သစ်တောမြို့တော်”လို့ အမည်ပေးထားတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော် ဆောက်လုပ်နေပါတယ်။ တရုတ်နိုင်ငံလိုပဲ မလေးရှားနိုင်ငံကလည်း “သစ်တောမြို့တော်” စီမံကိန်းကို အကောင်အထည်ဖော် ဆောက်လုပ်နေပါတယ်။

တရုတ်နိုင်ငံကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်ကို ဆောက်လုပ်နေပြီး ဒီ သစ်တောမြို့တော်ကိုတော့ သစ်တောတွေ သစ်ပင်တွေက ဝန်းရံထားပါတယ်။

သစ်တောမြို့တော်ဟာ လူ ၃၀,၀၀၀ နေထိုင်နိုင်မှာဖြစ်သလို ဟိုတယ်တွေနဲ့အတူ ဆေးရုံ တရုံ၊ ကျောင်းတကျောင်းလည်း ပါဝင်ပါတယ်။ အဲဒီအရာတွေ အားလုံးကိုတော့ သစ်ပင်ပေါင်း ၄၀,၀၀၀ နဲ့ အခြားအပင်မျိုးစိတ်ပေါင်း ၁ သန်း လောက်က ဝန်းရံထားပါတယ်။

သစ်တောမြို့တော်မှာ စိုက်ပျိုးထားတဲ့ အပင်တွေက တနှစ်ကို ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၁၀,၀၀၀ နဲ့ လေထုညစ်ညမ်းမှု တန်ချိန် ၅၇ တန်ကို စုပ်ယူနိုင်မှာဖြစ်ပြီး အောက်ဆီဂျင် တန်ချိန် ၉၀၀ ကို ပြန်လည် ထုတ်လုပ်ပေးပါလိမ့်မယ်။

သစ်တောမြို့တော်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ၊ Liuzhou မြောက်ဘက်က တောတောင် ထူထပ်တဲ့ Guangxi ဒေသမှာ တည်ဆောက်ထားတာဖြစ်ပြီး ၁၇၅ ဟက်တာ (၄၃၁ ဒဿမ ၄၃၄ ဧက) အကျယ်အဝန်းရှိပါတယ်။ ဒီ သစ်တောမြို့တော် အတွင်းမှာဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်သလို အနားယူ အပန်းဖြေလို့ရတဲ့ နေရာတွေကိုလည်း စီစဉ်ထားပါတယ်။

ဒီ သစ်တောမြို့တော် ဒီဇိုင်းကိုတော့ ဗိသုကာပညာရှင် Stefano Boeri Architetti က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး တာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့ အပြောအရဆိုရင် သစ်တော်မြို့တော်ဟာ ဆူညံသံတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို လေထုအပူချိန်ကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်ကတော့ ကျေးငှက် တိရစ္ဆာန်တွေနဲ့ သေးငယ်တဲ့ ဇီဝမျိုးကွဲ အမျိုးမျိုးကိုလည်း အထောက်အပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကိုတော့ ၂၀၂၁ ခုနှစ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top